နိုင်ငံတကာမှ ပါဝင် ပတ်သက်ရန် ခိုင်လုံသော အကြောင်းများ ရှိလာပြီ…

အာဏာသိမ်း ကောင်စီ၏ လက်ရှိ ကိုဗစ်-၁၉ ကပ် ရောဂါကြီးအား စီမံခန့်ခွဲနိုင်စွမ်း မရှိမှူကြောင့် သုံးပတ်အတွင်း လူ နှစ်ထောင်ခန့် သေဆုံးသွားခဲ့ရပြီး ဖြစ်သည်၊ လက်ရှိ အနေအထားများကြောင့်

နိုင်ငံတကာ မှ ပါဝင် ပတ်သက်ရန် လိုလာနေပြီ ဆိုသည့် အကြောင်းကို အမေရိကန်ရှိ The Spectator မဂ္ဂဇင်း တွင် ဘင်နက်ဒစ် ရော်ဂျာ မှ “Myanmar is on the verge of collapse” ပြိုလဲလုမတတ် ဖြစ်လာနေသော ခေါင်းစဉ် ဖြင့် အောက်ပါ အတိုင်း ရေးသားခဲ့သည်။

ဆယ်စုနှစ်ပေါင်းများစွာ မျက်စိပိတ် နားပိတ် ခံခဲ့ကြရသော မြန်မာ ပြည်သူ ၅၄ သန်းသည် ယခုအခါ မနိုးထနိုင်အောင် ဖြစ်လာနေသော အိမ်မက်ဆိုးကြီးထဲတွင် ချွေးသီးချွေးပေါက်များ နှင့် ရုန်းကန်နေကြရပြီး ပျက်စီးရာ ပျက်စီးကိန်းသို့ ဦးတည်နေကြရပြီ ဖြစ်သည်။

ကံဆိုး မိုးမှောင် ကျမှုက တခုတည်းပင် မဟုတ် လေးခု တပြိုင်တည်း ပေါ်ပေါက်လာရခြင်းကြောင့် လည်းဖြစ်သည်။ ဤသည်က စစ်တပ်၏ အာဏာသိမ်းသည့် လုပ်ရပ်၊ ကာလကြာမြင့်စွာ ဖြစ်ပွားနေသောပြည်တွင်းစစ်ကြီး အရှိန်တညီးညီး ဖြင့် ပြန်လည်တောက်လောက်လာနေခြင်း၊ တိုင်းပြည် စီးပွားရေး ပြိုလဲသွားခြင်း နှင့် နောက်ဆုံး ကော်ရိုနာဗိုင်းရပ်ကြီးဒဏ် ခံခဲ့ရခြင်းတို့ပင် ဖြစ်သည်။

ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ လူပေါင်း ၉၀၀ ကျော် အသတ်ခံခဲ့ရပြီး ၅,၀၀၀ ခန့်သော လူများလည်း ဖမ်းဆီးခံခဲ့ကြရသည်။ ထိုမျှမကသေး ယခင် စစ်ပွဲများ အတွင်း တခါမျှ မကြုံဖူးခဲ့သည့် နှုန်းဖြင့် တိုင်းရင်းသား လူနေဒေသများအားဗုံးကြဲတိုက်ခိုက်လာသဖြင့် လူများ သိန်းချီ၍ ဘေးလွတ်ရာ သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပြန်သည်။

၎င်းတို့၏ လုပ်ရပ်များကို ကုလသမဂ္ဂ က “ရိုင်းစိုင်းကြမ်းတမ်းလှစွာ ဖြင့် အင်အားသုံး အကြောက်တရား ဖြစ်ပေါ်ရေး ကမ်းပိန်း” ဆင်နွဲနေခြင်းဟု ကင်ပွန်းတပ် ပြောဆိုလာခဲ့သည်၊ ထိုသို့ နိုင်ငံ အနှံ့အကြမ်းဖက်လာနေခြင်းများကြောင့် ကလေးသူငယ်များ သေဆုံးခဲ့ကြရသည့်အပြင် အများစု မှာလည်း စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များကို နှစ်ပေါင်းများစွာ ကြာအောင် တနင့်တပိုးကြီး ခံစားသွားရဖို့ ရှိသည်ဟု ကုလ ကလေးများ အခွင့်အရေး ကာကွယ်ပေးရေး အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပြန်သည်။

ကလေးသူငယ် ၇၅ ဦး အသတ်ခံခဲ့ရပြီး တထောင်နီးပါးအားလည်း ရဲအချုပ်ခန်းများ၊ အကျဉ်းထောင်များနှင့် စစ်တပ် စခန်းများ အတွင်း ချုပ်နှောင်ထားဆဲ ဖြစ်သည်။ ထိုအထဲတွင် ဆန္ဒပြခဲ့သူ တဦး၏ ငါးနှစ် သမီး အရွယ်ပင် ပါဝင်နေသည်။ အချို့ ကလေးများကို မိဘများ ကိုယ်စား ဓါးစာခံ အဖြစ် ဖမ်းခေါ်သွားခဲ့ကြခြင်း ဖြစ်ပြီး ခြောက်နှစ် သမီး အရွယ်တဦးဆိုက ဖခင် ၏ ရင်ခွင် အတွင်းမှာပင် ပစ်သတ်ခံခဲ့ရသည်။

ထိုသို့ သော အနေအထားကို တနိုင်ငံလုံး ရင်ဆိုင်နေရချိန်တွင် ကိုဗစ် ကပ်ရောဂါကြီး ဖြစ်ပေါ် လာခဲ့ခြင်းပင် ဖြစ်သည်။ မြန်မာသည် ပထမ နှင့် ဒုတိယလှိုင်းများ ဒဏ်ကို အတော်လေး တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ခဲ့သည်။

ယခုအခါတွင်တော့ လူထုသည် ကာဖြူးကို အံတုကာ အောက်စီဂျင် အိုးများအလုအယက် ရှာနေရသည့် အခြေအနေ ရောက်လာခဲ့ပြီ ဖြစ်သည်။ သုဿန်များ နှင့် ဆေးရုံများတွင်လည်း သေဆုံးသူများ၊ လူနာများနှင့် လျှံထွက်နေသည်၊ အိမ်တွင် ဖျားနာနေသူများကလည်း တောင်ပုံရာပုံ မက ရှိနေသည်။

မြန်မာပြည်၏ ကျန်းမာရေး စောင့်ရှောက်မှူ စနစ်သည် အခြေအနေကောင်းစဉ်ကပင် အခြေခံ အဆင့်မျှသာ ရှိခဲ့သည်။ ယခုအခါ အာဏာသိမ်းမှူကို ဆန့်ကျင်ရကောင်းလားဟု ဆိုကာ စစ်တပ်က ဆရာဝန်များကို အညိုးတကြီးနှင့် ပစ်မှတ်ထားလာခြင်းကြောင့် ရှိသမျှ ပြိုလဲသွားရပြီ ဖြစ်သည်။

အာဏာသိမ်း အဖွဲ့ အပေါ် လူထု၏ အယုံအကြည်ကင်းမဲ့နေမှုများကြောင့်လည်း အကျပ်အတည်းကြီး က ကြောက်မက်ဖွယ် အနေအထား ဖြစ်လာနေသည်ဟု ကုလ လူ့အခွင့်အရေး သံတမန် တွမ် အင်ဒရူးက မှတ်ချက်ချခဲ့သည်။

စစ်တပ်၏ လူ မဆန်မှုများက အတိုင်းအဆမရှိ ဖြစ်လာနေသည်။ နိုင်ငံတွင် လက်ကျန်ရှိနေသော အောက်စီဂျင်များကို လိုက်လံ သိမ်းယူ ခဲ့ကြသည်။ တန်းစီနေသော လူအုပ်ကြီးကိုပင် သေနတ်နှင့် ပစ်ဖေါက်၍ ခြောက်လှန့် လူစုခွဲပြစ်ခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က နိုင်ငံအတွင်းရှိ ကက်သိုလစ် သာသနာ ပိုင် အကြီးအကဲ ချားလ် ဘို က စစ်တပ်အား လက်နက်များ ဘေးချပြီး လူထု၏ ကျန်းမာရေး အား စောင့်ရှောက်ပေးပါရန် ပန်ကြားလိုက်သည်။ လူတိုင်းနီးပါး အသက်ရှုခွင့် ရရန် ရုန်းကန်နေကြရပြီဟုလည်း ဆိုသည်။

မနေ့က မိမိနှင့် လွန်စွာ အကျွမ်းတဝင် ရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်ခဲ့သူ ဦးညဏ်ဝင်းသည် ကိုဗစ်ပိုး ကူးစက်ခံရ၍ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

နာမည်ဆိုးဖြင့် ကျော်ကြားလှသည့် အင်းစိန် နရသိန်အကျဉ်းထောင်ကြီးထဲတွင် နိုင်ငံခြားသားများရော၊ နိုင်ငံရေး အကျ‌ဉ်းသား အများအပြားပါ ရောဂါပိုး ကူးစက်ခံနေရပြီ ဖြစ်သည့် အတွက် မိမိ၏ မိတ်ဆွေ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေး ရှောင်တန်နယ်လ် နှင့်

အမေရိကန် သတင်းစာ ဆရာ ဒင်နီ ဖန်စတားတို့ အတွက် အထူးပင် စိုးရိမ်ပူပန်နေမိသည်။ ရန်ကုန်တိုင်း လူမှုရေးရာ ဝန်ကြီးဖြစ်သော နိင်ငံလင်းအတွက်လည်း စိတ်ပူနေမိသည်။ စစ်တပ် အတွက် သေနတ်နှင့် ပစ်သတ်၍ မဖြစ်နိုင်၍ ကျန်နေရစ်သော ဒီမိုကရက်များကို ဗိုင်းရပ်စ် က တာဝန်ယူ သတ်ဖြတ်ပေးတော့မည် ဖြစ်သည်။

ကမ္ဘာကြီး အဖို့လည်း မြန်မာပြည် အရေး အပေါ် တုံဏှိဘာဝေနေရန် အကြောင်းပြချက် များက ရှိနေပြန်သည်။ မြန်မာတွင် အာဏာသိမ်းသည့် ရာဇဝင်ကရှိပြီး ဖြစ်သည့်အပြင် လွတ်လပ်ရေး ရပြီး နောက်ပိုင်းလည်း တချိန်လုံးနီးပါး စစ်တပ်က အုပ်ချုပ်လာခဲ့သည်။

ဒီမိုကရေစီ နှင့် ကလူ၏သို့ မြူ၏ သို့ အဆင့်သာ တက်လှမ်းနိုင်ခဲ့၍ စိတ်ပျက်စရာ ဖြစ်နေရသည်။ တကယ်တမ်း ပြောရလျင် ပြီးခဲ့သည့် ဆယ်နှစ် အတွင်း တံခါးဖွင့်ပေးခဲ့သည် ဆိုသော်လည်း ဂျီနိူဆိုက် ဖြစ်လာခဲ့ပြီး အစွန်းရောက် မျိုးချစ်များသာ ခေါင်းထောင်ထလာနိုင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း သူမတန်ဖိုးထားခဲ့သည့် စံနှုန်းများကို ထင်သလောက် အကာအကွယ် မပေးနိုင်ခဲ့ပြန်ပေ။ မည်သို့ပင် ဖြစ်စေ သူမ၏ NLD ပါတီသည် ရွေးကောက်ပွဲတွင် အပြတ် အသတ် အနိုင်ရခဲ့ပြီး ဖြစ်၍ ယခုလို ထောင်ထဲတွင် ရှိမနေသင့်ပဲ အစိုးရ တရပ် အဖြစ် ဖွဲ့စည်းရပ်တည်နေရမည် ဆိုသည်ကား သံသယ ဖြစ်စရာမလိုအောင်ပင် သေချာနေပေသည်။

စစ်တပ်အား ဆန့်ကျင် ရင်ဆိုင်နိုင်ရန် အတွက် ရွေးချယ်တင်မြှောက်ခံထားရပြီး ဖြစ်သော လွှတ်တော် အမတ်များ၊ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ် များ ပါဝင်သည့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို ဖွဲ့စည်း နိူင်လာခဲ့သည်။

ထိုအထဲတွင် ထိပ်ဆုံးမှ အလင်းပြပေးနိုင်ခဲ့သူက မိမိ၏ မိတ်ဆွေကြီးလည်း ဖြစ်သည့် ဒေါက်တာ ဆာဆာ ပင် ဖြစ်သည်။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးရာ ဝန်ကြီးလည်း ဖြစ်သူ ဒေါက်တာ ဆာဆာက ဗြိတိသျှ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ရှေ့မှောက်တွင် မကြာသေးမီက ပြောကြားရာ၌ မြန်မာသည် သေရေးရှင်ရေး တမျှ အရေးကြီးနေသော အချိန်ရောက်နေပြီး လူမျိုးတုန်း သတ်ဖြတ်ခံရနိုင်ဖွယ်ရှိသည့် အမှောင်ဆုံးကာလများ ရောက်လာနိုင်သည်ဟု မှတ်ချက်ပေးသွားခဲ့သည်။

ကိုယ်ကျင့် တရား ကျင့်ဝတ်များအရ မိမိတို့ အားလုံး NUG အစိုးရကို အသိအမှတ် ပြုသင့်လှပေသည်။ စစ်တပ်သည် အာဏာသိမ်းယူခဲ့မှု နှင့် အတူ အပြစ်မဲ့လူ အများအပြားကို သတ်ဖြတ်ခဲ့ကြသည့် ရာဇဝတ်မှု မြောက်သော လုပ်ရပ်များကြောင့် အစိုးရ အဖွဲ့တရပ် အဖြစ် တရားဝင် ရပ်တည်ပိုင်ခွင့်ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ NUG သည်သာ ပြည်သူများကို တရားဝင် ကိုယ်စားပြူနေသော အစိုးရပင် ဖြစ်ပေသည်။

ဒီမိုကရေစီ နိုင်ငံများက ရန်ကုန်တွင်ရှိ ၎င်းတို့၏ သံရုံးများ ပိတ်ခံရမည့် အရေးကို စိုးရွံ့နေသောကြောင့် NUG ကို တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုရန် တုံ့နှေးနေကြခြင်းဖြစ်သည်၊ လက်ရှိ ကန့်သတ်ချုပ်ချယ်မှုများ အောက်တွင် အကျိုးရှိရာ ရှိကြောင်း လုပ်နိုင်‌ ကောင်းသည်ဟု ခံယူ ထားကြသည်။

သို့သော်ငြားလည်း လွတ်လပ်သော ကမ္ဘာနိုင်ငံများအနေဖြင့် တတ်နိုင်သမျှ အနီးစပ်ဆုံး အနေအထားဖြင့် NUG အား အသိအမှတ်ပြု ဆက်ဆံသွားသင့်သည်။ ဗြိတိသျှ ပါလီမန် နိုင်ငံခြားရေးရာ ကော်မတီမှ NUG အား အဝေးရောက် အစိုးရ ပုံစံမျိုးထက် အသင့် စောင့်ဆိုင်းနေသော government-in-waiting သဘောမျိုးဖြင့် ဆက်ဆံသွားသင့်ကြောင်း ခုခံ ပြောဆိုသွားခဲ့ပြီး ဖြစ်သည်။

နိုင်ငံတကာမှ အရေးယူ ဆောင်ရွက်ရန် လိုအပ်လာနေပြီ ဖြစ်သည်။ ကုလသမဂ္ဂ ရှိ တွန် အင်ဒရူး မှ “အရေးပေါ် နိုင်ငံစုံညွန်ပေါင်း အဖွဲ့ကြီး ဖွဲ့စည်းပြီး စစ်တပ်၏ အကြောက်တရား များ ဖြစ်လာအောင် ဖန်တီးနေမှုများကို ရပ်တန်ပြစ်ရန် တောင်းဆိုခဲ့ပြီး ဖြစ်သည်။

ပြင်းထန်သည့် ပြစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်မှုများဖြင့် စစ်ဗိုလ်ချုပ်များ၏ ဘဏ္ဍာရေး အသက်သွေးကြောများကို ဖြတ်တောက်ပစ်ရပေမည်။ အချို့ကို ပြုလုပ်ထားပြီး ဖြစ်သော်လည်း ယခုထက် ပို၍ လုပ်ရန် လိုအပ်နေပေသေးသည်။ တကမ္ဘာလုံး အနေအထားဖြင့် လက်နက် ရောင်းချမှု ပိတ်ပင်သွားရန်လည်း လိုပေသည်။

မြန်မာပြည်သူများ အတွက် လူသားချင်း စာနာထောက်ထားသည့် အကူအညီများအား ဖြစ်နိုင်သမျှ နည်းလမ်း ပေါင်းစုံကို သုံး၍ ပံ့ပိုးပေးသွားရမည် ဖြစ်သည်။ ထိုသို့ လုပ်ရာတွင်လည်း စစ်ဗိုလ်ချုပ်များ၏ အိပ်ကပ်ထဲသို့ ရောက်မသွားအောင်လည်း ရှောင်ရှားရပေမည်။

မြန်မာအား ငတ်မွတ်ခေါင်းပါးပြီး ပြည်တွင်းစစ် ဒဏ်ကြောင့် ဗုံးဗုံးကျ ပြို လဲသွားမည့် နိုင်ငံ ဖြစ်သွားပါက မည်သူကိုမျှ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာလိမ့်မည် မဟုတ်ပေ၊ ထိုသို့ ဖြစ်လာပါက ဒုက္ခသည် ပြဿနာကြီး ဖြစ်ပေါ်လာပြီး ရောဂါပိုးများ ပြန့်ပွားလာမည့် အရင်းအမြစ်ကြီး ဖြစ်သွားနိုင်သည်၊ ထို့ပြင် ဒီမိုကရေစီ ကျရှုံးပြီး အာဏာရှင် စနစ် ရှေ့တန်း ရောက်လာနိူင်ပေသည်။

ယခုအခါနိုင်ငံတကာမှ ပါဝင် ပတ်သက်လာရန် ခိုင်လုံသော အကြောင်းတရား များက ရှိလာနေပြီ ဖြစ်ပေသည်။

နောက်ထပ်ရရှိသော သတင်းတရပ်ကတော့ အာဏာသိမ်းအဖွဲ့သည် ကမ္ဘာအဖွဲ့အစည်းကြီးအား ပမာမခန့် ပြုသည့် သဘောဖြင့် ကုလ ရှိ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာတွင် လောလောလတ်လတ် ယူနီဖောင်း ချွတ်ပေးထား သော အောင်သူရိန် ဆိုသည့် လူနှင့် အစားထိုးရန် ဒုတိယ အကြိမ် ကြိုးပမ်းလာခဲ့ခြင်းပင် ဖြစ်သည်။

သို့သော် ကင်မရွန်း၊ တရုတ်၊ အိုက်စလန်၊ ပါပူဝါ နယူးဂီနီ၊ ရုရှား၊ ထရီနီဒက် အင် တိုဘာဂို၊ တန်ဇန်နီယား၊ အမေရိကန် နှင့် ဥရုဂွေး တို့ ပါဝင်သော ကုလ ကိုယ်စားလှယ် စီစစ်ရေး ကော်မတီက ထိုကိစ္စ အပေါ် အစည်းအဝေး ခေါ်ယူထားခြင်း မရှိဟု သိရသည်။
အရေးတော်ပုံ အောင်ရမည်!!!

Hla Soewai

အာဏာသိမ္း ေကာင္စီ၏ လက္ရွိ ကိုဗစ္-၁၉ ကပ္ ေရာဂါႀကီးအား စီမံခန႔္ခြဲႏိုင္စြမ္း မရွိမႉေၾကာင့္ သုံးပတ္အတြင္း လူ ႏွစ္ေထာင္ခန႔္ ေသဆုံးသြားခဲ့ရၿပီး ျဖစ္သည္၊ လက္ရွိ အေနအထားမ်ားေၾကာင့္

ႏိုင္ငံတကာ မွ ပါဝင္ ပတ္သက္ရန္ လိုလာေနၿပီ ဆိုသည့္ အေၾကာင္းကို အေမရိကန္ရွိ The Spectator မဂၢဇင္း တြင္ ဘင္နက္ဒစ္ ေရာ္ဂ်ာ မွ “Myanmar is on the verge of collapse” ၿပိဳလဲလုမတတ္ ျဖစ္လာေနေသာ ေခါင္းစဥ္ ျဖင့္ ေအာက္ပါ အတိုင္း ေရးသားခဲ့သည္။

ဆယ္စုႏွစ္ေပါင္းမ်ားစြာ မ်က္စိပိတ္ နားပိတ္ ခံခဲ့ၾကရေသာ ျမန္မာ ျပည္သူ ၅၄ သန္းသည္ ယခုအခါ မႏိုးထႏိုင္ေအာင္ ျဖစ္လာေနေသာ အိမ္မက္ဆိုးႀကီးထဲတြင္ ေခြၽးသီးေခြၽးေပါက္မ်ား ႏွင့္ ႐ုန္းကန္ေနၾကရၿပီး ပ်က္စီးရာ ပ်က္စီးကိန္းသို႔ ဦးတည္ေနၾကရၿပီ ျဖစ္သည္။

ကံဆိုး မိုးေမွာင္ က်မႈက တခုတည္းပင္ မဟုတ္ ေလးခု တၿပိဳင္တည္း ေပၚေပါက္လာရျခင္းေၾကာင့္ လည္းျဖစ္သည္။ ဤသည္က စစ္တပ္၏ အာဏာသိမ္းသည့္ လုပ္ရပ္၊ ကာလၾကာျမင့္စြာ ျဖစ္ပြားေနေသာျပည္တြင္းစစ္ႀကီး အရွိန္တညီးညီး ျဖင့္ ျပန္လည္ေတာက္ေလာက္လာေနျခင္း၊ တိုင္းျပည္ စီးပြားေရး ၿပိဳလဲသြားျခင္း ႏွင့္ ေနာက္ဆုံး ေကာ္႐ိုနာဗိုင္းရပ္ႀကီးဒဏ္ ခံခဲ့ရျခင္းတို႔ပင္ ျဖစ္သည္။

ေဖေဖၚဝါရီ ၁ ရက္ စစ္တပ္ အာဏာသိမ္းၿပီးခ်ိန္မွစ၍ လူေပါင္း ၉၀၀ ေက်ာ္ အသတ္ခံခဲ့ရၿပီး ၅,၀၀၀ ခန႔္ေသာ လူမ်ားလည္း ဖမ္းဆီးခံခဲ့ၾကရသည္။ ထိုမွ်မကေသး ယခင္ စစ္ပြဲမ်ား အတြင္း တခါမွ် မႀကဳံဖူးခဲ့သည့္ ႏႈန္းျဖင့္ တိုင္းရင္းသား လူေနေဒသမ်ားအားဗုံးႀကဲတိုက္ခိုက္လာသျဖင့္ လူမ်ား သိန္းခ်ီ၍ ေဘးလြတ္ရာ သို႔ ထြက္ေျပး တိမ္းေရွာင္ခဲ့ၾကရျပန္သည္။

၎တို႔၏ လုပ္ရပ္မ်ားကို ကုလသမဂၢ က “႐ိုင္းစိုင္းၾကမ္းတမ္းလွစြာ ျဖင့္ အင္အားသုံး အေၾကာက္တရား ျဖစ္ေပၚေရး ကမ္းပိန္း” ဆင္ႏြဲေနျခင္းဟု ကင္ပြန္းတပ္ ေျပာဆိုလာခဲ့သည္၊ ထိုသို႔ ႏိုင္ငံ အႏွံ႔အၾကမ္းဖက္လာေနျခင္းမ်ားေၾကာင့္ ကေလးသူငယ္မ်ား ေသဆုံးခဲ့ၾကရသည့္အျပင္ အမ်ားစု မွာလည္း စိတ္ပိုင္းဆိုင္ရာ ဒဏ္ရာဒဏ္ခ်က္မ်ားကို ႏွစ္ေပါင္းမ်ားစြာ ၾကာေအာင္ တနင့္တပိုးႀကီး ခံစားသြားရဖို႔ ရွိသည္ဟု ကုလ ကေလးမ်ား အခြင့္အေရး ကာကြယ္ေပးေရး အဖြဲ႕က ေၾကညာခ်က္ ထုတ္ျပန္ခဲ့ျပန္သည္။

ကေလးသူငယ္ ၇၅ ဦး အသတ္ခံခဲ့ရၿပီး တေထာင္နီးပါးအားလည္း ရဲအခ်ဳပ္ခန္းမ်ား၊ အက်ဥ္းေထာင္မ်ားႏွင့္ စစ္တပ္ စခန္းမ်ား အတြင္း ခ်ဳပ္ေႏွာင္ထားဆဲ ျဖစ္သည္။ ထိုအထဲတြင္ ဆႏၵျပခဲ့သူ တဦး၏ ငါးႏွစ္ သမီး အ႐ြယ္ပင္ ပါဝင္ေနသည္။ အခ်ိဳ႕ ကေလးမ်ားကို မိဘမ်ား ကိုယ္စား ဓါးစာခံ အျဖစ္ ဖမ္းေခၚသြားခဲ့ၾကျခင္း ျဖစ္ၿပီး ေျခာက္ႏွစ္ သမီး အ႐ြယ္တဦးဆိုက ဖခင္ ၏ ရင္ခြင္ အတြင္းမွာပင္ ပစ္သတ္ခံခဲ့ရသည္။

ထိုသို႔ ေသာ အေနအထားကို တႏိုင္ငံလုံး ရင္ဆိုင္ေနရခ်ိန္တြင္ ကိုဗစ္ ကပ္ေရာဂါႀကီး ျဖစ္ေပၚ လာခဲ့ျခင္းပင္ ျဖစ္သည္။ ျမန္မာသည္ ပထမ ႏွင့္ ဒုတိယလႈိင္းမ်ား ဒဏ္ကို အေတာ္ေလး တည္တည္ၿငိမ္ၿငိမ္ ရင္ဆိုင္ႏိုင္ခဲ့သည္။

ယခုအခါတြင္ေတာ့ လူထုသည္ ကာျဖဴးကို အံတုကာ ေအာက္စီဂ်င္ အိုးမ်ားအလုအယက္ ရွာေနရသည့္ အေျခအေန ေရာက္လာခဲ့ၿပီ ျဖစ္သည္။ သုႆန္မ်ား ႏွင့္ ေဆး႐ုံမ်ားတြင္လည္း ေသဆုံးသူမ်ား၊ လူနာမ်ားႏွင့္ လွ်ံထြက္ေနသည္၊ အိမ္တြင္ ဖ်ားနာေနသူမ်ားကလည္း ေတာင္ပုံရာပုံ မက ရွိေနသည္။

ျမန္မာျပည္၏ က်န္းမာေရး ေစာင့္ေရွာက္မႉ စနစ္သည္ အေျခအေနေကာင္းစဥ္ကပင္ အေျခခံ အဆင့္မွ်သာ ရွိခဲ့သည္။ ယခုအခါ အာဏာသိမ္းမႉကို ဆန႔္က်င္ရေကာင္းလားဟု ဆိုကာ စစ္တပ္က ဆရာဝန္မ်ားကို အညိဳးတႀကီးႏွင့္ ပစ္မွတ္ထားလာျခင္းေၾကာင့္ ရွိသမွ် ၿပိဳလဲသြားရၿပီ ျဖစ္သည္။

အာဏာသိမ္း အဖြဲ႕ အေပၚ လူထု၏ အယုံအၾကည္ကင္းမဲ့ေနမႈမ်ားေၾကာင့္လည္း အက်ပ္အတည္းႀကီး က ေၾကာက္မက္ဖြယ္ အေနအထား ျဖစ္လာေနသည္ဟု ကုလ လူ႔အခြင့္အေရး သံတမန္ တြမ္ အင္ဒ႐ူးက မွတ္ခ်က္ခ်ခဲ့သည္။

စစ္တပ္၏ လူ မဆန္မႈမ်ားက အတိုင္းအဆမရွိ ျဖစ္လာေနသည္။ ႏိုင္ငံတြင္ လက္က်န္ရွိေနေသာ ေအာက္စီဂ်င္မ်ားကို လိုက္လံ သိမ္းယူ ခဲ့ၾကသည္။ တန္းစီေနေသာ လူအုပ္ႀကီးကိုပင္ ေသနတ္ႏွင့္ ပစ္ေဖါက္၍ ေျခာက္လွန႔္ လူစုခြဲျပစ္ခဲ့သည္။

ၿပီးခဲ့သည့္ တနဂၤေႏြေန႔က ႏိုင္ငံအတြင္းရွိ ကက္သိုလစ္ သာသနာ ပိုင္ အႀကီးအကဲ ခ်ားလ္ ဘို က စစ္တပ္အား လက္နက္မ်ား ေဘးခ်ၿပီး လူထု၏ က်န္းမာေရး အား ေစာင့္ေရွာက္ေပးပါရန္ ပန္ၾကားလိုက္သည္။ လူတိုင္းနီးပါး အသက္ရႈခြင့္ ရရန္ ႐ုန္းကန္ေနၾကရၿပီဟုလည္း ဆိုသည္။

မေန႔က မိမိႏွင့္ လြန္စြာ အကြၽမ္းတဝင္ ရွိခဲ့သည့္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္မွ ေျပာခြင့္ရ ပုဂၢိဳလ္ျဖစ္ခဲ့သူ ဦးညဏ္ဝင္းသည္ ကိုဗစ္ပိုး ကူးစက္ခံရ၍ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္သည္။

နာမည္ဆိုးျဖင့္ ေက်ာ္ၾကားလွသည့္ အင္းစိန္ နရသိန္အက်ဥ္းေထာင္ႀကီးထဲတြင္ ႏိုင္ငံျခားသားမ်ားေရာ၊ ႏိုင္ငံေရး အက်‌ဥ္းသား အမ်ားအျပားပါ ေရာဂါပိုး ကူးစက္ခံေနရၿပီ ျဖစ္သည့္ အတြက္ မိမိ၏ မိတ္ေဆြ ျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္၏ စီးပြားေရး အႀကံေပး ေရွာင္တန္နယ္လ္ ႏွင့္

အေမရိကန္ သတင္းစာ ဆရာ ဒင္နီ ဖန္စတားတို႔ အတြက္ အထူးပင္ စိုးရိမ္ပူပန္ေနမိသည္။ ရန္ကုန္တိုင္း လူမႈေရးရာ ဝန္ႀကီးျဖစ္ေသာ နိင္ငံလင္းအတြက္လည္း စိတ္ပူေနမိသည္။ စစ္တပ္ အတြက္ ေသနတ္ႏွင့္ ပစ္သတ္၍ မျဖစ္ႏိုင္၍ က်န္ေနရစ္ေသာ ဒီမိုကရက္မ်ားကို ဗိုင္းရပ္စ္ က တာဝန္ယူ သတ္ျဖတ္ေပးေတာ့မည္ ျဖစ္သည္။

ကမာၻႀကီး အဖို႔လည္း ျမန္မာျပည္ အေရး အေပၚ တုံဏွိဘာေဝေနရန္ အေၾကာင္းျပခ်က္ မ်ားက ရွိေနျပန္သည္။ ျမန္မာတြင္ အာဏာသိမ္းသည့္ ရာဇဝင္ကရွိၿပီး ျဖစ္သည့္အျပင္ လြတ္လပ္ေရး ရၿပီး ေနာက္ပိုင္းလည္း တခ်ိန္လုံးနီးပါး စစ္တပ္က အုပ္ခ်ဳပ္လာခဲ့သည္။

ဒီမိုကေရစီ ႏွင့္ ကလူ၏သို႔ ျမဴ၏ သို႔ အဆင့္သာ တက္လွမ္းႏိုင္ခဲ့၍ စိတ္ပ်က္စရာ ျဖစ္ေနရသည္။ တကယ္တမ္း ေျပာရလ်င္ ၿပီးခဲ့သည့္ ဆယ္ႏွစ္ အတြင္း တံခါးဖြင့္ေပးခဲ့သည္ ဆိုေသာ္လည္း ဂ်ီႏိူဆိုက္ ျဖစ္လာခဲ့ၿပီး အစြန္းေရာက္ မ်ိဳးခ်စ္မ်ားသာ ေခါင္းေထာင္ထလာႏိုင္ခဲ့သည္။

ေဒၚေအာင္ဆန္းစုၾကည္သည္လည္း သူမတန္ဖိုးထားခဲ့သည့္ စံႏႈန္းမ်ားကို ထင္သေလာက္ အကာအကြယ္ မေပးႏိုင္ခဲ့ျပန္ေပ။ မည္သို႔ပင္ ျဖစ္ေစ သူမ၏ NLD ပါတီသည္ ေ႐ြးေကာက္ပြဲတြင္ အျပတ္ အသတ္ အႏိုင္ရခဲ့ၿပီး ျဖစ္၍ ယခုလို ေထာင္ထဲတြင္ ရွိမေနသင့္ပဲ အစိုးရ တရပ္ အျဖစ္ ဖြဲ႕စည္းရပ္တည္ေနရမည္ ဆိုသည္ကား သံသယ ျဖစ္စရာမလိုေအာင္ပင္ ေသခ်ာေနေပသည္။

စစ္တပ္အား ဆန႔္က်င္ ရင္ဆိုင္ႏိုင္ရန္ အတြက္ ေ႐ြးခ်ယ္တင္ေျမႇာက္ခံထားရၿပီး ျဖစ္ေသာ လႊတ္ေတာ္ အမတ္မ်ား၊ တိုင္းရင္းသား လူမ်ိဳးစု ကိုယ္စားလွယ္ မ်ား ပါဝင္သည့္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ကို ဖြဲ႕စည္း ႏိူင္လာခဲ့သည္။

ထိုအထဲတြင္ ထိပ္ဆုံးမွ အလင္းျပေပးႏိုင္ခဲ့သူက မိမိ၏ မိတ္ေဆြႀကီးလည္း ျဖစ္သည့္ ေဒါက္တာ ဆာဆာ ပင္ ျဖစ္သည္။ ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္ေရးရာ ဝန္ႀကီးလည္း ျဖစ္သူ ေဒါက္တာ ဆာဆာက ၿဗိတိသွ် ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးရာ ေကာ္မတီ ေရွ႕ေမွာက္တြင္ မၾကာေသးမီက ေျပာၾကားရာ၌ ျမန္မာသည္ ေသေရးရွင္ေရး တမွ် အေရးႀကီးေနေသာ အခ်ိန္ေရာက္ေနၿပီး လူမ်ိဳးတုန္း သတ္ျဖတ္ခံရႏိုင္ဖြယ္ရွိသည့္ အေမွာင္ဆုံးကာလမ်ား ေရာက္လာႏိုင္သည္ဟု မွတ္ခ်က္ေပးသြားခဲ့သည္။

ကိုယ္က်င့္ တရား က်င့္ဝတ္မ်ားအရ မိမိတို႔ အားလုံး NUG အစိုးရကို အသိအမွတ္ ျပဳသင့္လွေပသည္။ စစ္တပ္သည္ အာဏာသိမ္းယူခဲ့မႈ ႏွင့္ အတူ အျပစ္မဲ့လူ အမ်ားအျပားကို သတ္ျဖတ္ခဲ့ၾကသည့္ ရာဇဝတ္မႈ ေျမာက္ေသာ လုပ္ရပ္မ်ားေၾကာင့္ အစိုးရ အဖြဲ႕တရပ္ အျဖစ္ တရားဝင္ ရပ္တည္ပိုင္ခြင့္ဆုံးရႈံးသြားခဲ့ၿပီ ျဖစ္သည္။ NUG သည္သာ ျပည္သူမ်ားကို တရားဝင္ ကိုယ္စားျပဴေနေသာ အစိုးရပင္ ျဖစ္ေပသည္။

ဒီမိုကေရစီ ႏိုင္ငံမ်ားက ရန္ကုန္တြင္ရွိ ၎တို႔၏ သံ႐ုံးမ်ား ပိတ္ခံရမည့္ အေရးကို စိုး႐ြံ႕ေနေသာေၾကာင့္ NUG ကို တရားဝင္ အစိုးရ အျဖစ္ အသိအမွတ္ျပဳရန္ တုံ႔ေႏွးေနၾကျခင္းျဖစ္သည္၊ လက္ရွိ ကန႔္သတ္ခ်ဳပ္ခ်ယ္မႈမ်ား ေအာက္တြင္ အက်ိဳးရွိရာ ရွိေၾကာင္း လုပ္ႏိုင္‌ ေကာင္းသည္ဟု ခံယူ ထားၾကသည္။

သို႔ေသာ္ျငားလည္း လြတ္လပ္ေသာ ကမာၻႏိုင္ငံမ်ားအေနျဖင့္ တတ္ႏိုင္သမွ် အနီးစပ္ဆုံး အေနအထားျဖင့္ NUG အား အသိအမွတ္ျပဳ ဆက္ဆံသြားသင့္သည္။ ၿဗိတိသွ် ပါလီမန္ ႏိုင္ငံျခားေရးရာ ေကာ္မတီမွ NUG အား အေဝးေရာက္ အစိုးရ ပုံစံမ်ိဳးထက္ အသင့္ ေစာင့္ဆိုင္းေနေသာ government-in-waiting သေဘာမ်ိဳးျဖင့္ ဆက္ဆံသြားသင့္ေၾကာင္း ခုခံ ေျပာဆိုသြားခဲ့ၿပီး ျဖစ္သည္။

ႏိုင္ငံတကာမွ အေရးယူ ေဆာင္႐ြက္ရန္ လိုအပ္လာေနၿပီ ျဖစ္သည္။ ကုလသမဂၢ ရွိ တြန္ အင္ဒ႐ူး မွ “အေရးေပၚ ႏိုင္ငံစုံၫြန္ေပါင္း အဖြဲ႕ႀကီး ဖြဲ႕စည္းၿပီး စစ္တပ္၏ အေၾကာက္တရား မ်ား ျဖစ္လာေအာင္ ဖန္တီးေနမႈမ်ားကို ရပ္တန္ျပစ္ရန္ ေတာင္းဆိုခဲ့ၿပီး ျဖစ္သည္။

ျပင္းထန္သည့္ ျပစ္မွတ္ထား ပိတ္ဆို႔ဒဏ္ခတ္မႈမ်ားျဖင့္ စစ္ဗိုလ္ခ်ဳပ္မ်ား၏ ဘ႑ာေရး အသက္ေသြးေၾကာမ်ားကို ျဖတ္ေတာက္ပစ္ရေပမည္။ အခ်ိဳ႕ကို ျပဳလုပ္ထားၿပီး ျဖစ္ေသာ္လည္း ယခုထက္ ပို၍ လုပ္ရန္ လိုအပ္ေနေပေသးသည္။ တကမာၻလုံး အေနအထားျဖင့္ လက္နက္ ေရာင္းခ်မႈ ပိတ္ပင္သြားရန္လည္း လိုေပသည္။

ျမန္မာျပည္သူမ်ား အတြက္ လူသားခ်င္း စာနာေထာက္ထားသည့္ အကူအညီမ်ားအား ျဖစ္ႏိုင္သမွ် နည္းလမ္း ေပါင္းစုံကို သုံး၍ ပံ့ပိုးေပးသြားရမည္ ျဖစ္သည္။ ထိုသို႔ လုပ္ရာတြင္လည္း စစ္ဗိုလ္ခ်ဳပ္မ်ား၏ အိပ္ကပ္ထဲသို႔ ေရာက္မသြားေအာင္လည္း ေရွာင္ရွားရေပမည္။

ျမန္မာအား ငတ္မြတ္ေခါင္းပါးၿပီး ျပည္တြင္းစစ္ ဒဏ္ေၾကာင့္ ဗုံးဗုံးက် ၿပိဳ လဲသြားမည့္ ႏိုင္ငံ ျဖစ္သြားပါက မည္သူကိုမွ် အက်ိဳးရွိရာ ရွိေၾကာင္း ျဖစ္လာလိမ့္မည္ မဟုတ္ေပ၊ ထိုသို႔ ျဖစ္လာပါက ဒုကၡသည္ ျပႆနာႀကီး ျဖစ္ေပၚလာၿပီး ေရာဂါပိုးမ်ား ျပန႔္ပြားလာမည့္ အရင္းအျမစ္ႀကီး ျဖစ္သြားႏိုင္သည္၊ ထို႔ျပင္ ဒီမိုကေရစီ က်ရႈံးၿပီး အာဏာရွင္ စနစ္ ေရွ႕တန္း ေရာက္လာႏိူင္ေပသည္။

ယခုအခါႏိုင္ငံတကာမွ ပါဝင္ ပတ္သက္လာရန္ ခိုင္လုံေသာ အေၾကာင္းတရား မ်ားက ရွိလာေနၿပီ ျဖစ္ေပသည္။

ေနာက္ထပ္ရရွိေသာ သတင္းတရပ္ကေတာ့ အာဏာသိမ္းအဖြဲ႕သည္ ကမာၻအဖြဲ႕အစည္းႀကီးအား ပမာမခန႔္ ျပဳသည့္ သေဘာျဖင့္ ကုလ ရွိ ျမန္မာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ေနရာတြင္ ေလာေလာလတ္လတ္ ယူနီေဖာင္း ခြၽတ္ေပးထား ေသာ ေအာင္သူရိန္ ဆိုသည့္ လူႏွင့္ အစားထိုးရန္ ဒုတိယ အႀကိမ္ ႀကိဳးပမ္းလာခဲ့ျခင္းပင္ ျဖစ္သည္။

သို႔ေသာ္ ကင္မ႐ြန္း၊ တ႐ုတ္၊ အိုက္စလန္၊ ပါပူဝါ နယူးဂီနီ၊ ႐ုရွား၊ ထရီနီဒက္ အင္ တိုဘာဂို၊ တန္ဇန္နီယား၊ အေမရိကန္ ႏွင့္ ဥ႐ုေဂြး တို႔ ပါဝင္ေသာ ကုလ ကိုယ္စားလွယ္ စီစစ္ေရး ေကာ္မတီက ထိုကိစၥ အေပၚ အစည္းအေဝး ေခၚယူထားျခင္း မရွိဟု သိရသည္။
အေရးေတာ္ပုံ ေအာင္ရမည္!!!

Hla Soewai