ပြည်သူတွေကို ဒီလထဲမှာ ဗစ်ကာကွယ် ဆေးစထိုးပေးတော့မယ်လို့ NUGအစိုးရပြော

ပြည်သူတွေကို ဒီလထဲမှာ ဗစ်ကာကွယ် ဆေးစထိုးပေးတော့မယ်လို့ NUGအစိုးရပြော

မကြာခင်မှာ ကိုဗစ်ကာကွယ်ဆေးတွေကို မြန်မာပြည်သူတွေကို အမျိုးသားညီညွတ် ရေးအစိုးရက စတင်ထိုးနှံပေးတော့မယ့်လို့ ပညာရေးကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဇူလိုင်လ ၂၅ ရက်နေ့က ပြည်လုပ်တဲ့ သ တင်းစားရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒီနှစ်ထဲမကုန်ခင်မှာ ကိုဗစ် ၁၉ ကာကွယ် ဆေးကို မြန်မာလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း ထိုးပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေပြီလို့ အမျိုးသားညီညွတ် ရေးအစိုးရအဖွဲ့တာဝန်ရှိသူတွေကပြောဆိုပါတယ်။

အခုလထဲမှာ ကိုဗစ်ကာကွယ်ဆေးကိုစတင်ထိုးပေးနိုင်ဖို့ နည်းလမ်း ၂ သွယ်နဲ့ထိုးပေးမှာဖြစ်ပြီး ပထမဦးစားပေးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ရရှိထားတဲ့စာရင်းအရ ၆ သန်းရရှိဖို့ရှိပါတယ်။

ပထ မနည်းလမ်းက ရလာတဲ့ကာကွယ်ဆေးတွေကို တိုင်းရင်းသားဒေသတွေမှာ ထိုးပေးမှာဖြစ်ပြီး ဒုတိယနည်းလမ်းကတော့ တတိယအဖွဲ့အ စည်းတွေက ပြည်သူတွေကို ထိုးနှံပေးမှာဖြစ်တယ်လို့ ပညာရေးကျန်းမာရေး ပြည် ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောဆိုပါတယ်။

အခုရလာမယ့် ကာကွယ်ဆေးတွေနဲ့ ဆေးအမျိုးအစားတွေကတော့ အရင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့တာတွေကို ဆက်လက်ပြီး ကြိုးစားဆောင်ရွက်ထားတာတွေဖြစ်တယ်လို့ဆိုပါတယ်။

Source – ဒီဗွီဘီ တီဗွီနယူးစ်

———-

ျပည္သူေတြကို ဒီလထဲမွာ ဗစ္ကာကြယ္ ေဆးစထိုးေပးေတာ့မယ္လို႔ NUGအစိုးရေျပာ

မၾကာခင္မွာ ကိုဗစ္ကာကြယ္ေဆးေတြကို ျမန္မာျပည္သူေတြကို အမ်ိဳးသားညီၫြတ္ ေရးအစိုးရက စတင္ထိုးႏွံေပးေတာ့မယ့္လို႔ ပညာေရးက်န္းမာေရးဝန္ႀကီး ေဒါက္တာေဇာ္ေဝစိုးက ဇူလိုင္လ ၂၅ ရက္ေန႔က ျပည္လုပ္တဲ့ သ တင္းစားရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

ဒီႏွစ္ထဲမကုန္ခင္မွာ ကိုဗစ္ ၁၉ ကာကြယ္ ေဆးကို ျမန္မာလူဦးေရရဲ႕ ၂၀ ရာခိုင္ႏႈန္း ထိုးေပးႏိုင္ဖို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရအဖြဲ႕က စီစဥ္ေဆာင္႐ြက္ေနၿပီလို႔ အမ်ိဳးသားညီၫြတ္ ေရးအစိုးရအဖြဲ႕တာဝန္ရွိသူေတြကေျပာဆိုပါတယ္။

အခုလထဲမွာ ကိုဗစ္ကာကြယ္ေဆးကိုစတင္ထိုးေပးႏိုင္ဖို႔ နည္းလမ္း ၂ သြယ္နဲ႔ထိုးေပးမွာျဖစ္ၿပီး ပထမဦးစားေပးအေနနဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရက ရရွိထားတဲ့စာရင္းအရ ၆ သန္းရရွိဖို႔ရွိပါတယ္။

ပထ မနည္းလမ္းက ရလာတဲ့ကာကြယ္ေဆးေတြကို တိုင္းရင္းသားေဒသေတြမွာ ထိုးေပးမွာျဖစ္ၿပီး ဒုတိယနည္းလမ္းကေတာ့ တတိယအဖြဲ႕အ စည္းေတြက ျပည္သူေတြကို ထိုးႏွံေပးမွာျဖစ္တယ္လို႔ ပညာေရးက်န္းမာေရး ျပည္ ေထာင္စုဝန္ႀကီး ေဒါက္တာေဇာ္ေဝစိုးကေျပာဆိုပါတယ္။

အခုရလာမယ့္ ကာကြယ္ေဆးေတြနဲ႔ ေဆးအမ်ိဳးအစားေတြကေတာ့ အရင္အစိုးရလက္ထက္က လုပ္ေဆာင္ခဲ့တာေတြကို ဆက္လက္ၿပီး ႀကိဳးစားေဆာင္႐ြက္ထားတာေတြျဖစ္တယ္လို႔ဆိုပါတယ္။

Source – ဒီဗီြဘီ တီဗီြနယူးစ္