ယုံကြည်ဖို့ခက်ခဲပေမယ့် အချိန်မှန် ဥဥလေ့ရှိတဲ့ အင်ဒိုနီးရှားက ထူးဆန်းတဲ့ ကောင်လေးတစ်ယောက်

လူသားတစ်ယောက်က ဥ ဥတယ်ဆိုတဲ့ စကားကို ရုတ်တရက်ဆိုရင်တော့ ယုံကြည်လက်ခံဖို့ ခက်ခဲပါတယ်။

ဒါပေမယ့် အင်ဒိုနီးရှားမှာ နေထိုင်တဲ့ အက်မယ်လ် လို့ခေါ်တဲ့ လူငယ်ကလေးမှာတော့ တကယ်ကို ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုပါ။

ဘဲတွေလိုပဲ သူ့ခန္ဓာကိုယ်ထဲမှာ ဥတစ်လုံးဖြစ်ပေါ်နေပြီး သတ်မှတ်ရက်ပြည့်တဲ့အခါ ဥချနေရတယ်လို့ ဆိုပါတယ်။

အခုဆိုရင်တော့ သူဥချခဲ့တဲ့ ဥအရေအတွက်ဟာ (၂၀) အထိရှိလာပြီး ဆရာဝန်တွေအတွက်လည်း အတော်လေးခေါင်းခြောက်စရာဖြစ်ခဲ့ပါတယ်။

ဆရာဝန်တွေကတော့ ဒီဥကို စအိုကနေတဆင့် သူကိုယ်တိုင်သွင်းခဲ့တာလား ဆိုတာကို မေးမြန်းကာ စစ်ဆေးခဲ့ပါသေးတယ်။

နောက်ပိုင်းမှာတော့ ဆေးစစ်ချက်နဲ့ ဓာတ်မှန်တွေအရ အက်မယ်လ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဥတစ်လုံးက သဘာဝအတိုင်း ဖြစ်တည်နေတယ်ဆိုတာအံ့ဩစွာပဲ လက်ခံသွားရပါတယ်။

လက်ရှိမှာတော့ ဆရာဝန်တွေက သူရဲ့ဥတွေကို ဓာတ်ခွဲခန်းမှာစစ်ဆေးပြီး သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုတွေကိုလည်း စစ်ဆေးနေပြီလို့ သိရပါတယ်။

————-








credit…..