
ပြည်လျှံအောင် ဂျပန် J-3 ကလပ်သင်းတွင် ကစားမည်
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တယ်လို့ ထုတ်ဖော်ပြသပြီး ဂျပန်မှာ ခိုလှုံခွင့်တောင်းခံထားတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမား ပြည့်လျှံအောင်ဟာ ဂျပန်က J-3 ကလပ်အသင်းတစ်သင်းဖြစ်တဲ့ Yokohama မြို့အခြေစိုက် Y.S.C.C Yokohama ကလပ်အသင်းနဲ့ ဇူလိုင် ၂၃ ရက်မှာ စာချုပ်ချုပ်လိုက်ပြီဖြစ်ပါတယ်။
အဲဒီကလပ်ရဲ့ လေ့ကျင့်ရေးအသင်းသားအဖြစ် စာချုပ်ချုပ်ထားတဲ့အတွက် ဂျပန်ဘောလုံးအဖွဲ့ချုပ် JFA ကကျင်းပတဲ့ပွဲတွေမှာ ဝင်ရောက်ကစားခွင့်ရှိမှာ မဟုတ်သေးပေမဲ့ ခြေစမ်းပွဲ၊ လေ့ကျင့်ရေးပွဲတွေမှာတော့ ကစားခွင့်ရမှာ ဖြစ်ပါတယ်။
Y.S.C.C အသင်းရဲ့အကြီးအကဲ အသက် ၅၆ နှစ်အရွယ် Jiro Yoshino က ပြည့်လျှံအောင် ကို ကလပ်အသင်းရဲ့ ကြေးစားဘောလုံးသမားအဖြစ် စာချုပ်ချုပ်ဖို့ အလားအလာရှိပါတယ်လို့ ပြောပါတယ်။ အဲဒါအပြင် fighting spirit ရှိတဲ့သူတစ်ယောက်ဖြစ်ပြီး ကြေးစားဘောလုံးသမားတစ်ယောက်လို အဆင့်မြင့်တိုးတက်လာစေလိုပါတယ်လို့လည်း ဆိုပါတယ်။
Y.S.C.C Yokohama အသင်းကို ၁၉၈၆ ခုနှစ်မှာ စတင်ထူထောင်ခဲ့တာဖြစ်ပြီး ကလေးများအတွက် ဘောလုံးသင်တန်းကျောင်းဖွင့်လှစ်ပြီး ဘောလုံးလောကမှာ လှုပ်ရှားလာခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ ဂျပန်ဘောလုံးအဖွဲ့ချုပ်ဝင် ကလပ်သင်းအဖြစ် လျှောက်ထားခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ တတိယတန်းအဆင့်ဖြစ်တဲ့ J-3 ကလပ်သင်းပြိုင်ပွဲတွေမှာ စတင်ပါဝင်ခဲ့ပါတယ်။ လောလောဆယ် ကြေးစားနဲ့ အပျော်တမ်းဘောလုံးသမား ၃၇ ယောက်ရှိပါတယ်။
အသင်း ၁၅ သင်းရှိတဲ့ J-3 မှာ Y.S.C.C Yokohama ဟာ အဆင့် ၁၀ မှာ ရှိနေပါတယ်။ ပြည့်လျှံအောင် မြန်မာပြည်မပြန်ဘူးလို့ ဂျပန်လေဆိပ်မှာ ပြောဆိုခဲ့ပြီး ရက်အနည်းငယ်အတွင်းမှာပဲ Y.S.C.C Yokohama က ကစားသမားအဖြစ် လက်ခံလိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
Y.S.C.C Yokohama ရဲ့ ကြေးစားဘောလုံးသမားဖြစ်လာရင်တော့ ပြည့်လျှံအောင်ဟာ ဂျပန် J League မှာ ပထမဦးဆုံးကစားမယ့် မြန်မာပြည်သားဘောလုံးသမားဖြစ်လာပါလိမ့်မယ်။
ပြည့်လျှံအောင်က ဂျပန်မှာ ဘောလုံးဆက်ကစားနိုင်အောင် အကူအညီပေးကြသူတွေအားလုံးကို ကျေးဇူးတင်လေးစားပါတယ်လို့ ဆိုပါတယ်။
Source; NTV News, Asahi Shimbun -23.7.2021
ကျော်ကျော်စိုး(ဂျပန်)
Zawgyi
ျပည္လွ်ံေအာင္ ဂ်ပန္ J-3 ကလပ္သင္းတြင္ ကစားမည္
စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တယ္လို႔ ထုတ္ေဖာ္ျပသၿပီး ဂ်ပန္မွာ ခိုလႈံခြင့္ေတာင္းခံထားတဲ့ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးသမား ျပည့္လွ်ံေအာင္ဟာ ဂ္ပႏၠ J-3 ကလပ္အသင္းတစ္သင္းျဖစ္တဲ့ Yokohama ၿမိဳ႕အေျခစိုက္ Y.S.C.C Yokohama ကလပ္အသင္းနဲ႔ ဇူလိုင္ ၂၃ ရက္မွာ စာခ်ဳပ္ခ်ဳပ္လိုက္ၿပီျဖစ္ပါတယ္။
အဲဒီကလပ္ရဲ႕ ေလ့က်င့္ေရးအသင္းသားအျဖစ္ စာခ်ဳပ္ခ်ဳပ္ထားတဲ့အတြက္ ဂ်ပန္ေဘာလုံးအဖြဲ႕ခ်ဳပ္ JFA ကက်င္းပတဲ့ပြဲေတြမွာ ဝင္ေရာက္ကစားခြင့္ရွိမွာ မဟုတ္ေသးေပမဲ့ ေျခစမ္းပြဲ၊ ေလ့က်င့္ေရးပြဲေတြမွာေတာ့ ကစားခြင့္ရမွာ ျဖစ္ပါတယ္။
Y.S.C.C အသင္းရဲ႕အႀကီးအကဲ အသက္ ၅၆ ႏွစ္အ႐ြယ္ Jiro Yoshino က ျပည့္လွ်ံေအာင္ ကို ကလပ္အသင္းရဲ႕ ေၾကးစားေဘာလုံးသမားအျဖစ္ စာခ်ဳပ္ခ်ဳပ္ဖို႔ အလားအလာရွိပါတယ္လို႔ ေျပာပါတယ္။ အဲဒါအျပင္ fighting spirit ရွိတဲ့သူတစ္ေယာက္ျဖစ္ၿပီး ေၾကးစားေဘာလုံးသမားတစ္ေယာက္လို အဆင့္ျမင့္တိုးတက္လာေစလိုပါတယ္လို႔လည္း ဆိုပါတယ္။
Y.S.C.C Yokohama အသင္းကို ၁၉၈၆ ခုႏွစ္မွာ စတင္ထူေထာင္ခဲ့တာျဖစ္ၿပီး ကေလးမ်ားအတြက္ ေဘာလုံးသင္တန္းေက်ာင္းဖြင့္လွစ္ၿပီး ေဘာလုံးေလာကမွာ လႈပ္ရွားလာခဲ့ပါတယ္။
၂၀၁၁ ခုႏွစ္မွာ ဂ်ပန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဝင္ ကလပ္သင္းအျဖစ္ ေလွ်ာက္ထားခဲ့ၿပီး ၂၀၁၄ ခုႏွစ္မွာ တတိယတန္းအဆင့္ျဖစ္တဲ့ J-3 ကလပ္သင္းၿပိဳင္ပြဲေတြမွာ စတင္ပါဝင္ခဲ့ပါတယ္။ ေလာေလာဆယ္ ေၾကးစားနဲ႔ အေပ်ာ္တမ္းေဘာလုံးသမား ၃၇ ေယာက္ရွိပါတယ္။
အသင္း ၁၅ သင္းရွိတဲ့ J-3 မြာ Y.S.C.C Yokohama ဟာ အဆင့္ ၁၀ မြာ ရွိေနပါတယ္။ ျပည့္လွ်ံေအာင္ ျမန္မာျပည္မျပန္ဘူးလို႔ ဂ်ပန္ေလဆိပ္မွာ ေျပာဆိုခဲ့ၿပီး ရက္အနည္းငယ္အတြင္းမွာပဲ Y.S.C.C Yokohama က ကစားသမားအျဖစ္ လက္ခံလိုတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
Y.S.C.C Yokohama ရဲ႕ ေၾကးစားေဘာလုံးသမားျဖစ္လာရင္ေတာ့ ျပည့္လွ်ံေအာင္ဟာ ဂ်ပန္ J League မြာ ပထမဦးဆုံးကစားမယ့္ ျမန္မာျပည္သားေဘာလုံးသမားျဖစ္လာပါလိမ့္မယ္။
ျပည့္လွ်ံေအာင္က ဂ်ပန္မွာ ေဘာလုံးဆက္ကစားႏိုင္ေအာင္ အကူအညီေပးၾကသူေတြအားလုံးကို ေက်းဇူးတင္ေလးစားပါတယ္လို႔ ဆိုပါတယ္။
Source; NTV News, Asahi Shimbun -23.7.2021
ေက်ာ္ေက်ာ္စိုး(ဂ်ပန္)