
ထောင်ထဲကလူတွေ ဆန္ဒပြကြတယ်ဆိုတာ ခက်ခဲလွန်းလို့ ပြကြတာပါ။တော်ရုံနဲ့ မလုပ်ကြပါဘူး။ ထွက်ပြေးစရာမြေဆိုလို့ တစ်လက်မတောင်မရှိပါဘူး။
ဦးဆောင်သူတွေရော ပါဝင်သူတွေရောအားလုံးဟာ ကိုယ့်အသက်ကို မငဲ့ပဲရင်းပြီးတိုက်ပွဲဝင်ကြတာပါ။
ဒါကြောင့် အခုအချိန် အင်းစိန်ထောင်မှာ တိုက်ပွဲဝင် ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဘယ်လောက်ထိ ဖိနှိပ်မှု့တွေ မွန်းကျပ်မှု တွေခံစားနေရပြီး မခံမရပ်နိုင်ဖြစ်နေကြလဲဆိုတာ အလွယ် တကူ မှန်းဆကြည့်နိုင်ပါတယ်။
ထောင်တွင်း ကိုဗစ်ကပ်ရောဂါ ဖြစ်ပွါးကူးစက်မှု့ အရမ်းပြင်းထန်လာလို့ မခံမရပ်နိုင်ပဲ တိုက်ပွဲဝင်ရတာဖြစ်ဖို့များပါတယ်။
ထောင်အပြင်က ပြည်သူတွေကိုတောင် ထိထိရောက်ရောက် မကုပေးနိုင် မစီစဉ်ပေးနိုင် စေတနာမထားနိုင်တဲ့ စစ်ကောင်စီဟာ ထောင်တွင်းနိုင်ငံရေးအကျဉ်းသားအပါဝင် အကျဉ်းသားအားလုံးကို ဘယ်လိုမှ ကုသပေးကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။
မတွေးဝံ့လောက်အောင် အသက်ဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသက်ဘေးမငဲ့ပဲ ဆန္ဒပြနေကြတာဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဆန္ဒပြနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထပ်တူထပ်မျှရပ်တည်ပါတယ်။ နိုင်ငံရေး အကျဉ်းသားများတောင်းဆိုချက်ကို လိုက်လျှောပေးပါ။ အိုင်စီအာစီ အပါအဝင် နိုင်ငံတကာ အဖွဲ့စည်းများနဲ့ နိုင်ငံတကာမိသားစုများအားလုံးက အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ ကိုကာကွယ်ကူညီပေးကြပါလို့ တိုက်တွန်းတောင်းဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားများအားလုံး ရဲ့နောက်ဆက်တွဲ အကျိုးဆက်များအားလုံးဟာ စစ်ကောင်စီရဲ့တာဝန်သာဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးပါ လို့တောင်းဆိုပါတယ်။
ထောင်တွင်းတိုက်ပွဲဝင်တောင်းဆိုနေတဲ့ ရဲဘော်များအားလုံးကို လေးစားဦးညွှတ်ပါတယ်။ဘေးကင်း ကျန်းမာပြီး အောင်ပွဲနဲ့အတူ အမြန်ဆုံးပြန်လည်လွတ်မြောက်ကြပါစေ။
– နိုင်ငံရေးအကျဉ်းသားများအားလုံးကို ကိုဗစ်နဲ့သတ်ဖို့ မကြိုးစားပါနဲ့။
– မတရားဖမ်းဆီးထားသောနိုင်ငံရေးအကျဉ်းသား၅ထောင်ကျော်ကိုချက်ခြင်းလွှတ်ပေးပါ
Source – May Thingyan Hein-Myitmakha
———-
ေထာင္ထဲကလူေတြ ဆႏၵျပၾကတယ္ဆိုတာ ခက္ခဲလြန္းလို႔ ျပၾကတာပါ။ေတာ္႐ုံနဲ႔ မလုပ္ၾကပါဘူး။ ထြက္ေျပးစရာေျမဆိုလို႔ တစ္လက္မေတာင္မရွိပါဘူး။
ဦးေဆာင္သူေတြေရာ ပါဝင္သူေတြေရာအားလုံးဟာ ကိုယ့္အသက္ကို မငဲ့ပဲရင္းၿပီးတိုက္ပြဲဝင္ၾကတာပါ။
ဒါေၾကာင့္ အခုအခ်ိန္ အင္းစိန္ေထာင္မွာ တိုက္ပြဲဝင္ ဆႏၵျပေနတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြဟာ ဘယ္ေလာက္ထိ ဖိႏွိပ္မႈ႕ေတြ မြန္းက်ပ္မႈ ေတြခံစားေနရၿပီး မခံမရပ္ႏိုင္ျဖစ္ေနၾကလဲဆိုတာ အလြယ္ တကူ မွန္းဆၾကည့္ႏိုင္ပါတယ္။
ေထာင္တြင္း ကိုဗစ္ကပ္ေရာဂါ ျဖစ္ပြါးကူးစက္မႈ႕ အရမ္းျပင္းထန္လာလို႔ မခံမရပ္ႏိုင္ပဲ တိုက္ပြဲဝင္ရတာျဖစ္ဖို႔မ်ားပါတယ္။
ေထာင္အျပင္က ျပည္သူေတြကိုေတာင္ ထိထိေရာက္ေရာက္ မကုေပးႏိုင္ မစီစဥ္ေပးႏိုင္ ေစတနာမထားႏိုင္တဲ့ စစ္ေကာင္စီဟာ ေထာင္တြင္းႏိုင္ငံေရးအက်ဥ္းသားအပါဝင္ အက်ဥ္းသားအားလုံးကို ဘယ္လိုမွ ကုသေပးကာကြယ္ေပးႏိုင္မွာမဟုတ္ပါဘူး။
မေတြးဝံ့ေလာက္ေအာင္ အသက္ဆုံးရႈံးမႈေတြျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ အသက္ေဘးမငဲ့ပဲ ဆႏၵျပေနၾကတာျဖစ္ႏိုင္ပါတယ္။
ဒါေၾကာင့္ ဆႏၵျပေနၾကတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြနဲ႔ ထပ္တူထပ္မွ်ရပ္တည္ပါတယ္။ ႏိုင္ငံေရး အက်ဥ္းသားမ်ားေတာင္းဆိုခ်က္ကို လိုက္ေလွ်ာေပးပါ။ အိုင္စီအာစီ အပါအဝင္ ႏိုင္ငံတကာ အဖြဲ႕စည္းမ်ားနဲ႔ ႏိုင္ငံတကာမိသားစုမ်ားအားလုံးက အက်ဥ္းေထာင္တြင္း ႏိုင္ငံေရးအက်ဥ္းသားမ်ား ကိုကာကြယ္ကူညီေပးၾကပါလို႔ တိုက္တြန္းေတာင္းဆိုပါတယ္။
ႏိုင္ငံေရး အက်ဥ္းသားမ်ားအားလုံး ရဲ႕ေနာက္ဆက္တြဲ အက်ိဳးဆက္မ်ားအားလုံးဟာ စစ္ေကာင္စီရဲ႕တာဝန္သာျဖစ္ပါတယ္။ ႏိုင္ငံေရးအက်ဥ္းသားအားလုံးကို ခြၽင္းခ်က္မရွိ အျမန္ဆုံးျပန္လႊတ္ေပးပါ လို႔ေတာင္းဆိုပါတယ္။
ေထာင္တြင္းတိုက္ပြဲဝင္ေတာင္းဆိုေနတဲ့ ရဲေဘာ္မ်ားအားလုံးကို ေလးစားဦးၫႊတ္ပါတယ္။ေဘးကင္း က်န္းမာၿပီး ေအာင္ပြဲနဲ႔အတူ အျမန္ဆုံးျပန္လည္လြတ္ေျမာက္ၾကပါေစ။
– ႏိုင္ငံေရးအက်ဥ္းသားမ်ားအားလုံးကို ကိုဗစ္နဲ႔သတ္ဖို႔ မႀကိဳးစားပါနဲ႔။
– မတရားဖမ္းဆီးထားေသာႏိုင္ငံေရးအက်ဥ္းသား၅ေထာင္ေက်ာ္ကိုခ်က္ျခင္းလႊတ္ေပးပါ
Source – May Thingyan Hein-Myitmakha