ညအိပ်မပျော်သူတွေအတွက် ဆယ်မိနစ်အတွင်း အိပ်ပျော်စေမယ့် နည်းလမ်း..

အိပ်မပျော်တဲ့ ပြဿနာဆိုတာ ဒီနေ့ခေတ်မှာ လူအများစုဖြစ်နေ တဲ့ပြဿနာပါ။ အတွေးလွန်တတ်တဲ့အကျင့်ကြောင့်၊ စိတ်ဖိစီးမ ှုတွေကြောင့်၊ အဆင်မပြေမှုတွေကြောင့် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ညဘက် အိပ်မပျော်တဲ့ပြဿနာကို ကြုံတွေ့ကြ ရပါတယ် ။

ညဘက် အိပ်မပျော်ခြင်းက စိတ်ဖိစီးမှုတွေကို ပိုဖြစ်စေပြီး ကျန်းမာရေး အတွက်လည်း လုံးဝ မကာင်းပါဘူး။ ဒါကြောင့် ညဘက်မှာ လွယ်လွယ် အိပ်ပျော်စေဖို့၊ ဆယ်မိနစ် အတွင်း အိပ်ပျော်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေး လိုက်ပါ တယ်နော် ။

(၁) ခန္ဓာကိုယ်ကို ဖြေလျော့ထားပါ

၁၀ မိနစ်အတွင်း အိပ်ပျော်စေဖို့ ပထမဆုံးအိပ်ရာပေါ်မှာ ပက်လက်လဲ အိပ်ပြီး မျက်လုံးမှိတ်ကာ ခန္ဓာကိုယ်ကိုဖြေလျော့ ထားပါ။ တစ်ကိုယ်လုံးက အကြောတွေကို ဖြေလျော့ ထားပြီး ခန္ဓာကိုယ်က ဂွမ်းစလေးလို ပေါ့ပါးနေ တယ်လို့ တွေးလိုက်ပါ ။

(၂) အသက်ရှူတာကို အာရုံစိုက်ပါ

အိပ်ရာပေါ်မှာ ပက်လက်လဲ အိပ်ပြီး တစ်ကိုယ်လုံးက အကြောတွေ ကိုဖြေလျှော့ထားပြီးတာနဲ့ အသက်ကိုဖြည်းဖြည်းချင်းရှူပြီး အသက်ရှူတာကို အာရုံစိုက် ထားလိုက်ကာ လေရှူသွင်းရှူ ထုတ်တာကို လိုက်မှတ် ထားပေးပါ.။

(၃) စိတ်ကိုစုစည်းပါ

အသက်ရှူတာကို အာရုံစိုက်ပြီး လေရှူသွင်း၊ရှူ ထုတ်တာကို လိုက်မှတ်ပြီး စိတ်အာရုံကိုတခြားဆီလွင့်ထွက်မသွားစေဖို့အတွက် စိတ်ထဲကနေ နွေးထွေးပြီး ဆိတ်ငြိမ်တဲ့နေရာ တစ်ခုမှာရောက်နေ တယ်လို့ တွေးလိုက်ပါ။ တခြားအတွေးတွေ မတွေးဘဲ ခေါင်းအစခြေအဆုံး နွေးထွေးပြီး လုံခြုံနေတယ် လို့ပဲတွေးပါ ။

ဒီနည်းလမ်းတွေက ညဘက် အိပ်မပျော်တဲ့ သူတွေကို ၁၀ မိနစ်အတွင်း ကောင်းကောင်း အိပ်ပျော်စေမယ့်နည်းလေးတွေ ပဲဖြစ်ပါတယ်။ အိပ်မပျော်တဲ့ သူတွေ စမ်းကြည့်ပါလို့ တိုက်တွန်းလိုက် ပါတယ်နော် ။

by PP