
” ဆမ်ပကာနဲ့အင်ဖာ”
တရုပ်အမျိုးသားမိုးလေဝသဌာနက တိုင်ဖွန်း Cempaka ကိုလိမ္မော်ရောင်အဆင့် သတ်မှတ်လိုက်တယ်လို့ ဆင်ဟွာသတင်းကို ကိုးကားပြီးခမာသတင်းဌာနကရေးသားပါတယ်
Cempaka ဟာ ဒီနှစ်အတွက် ၇ လုံးမြောက်ဖြစ်သော မုန်တိုင်းကြီးပါ
” ဆမ်ပကာ” ဟာ တရုပ်ပြည်တောင်ပိုင်းကမ်းခြေဂွမ်ဒေါင်း ပြည်နယ် ကိုမနေ့က မွန်းလွဲပိုင်းမှာ ဝင်ရောက်ခဲ့ပြီး ပေမယ့်နောက်ထပ်တစ်လုံးဖြစ်တဲ့ တိုင်ဖွန်း အင်ဖါ ( infa ) ( Fabian ) ဆိုတာကလည်း တရုပ်ကမ်းခြေကို ၂၃ ရက်နေ့မှာ တိုက်ခတ်ဝင်ရောက်ဖို့ ရှိနေပြန်ပြီဖြစ်ပါတယ်
မနေ့က မနက်၉နာရီမှာတိုင်ဖွန်း ဆမ်ပကာ ရဲ့ ဗဟိုဟာ ဂွန်ဒေါင်းပြည်နယ် ရန်ကျန်း မြို့ရဲ့ ၈၀ကီလိုမီတာအကွာ ကမ်းခြေမှာရှိနေခဲ့ပါတယ် တရုပ်တို့ရဲ့မုန်တိုင်း အဆင့်သတ်မှတ်ချက်တွေဟာလေးဆင့်ရှိပါတယ် အနိမ့်ဆုံးက အပြာဖြစ်ပြီးအဝါ လိမ္မော် အနီ ဆိုပြီး အန္တရာယ် ကိုအဆင့်မြှင့်တင်သွားပါတယ်
၂၃ရက်နေ့ဝင်လာမယ့် နောက်ပိုးသိပ် ဒုတိယ တိုင်ဖွန်း အင်ဖာ ဟာ အနောက်ပစိဖိတ်မှာအားကောင်းနေကာ တိုင်ဝမ်ကိုတိုက်ရိုက်ဖြတ်ကျော်ပြီး တရုပ်ကမ်းခြေကို သောကြာနေ့(ဒီနေ့) ဝင်ပါလိမ့်မယ်
အကယ်လို့ အင်ဖာဟာ မြောက်ဖက်ကို လမ်းကြောင်းသာပြောင်းခဲ့ရင် အိုလံပစ်ကျင်းပနေတဲ့ တိုကျိုမှာမိုးတွေကြီးပါလိမ့်မယ်
ဒါပေမဲ့ မျှော်လင့်ထားတာကတော့ တရုပ်ကမ်းခြေဆီကိုပါပဲ လို့သိရပါတယ်
Pi Lon / Ref khmer times / CNA
———-
” ဆမ္ပကာနဲ႔အင္ဖာ”
တ႐ုပ္အမ်ိဳးသားမိုးေလဝသဌာနက တိုင္ဖြန္း Cempaka ကိုလိေမၼာ္ေရာင္အဆင့္ သတ္မွတ္လိုက္တယ္လို႔ ဆင္ဟြာသတင္းကို ကိုးကားၿပီးခမာသတင္းဌာနကေရးသားပါတယ္
Cempaka ဟာ ဒီႏွစ္အတြက္ ၇ လုံးေျမာက္ျဖစ္ေသာ မုန္တိုင္းႀကီးပါ
” ဆမ္ပကာ” ဟာ တ႐ုပ္ျပည္ေတာင္ပိုင္းကမ္းေျခဂြမ္ေဒါင္း ျပည္နယ္ ကိုမေန႔က မြန္းလြဲပိုင္းမွာ ဝင္ေရာက္ခဲ့ၿပီး ေပမယ့္ေနာက္ထပ္တစ္လုံးျဖစ္တဲ့ တိုင္ဖြန္း အင္ဖါ ( infa ) ( Fabian ) ဆိုတာကလည္း တ႐ုပ္ကမ္းေျခကို ၂၃ ရက္ေန႔မွာ တိုက္ခတ္ဝင္ေရာက္ဖို႔ ရွိေနျပန္ၿပီျဖစ္ပါတယ္
မေန႔က မနက္၉နာရီမွာတိုင္ဖြန္း ဆမ္ပကာ ရဲ႕ ဗဟိုဟာ ဂြန္ေဒါင္းျပည္နယ္ ရန္က်န္း ၿမိဳ႕ရဲ႕ ၈၀ကီလိုမီတာအကြာ ကမ္းေျခမွာရွိေနခဲ့ပါတယ္ တ႐ုပ္တို႔ရဲ႕မုန္တိုင္း အဆင့္သတ္မွတ္ခ်က္ေတြဟာေလးဆင့္ရွိပါတယ္ အနိမ့္ဆုံးက အျပာျဖစ္ၿပီးအဝါ လိေမၼာ္ အနီ ဆိုၿပီး အႏၲရာယ္ ကိုအဆင့္ျမႇင့္တင္သြားပါတယ္
၂၃ရက္ေန႔ဝင္လာမယ့္ ေနာက္ပိုးသိပ္ ဒုတိယ တိုင္ဖြန္း အင္ဖာ ဟာ အေနာက္ပစိဖိတ္မွာအားေကာင္းေနကာ တိုင္ဝမ္ကိုတိုက္႐ိုက္ျဖတ္ေက်ာ္ၿပီး တ႐ုပ္ကမ္းေျခကို ေသာၾကာေန႔(ဒီေန႔) ဝင္ပါလိမ့္မယ္
အကယ္လို႔ အင္ဖာဟာ ေျမာက္ဖက္ကို လမ္းေၾကာင္းသာေျပာင္းခဲ့ရင္ အိုလံပစ္က်င္းပေနတဲ့ တိုက်ိဳမွာမိုးေတြႀကီးပါလိမ့္မယ္
ဒါေပမဲ့ ေမွ်ာ္လင့္ထားတာကေတာ့ တ႐ုပ္ကမ္းေျခဆီကိုပါပဲ လို႔သိရပါတယ္
Pi Lon / Ref khmer times / CNA