NUG အစိုးရကို အသိအမှတ်ပြုရေး လက်မှတ် ၁ သိန်း စုဆောင်းနေ၊ ပါဝင်လက်မှတ်ထိုးကြပါ

NUG အစိုးရကို နယူးဇီလန်အစိုးရက အသိအမှတ်ပြုရေး လက်မှတ် ၁ သိန်း စုဆောင်းနေ၊ ပါဝင်လက်မှတ်ထိုးကြရန် နှိုးဆော်

Democracy for Myanmar အဖွဲ့က ဦးဆောင်ပြီး မြန်မာနိုင်ငံ အမျိုးသားညီညွတ်​ရေး အစိုးရ (NUG) ကို နယူးဇီလန်အစိုးရက တရား၀င် အသိမှတ်ပြု ဆက်ဆံရေးလုပ်ဆောင်ရန် အွန်လိုင်း လက်မှတ်ထိုးပွဲကို ဇူလိုင် ၉ ရက်နေ့ နယူးဇီလန် ပါလီမန် အင်တာနက် စာမျက်နှာတွင် တင်ခဲ့ပြီး ပြည်သူများ ပါဝင်လက်မှတ်ရေးထိုးကြရန် နှိုးဆော်ထားသည်။

အဆိုပါ လက်မှတ်ကောက်ခံခြင်းကို သြဂုတ်လ ၉ရက် ၂၀၂၁ ခုနှစ်မှာ ပိတ်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ကို တရား၀င် အသိမှတ်ပြုရေးအတွက် လိုအပ်ချက် လက်မှတ်ပေါင်းသတ်မှတ်ထားခြင်း မရှိသော်လည်း လက်မှတ်ပေါင်း ၁ သိန်း နှင့် အထက်ရမှသာ ပါလီမန်က ဦးစားပေးအဖြစ် ပိုစဥ်းစားပေးနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

နယူးဇီလန် ပါလီမန် အင်တာနက် စာမျက်နှာသည် လက်မှတ်ထိုးသူများရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များဖြစ်တဲ့ နာမည်နဲ့ အီမေးလိပ်စာများကို အများပြည်သူ သိအောင် ဖော်ပြမည် မဟုတ်ကြောင်း၊ စိတ်၀င်စားပါက မည်သည့်နိုင်ငံသားမဆို အောက်ပါ အင်တာနက် စာမျက်နှာမှာ သွားရောက် လက်မှတ်ရေးထိုးခြင်းဖြင့် ပါဝင်ကူညီပေးကြစေလိုကြောင်း ဖော်ပြထားသည်။

လက်မှတ်ထိုးနည်း

၁. အောက်ပါ အင်တာနက် လိပ်စာကိုသွားပါ၊၊
https://www.parliament.nz/…/petition-of-democracy-for…

၂. ပုံပါ အတိုင်း “Sign Petition” ကို နှိပ်ပါ၊၊

၃. ပထမနာမည်၊ မိသားစုနာမည်၊ အီးမးနဲ့ ကိုယ်ရေးအချက်အလက်များကို သဘောတူကြောင်း ပုံပါ အတိုင်း ဖြည့်ပါ၊၊

၄. “Sign Petition” ကို နှိပ်ပါ၊၊

————–

NUG အစိုးရကို နယူးဇီလန္အစိုးရက အသိအမွတ္ျပဳေရး လက္မွတ္ ၁ သိန္း စုေဆာင္းေန၊ ပါဝင္လက္မွတ္ထိုးၾကရန္ ႏႈိးေဆာ္

Democracy for Myanmar အဖြဲ႕က ဦးေဆာင္ၿပီး ျမန္မာႏိုင္ငံ အမ်ိဳးသားညီၫြတ္​ေရး အစိုးရ (NUG) ကို နယူးဇီလန္အစိုးရက တရား၀င္ အသိမွတ္ျပဳ ဆက္ဆံေရးလုပ္ေဆာင္ရန္ အြန္လိုင္း လက္မွတ္ထိုးပြဲကို ဇူလိုင္ ၉ ရက္ေန႔ နယူးဇီလန္ ပါလီမန္ အင္တာနက္ စာမ်က္ႏွာတြင္ တင္ခဲ့ၿပီး ျပည္သူမ်ား ပါဝင္လက္မွတ္ေရးထိုးၾကရန္ ႏႈိးေဆာ္ထားသည္။

အဆိုပါ လက္မွတ္ေကာက္ခံျခင္းကို ၾသဂုတ္လ ၉ရက္ ၂၀၂၁ ခုႏွစ္မွာ ပိတ္သြားမည္ ျဖစ္ၿပီး ျမန္မာႏိုင္ငံ အမ်ိဳးသားညီၫြတ္​ေရးအစိုးရ (NUG) ကို တရား၀င္ အသိမွတ္ျပဳေရးအတြက္ လိုအပ္ခ်က္ လက္မွတ္ေပါင္းသတ္မွတ္ထားျခင္း မရွိေသာ္လည္း လက္မွတ္ေပါင္း ၁ သိန္း ႏွင့္ အထက္ရမွသာ ပါလီမန္က ဦးစားေပးအျဖစ္ ပိုစဥ္းစားေပးႏိုင္မည္ ျဖစ္ေၾကာင္း သိရွိရသည္။

နယူးဇီလန္ ပါလီမန္ အင္တာနက္ စာမ်က္ႏွာသည္ လက္မွတ္ထိုးသူမ်ားရဲ႕ ကိုယ္ေရးကိုယ္တာ အခ်က္အလက္မ်ားျဖစ္တဲ့ နာမည္နဲ႔ အီေမးလိပ္စာမ်ားကို အမ်ားျပည္သူ သိေအာင္ ေဖာ္ျပမည္ မဟုတ္ေၾကာင္း၊ စိတ္၀င္စားပါက မည္သည့္ႏိုင္ငံသားမဆို ေအာက္ပါ အင္တာနက္ စာမ်က္ႏွာမွာ သြားေရာက္ လက္မွတ္ေရးထိုးျခင္းျဖင့္ ပါဝင္ကူညီေပးၾကေစလိုေၾကာင္း ေဖာ္ျပထားသည္။

လက္မွတ္ထိုးနည္း

၁. ေအာက္ပါ အင္တာနက္ လိပ္စာကိုသြားပါ၊၊
https://www.parliament.nz/…/petition-of-democracy-for…

၂. ပုံပါ အတိုင္း “Sign Petition” ကို ႏွိပ္ပါ၊၊

၃. ပထမနာမည္၊ မိသားစုနာမည္၊ အီးမးနဲ႔ ကိုယ္ေရးအခ်က္အလက္မ်ားကို သေဘာတူေၾကာင္း ပုံပါ အတိုင္း ျဖည့္ပါ၊၊

၄. “Sign Petition” ကို ႏွိပ္ပါ၊၊