အိမ်တိုင်း ခြံစည်းရိုးမခတ်ထားသလို အုပ်ချုပ်ရေးမှူးမရှိ ရာဇဝတ်မှုလုံးဝမရှိတဲ့ မြန်မာနိုင်ငံအတွင်းကရွာလေ

အိမ်တိုင်းခြံစည်းရိုးမခတ်ထားသလို အုပ်ချုပ်ရေးမှူးမရှိ ရာဇဝတ်မှုလုံးဝမရှိတဲ့ မြန်မာနိုင်ငံအတွင်းကရွာလေး

လူတိုင်းခရီးသွားကြပါတယ်။ ဒါပေမယ့်ဒီနေရာကိုတော့ရောက်ဖူးသူနည်းကြမှာပါမြန်မာနိုင်ငံမှာရာဇဝတ်မှုမရှိရပ်ကွက်အုပ်ချုပ်ရေမှုးမရှိတည်ငြိမ်အေးချမ်းတဲ့ရွာလေးတစ်ရွာရှိတယ်ဆို ရင်အံဩမိကြမှာပါပိုပြီးထူးခြားတဲ့အချက်တွေကအိမ်တိုင်းမှာခြံစည်းရိုးမရှိမခတ်ထားတာပါပဲ။

သူခိုးဓားပြလည်းမရှိပါဘူးကိုယ်ကိုယ်တိုင်ကကိုယ့်ရွာရဲ့ခေါင်းဆောင်ဆိုပြီးခံယူထား ကြပါတယ်နောက်ပြီးရွာအတွင်းစီးပွားရေးလုပ်ခွင့်မရှိတာပါပဲဘာကုန်ပစ္စည်းဆိုင်မှမရှိတာပါစီးပွားရေးကိုတော့ရွာအပြင်မှာပဲထွက်ပြီးစီးပွားရှာကြပါတယ်မြို့နဲ့လည်းသိပ်မဝေးတော့

အဆင်ပြေတာပေါ့ဒီရွာရဲ့အထူးနာမည်ကြီးတာကတော့တိတ်ဆိတ်အေးချမ်းခြင်းပါပဲကရင်လူမျိုးတွေ၊မျိုးနွယ်ပေါင်းစုံစုဝေးနေထိုင်တဲ့ရွာလေးတစ်ရွာလည်းဖြစ်ပါတယ်ဒီရွာကို တည်စက ထမင်းမစားရေမသောက်ဘဲ ပင်ပင်ပန်းပန်းနဲ့တည်ခဲ့ရတယ်လို့အိမ်ရှင်အဘိုးတစ်ယောက်ပြောပြလို့သိခဲ့ရပါတယ်။

ရွာအတွင်းကလူတွေဟာလည်းရိုးသားဖြူစင်ကြပါတယ်။တစ်ယောက်ကိုတစ်ယောက်ကူညီရိုင်းပင်းရင်းမိမိရွာကိုထိန်သိမ်းစောင့်ရှောက်နေကြတာပဲဖြစ်ပါတယ်အိမ်ခြေအားဖြင့်၅၀ကျော်ခန့်ဧကအနည်းငယ်သာကျယ်ဝန်းတဲ့ဒီရွာ

ကလေးကတော့ကရင်ပြည်နယ်ဘားအံမြို့အနီးဇွဲကပင်တောင်ခြေမှာတည်ရှိတဲ့မွန့်စရီးဆိုတဲ့ကျေးရွာလေးပဲဖြစ်ပါတယ်

Credit peter SutNau

———-

အိမ္တိုင္းၿခံစည္း႐ိုးမခတ္ထားသလို အုပ္ခ်ဳပ္ေရးမႉးမရွိ ရာဇဝတ္မႈလုံးဝမရွိတဲ့ ျမန္မာႏိုင္ငံအတြင္းက႐ြာေလး

လူတိုင္းခရီးသြားၾကပါတယ္။ ဒါေပမယ့္ဒီေနရာကိုေတာ့ေရာက္ဖူးသူနည္းၾကမွာပါျမန္မာႏိုင္ငံမွာရာဇဝတ္မႈမရွိရပ္ကြက္အုပ္ခ်ဳပ္ေရမႈးမရွိတည္ၿငိမ္ေအးခ်မ္းတဲ့႐ြာေလးတစ္႐ြာရွိတယ္ဆို ရင္အံဩမိၾကမွာပါပိုၿပီးထူးျခားတဲ့အခ်က္ေတြကအိမ္တိုင္းမွာၿခံစည္း႐ိုးမရွိမခတ္ထားတာပါပဲ။

သူခိုးဓားျပလည္းမရွိပါဘူးကိုယ္ကိုယ္တိုင္ကကိုယ့္႐ြာရဲ႕ေခါင္းေဆာင္ဆိုၿပီးခံယူထား ၾကပါတယ္ေနာက္ၿပီး႐ြာအတြင္းစီးပြားေရးလုပ္ခြင့္မရွိတာပါပဲဘာကုန္ပစၥည္းဆိုင္မွမရွိတာပါစီးပြားေရးကိုေတာ့႐ြာအျပင္မွာပဲထြက္ၿပီးစီးပြားရွာၾကပါတယ္ၿမိဳ႕နဲ႔လည္းသိပ္မေဝးေတာ့

အဆင္ေျပတာေပါ့ဒီ႐ြာရဲ႕အထူးနာမည္ႀကီးတာကေတာ့တိတ္ဆိတ္ေအးခ်မ္းျခင္းပါပဲကရင္လူမ်ိဳးေတြ၊မ်ိဳးႏြယ္ေပါင္းစုံစုေဝးေနထိုင္တဲ့႐ြာေလးတစ္႐ြာလည္းျဖစ္ပါတယ္ဒီ႐ြာကို တည္စက ထမင္းမစားေရမေသာက္ဘဲ ပင္ပင္ပန္းပန္းနဲ႔တည္ခဲ့ရတယ္လို႔အိမ္ရွင္အဘိုးတစ္ေယာက္ေျပာျပလို႔သိခဲ့ရပါတယ္။

႐ြာအတြင္းကလူေတြဟာလည္း႐ိုးသားျဖဴစင္ၾကပါတယ္။တစ္ေယာက္ကိုတစ္ေယာက္ကူညီ႐ိုင္းပင္းရင္းမိမိ႐ြာကိုထိန္သိမ္းေစာင့္ေရွာက္ေနၾကတာပဲျဖစ္ပါတယ္အိမ္ေျခအားျဖင့္၅၀ေက်ာ္ခန႔္ဧကအနည္းငယ္သာက်ယ္ဝန္းတဲ့ဒီ႐ြာ

ကေလးကေတာ့ကရင္ျပည္နယ္ဘားအံၿမိဳ႕အနီးဇြဲကပင္ေတာင္ေျခမွာတည္ရွိတဲ့မြန႔္စရီးဆိုတဲ့ေက်း႐ြာေလးပဲျဖစ္ပါတယ္

Credit peter SutNau