လက်ထိပ်ခတ်လျက် NLDပါတီဝင် ဦးဉာဏ်ဝင်း၏ ရုပ်ကလာပ်

လက်ထိပ်ခတ်လျက်NLDပါတီဝင် ဦးဉာဏ်ဝင်း၏ရုပ်ကလာပ်

စစ်ကောင်စီလက်အောက် ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ ဒီကနေ့ ဇူလိုင် ၂၀ ရက်နေ့ မနက် ၉ နာရီကျော်က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ အာမခံလျှောက်ထားခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး နောက်တစ်ကြိမ် ထပ်မံလျှောက်ဖို့ ပြင်ဆင်နေချိန်မှာပဲ ကိုဗစ်ကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

မကွယ်လွန်ခင်မှာ အိမ်ပြန်ချင်ကြောင်း မကြာခဏပြောခဲ့တယ်လို့ ဦးဉာဏ်ဝင်းရှေ့နေဖြစ်တဲ့ ဒေါ်စန်းမာလာညွန့်က ဘီဘီစီကိုပြောပါတယ်။

ဦးဉာဏ်ဝင်း မကွယ်လွန်ခင်ရက်ပိုင်းက ဆေးကုသမှုခံခဲ့တဲ့အခြေအနေတွေနဲ့ သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေတဲ့အကြောင်းတွေနဲ့ ပတ်သက်ပြီး ရှေ့နေဒေါ်စန်းမာလာညွန့် ဘီဘီစီကဆက်သွယ်မေးမြန်းထားပါတယ်။

ဘီဘီစီမြန်မာပိုင်း

———-

လက္ထိပ္ခတ္လ်က္NLDပါတီဝင္ ဦးဉာဏ္ဝင္း၏႐ုပ္ကလာပ္

စစ္ေကာင္စီလက္ေအာက္ ဖမ္းဆီးတရားစြဲဆိုခံထားရတဲ့ NLD ပါတီ ထိပ္ပိုင္းေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ဦးဉာဏ္ဝင္းဟာ ဒီကေန႔ ဇူလိုင္ ၂၀ ရက္ေန႔ မနက္ ၉ နာရီေက်ာ္က ရန္ကုန္ေဆး႐ုံႀကီးမွာ ကြယ္လြန္သြားခဲ့ၿပီျဖစ္ပါတယ္။

အသက္ ၇၉ ႏွစ္ရွိၿပီျဖစ္တဲ့ ဦးဉာဏ္ဝင္းဟာ အာမခံေလွ်ာက္ထားခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရၿပီး ေနာက္တစ္ႀကိမ္ ထပ္မံေလွ်ာက္ဖို႔ ျပင္ဆင္ေနခ်ိန္မွာပဲ ကိုဗစ္ကူးစက္ခံရၿပီး ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။

မကြယ္လြန္ခင္မွာ အိမ္ျပန္ခ်င္ေၾကာင္း မၾကာခဏေျပာခဲ့တယ္လို႔ ဦးဉာဏ္ဝင္းေရွ႕ေနျဖစ္တဲ့ ေဒၚစန္းမာလာၫြန႔္က ဘီဘီစီကိုေျပာပါတယ္။

ဦးဉာဏ္ဝင္း မကြယ္လြန္ခင္ရက္ပိုင္းက ေဆးကုသမႈခံခဲ့တဲ့အေျခအေနေတြနဲ႔ သၿဂႋဳဟ္ဖို႔ ျပင္ဆင္ေနတဲ့အေၾကာင္းေတြနဲ႔ ပတ္သက္ၿပီး ေရွ႕ေနေဒၚစန္းမာလာၫြန႔္ ဘီဘီစီကဆက္သြယ္ေမးျမန္းထားပါတယ္။

ဘီဘီစီျမန္မာပိုင္း