
Master Chef US ပြိုင်ပွဲ Season 11 Episode 8 မှာ ပထမရရှိပြီး Top 9 အဆင့်ကို တက်လှမ်းသွားတဲ့ မြန်မာအမျိုးသမီး “စု”
အမေရိကန်ပြည်ထောင်စုမှာ လက်ရှိပြသနေတဲ့ နာမည်ကြီး စားဖိုမှူးပြိုင်ပွဲ တီဗီရှိုးတစ်ခု Master Chef US ပြိုင်ပွဲမှာ မြန်မာအမျိုးသမီး “စု”က Season 11 Episode 8 မှာ ပထမရရှိပြီး Top 9 အဆင့်ကို တက်လှမ်းသွားပါတယ်။
ဒီတပတ်ရဲ့ Episode 8 ပြိုင်ပွဲမှာ အမျိုးအစား၅ခု ပါဝင်တဲ့ ကယ်လီဖိုးနီးယား ဟင်းလျာတစ်မျိုးကို ချက်ပြရတာဖြစ်ပြီးတော့ စုဟာ ပုဇွန်ကင် စတိုင်တမျိုးချက်ပြခဲ့ပါတယ်။ ချက်ပြုတ်ချိန် တစ်နာရီ ရတဲ့အထဲမှာ ၅၈ မိနစ်ရောက်မှ အဓိကအမယ်ဖြစ်တဲ့ ပုဇွန်ကို စုက စကင်တာမို့ အကဲဖြတ်ဒိုင်တွေ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရပါသေးတယ်။ သူ့ရဲ့ဟင်းလျာကို ရွေးချယ်မြည်းစမ်းခဲ့ရာမှာတော့ ဒိုင်အားလုံးရဲ့ ချီးကျုးမှုကို စုရရှိခဲ့ပါတယ်။
မြန်မာပြည်မှာလဲ Master chef ပြိုင်ပွဲကို ထုတ်လုပ်ပြသဖူးတာမို့ ပရိသတ်ရင်းနှီးပြီးသား တီဗီရှိုးတစ်ခုဖြစ်ပြီး နိုင်ငံတကာမှာတော့ လူအများစိတ်ဝင်စားအာပေးတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ဒီနှစ် Master Chef US ပြိုင်ပွဲမှာ ထူးခြားချက်က ပုံမှန်ဒိုင်တွေနဲ့အတူ legends လို့ဆိုတဲ့ ဂန္တဝင်စားဖိုမှူးတွေ အပတ်တိုင်း အလှည့်ကျ ပါဝင်အကဲဖြတ်တာဖြစ်ပြီး ဒီနှစ် ပြိုင်ပွဲဝင် ၁၅ ဦးသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ဟူစတန်၊တက္ကဆက်မှာ နေတဲ့ အသက်(၃၀)အရွယ် Food Blogger စုဟာ မြန်မာမှာ မွေး၊ မြန်မာမှာ ကြီးပြင်းခဲ့တာပါလို့ ဖြေကြားခဲ့ပြီး အရည်အချင်းစစ်ပြိုင်ပွဲမှာ မြန်မာ့အစားအစာ အုန်းနို့ခေါက်ဆွဲကို ပုဇွန်နဲ့ ထည့်ချက်ပြကာ အကဲဖြတ်ဒိုင်တွေရဲ့ နှစ်သက်ချီးမွမ်းမှုကို ခံရသလို Master Chef US မှာ ပါဝင်ယှဉ်ပြိုင် ရွေးချယ်ခံရတဲ့ ပထမဆုံး မြန်မာအမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။
Photo credit – Master Chef
———-
Master Chef US ၿပိဳင္ပြဲ Season 11 Episode 8 မွာ ပထမရရွိၿပီး Top 9 အဆင့္ကို တက္လွမ္းသြားတဲ့ ျမန္မာအမ်ိဳးသမီး “စု”
အေမရိကန္ျပည္ေထာင္စုမွာ လက္ရွိျပသေနတဲ့ နာမည္ႀကီး စားဖိုမႉးၿပိဳင္ပြဲ တီဗီရႈိးတစ္ခု Master Chef US ၿပိဳင္ပြဲမွာ ျမန္မာအမ်ိဳးသမီး “စု”က Season 11 Episode 8 မွာ ပထမရရွိၿပီး Top 9 အဆင့္ကို တက္လွမ္းသြားပါတယ္။
ဒီတပတ္ရဲ႕ Episode 8 ၿပိဳင္ပြဲမွာ အမ်ိဳးအစား၅ခု ပါဝင္တဲ့ ကယ္လီဖိုးနီးယား ဟင္းလ်ာတစ္မ်ိဳးကို ခ်က္ျပရတာျဖစ္ၿပီးေတာ့ စုဟာ ပုဇြန္ကင္ စတိုင္တမ်ိဳးခ်က္ျပခဲ့ပါတယ္။ ခ်က္ျပဳတ္ခ်ိန္ တစ္နာရီ ရတဲ့အထဲမွာ ၅၈ မိနစ္ေရာက္မွ အဓိကအမယ္ျဖစ္တဲ့ ပုဇြန္ကို စုက စကင္တာမို႔ အကဲျဖတ္ဒိုင္ေတြ လႈပ္လႈပ္ရွားရွားျဖစ္ခဲ့ရပါေသးတယ္။ သူ႔ရဲ႕ဟင္းလ်ာကို ေ႐ြးခ်ယ္ျမည္းစမ္းခဲ့ရာမွာေတာ့ ဒိုင္အားလုံးရဲ႕ ခ်ီးက်ဳးမႈကို စုရရွိခဲ့ပါတယ္။
ျမန္မာျပည္မွာလဲ Master chef ၿပိဳင္ပြဲကို ထုတ္လုပ္ျပသဖူးတာမို႔ ပရိသတ္ရင္းႏွီးၿပီးသား တီဗီရႈိးတစ္ခုျဖစ္ၿပီး ႏိုင္ငံတကာမွာေတာ့ လူအမ်ားစိတ္ဝင္စားအာေပးတဲ့ ၿပိဳင္ပြဲတစ္ခုျဖစ္ပါတယ္။ ဒီႏွစ္ Master Chef US ၿပိဳင္ပြဲမွာ ထူးျခားခ်က္က ပုံမွန္ဒိုင္ေတြနဲ႔အတူ legends လို႔ဆိုတဲ့ ဂႏၲဝင္စားဖိုမႉးေတြ အပတ္တိုင္း အလွည့္က် ပါဝင္အကဲျဖတ္တာျဖစ္ၿပီး ဒီႏွစ္ ၿပိဳင္ပြဲဝင္ ၁၅ ဦးသာ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။
ဟူစတန္၊တကၠဆက္မွာ ေနတဲ့ အသက္(၃၀)အ႐ြယ္ Food Blogger စုဟာ ျမန္မာမွာ ေမြး၊ ျမန္မာမွာ ႀကီးျပင္းခဲ့တာပါလို႔ ေျဖၾကားခဲ့ၿပီး အရည္အခ်င္းစစ္ၿပိဳင္ပြဲမွာ ျမန္မာ့အစားအစာ အုန္းႏို႔ေခါက္ဆြဲကို ပုဇြန္နဲ႔ ထည့္ခ်က္ျပကာ အကဲျဖတ္ဒိုင္ေတြရဲ႕ ႏွစ္သက္ခ်ီးမြမ္းမႈကို ခံရသလို Master Chef US မွာ ပါဝင္ယွဥ္ၿပိဳင္ ေ႐ြးခ်ယ္ခံရတဲ့ ပထမဆုံး ျမန္မာအမ်ိဳးသမီးတစ္ဦး ျဖစ္ပါတယ္။
Photo credit – Master Chef
Source : ဒီဗြီဘီ တီဗီနယူး