
Second Wave တုန်းက လူနာတွေနဲ့ ဆရာဝန်တွေ၊ Volunteer တွေအတွက် Happy ၊ သူကြီးသမီး၊ YKKO၊ အောင်သုခ၊ ခိုင်ခိုင်ကျော်လိုဆိုင်တွေက ဆန်အကောင်းစား အသားဟင်း အသီးအရွက်နှစ်မျိုး တစ်ပွဲကို တစ်ထောင်ကျော်လေးနဲ့ ရောင်းပေးကြတယ်။
တိုင်းရင်းသားဒေသတွေက သူနာပြုတွေ ကားအစင်းလိုက် ပြည်မ ဆင်းလာပြီး စင်တာတွေမှာ ဝင်ကူကြတယ်။ကျမ်းမာရေးဝန်ထမ်းတွေနေဖို့ လုံးချင်းတိုက်၊လူမနေသေးတဲ့ ကွန်ဒိုတိုက်အလုံးလိုက်၊ ဟိုတယ်တွေအလုံးလိုက်ကို ပိုင်ရှင်တွေက အလကားပေးနေတယ်။
အလကားမရတောင် အလကားမတ်တင်းနဲ့ ပေးနေတယ်။ တိုက်ခန်းလွတ်တွေမှာနေဖို့ ကုတင်၊မွေ့ယာ၊အဲယားကွန်း၊ရေခဲသေတ္တာ ၊အဝတ်လျှော်စက်အစ အလုံးရေ ရာနဲ့ချီ ဝယ်ထည့်ပေးကြတယ်။
မနက် နေ့လည် ညစာအပြင်ကော်ဖီမစ်၊ရေနွေးအိုးအချိုမုန့်တွေလဲ နေရာတိုင်း ဖရီးချထားပေးတယ်။ဆေးရုံတို့ စင်တာတို့ကနေ အသွားအပြန်လုပ်ဖို့ Airconမီနီဘတ်စ်တွေ စီစဉ်ထားတယ်။ အာရာဖတ်တွေ ၊ အန် စာတုံးတွေဆိုတာ ရေသန့်ကဒ် သယ်ကြတာ။
စစ်တဲ့စက်နဲ့ အရည်ကို ကိုယ့်ပိုက်ဆံ ဒေါ်လာသိန်းချီ စိုက်ဝယ်တယ်။ ဆေးလှောင်ဖို့ အအေးခန်း သို လှောင်ရုံကိုနေ့ချင်းည ချင်းဆောက်တယ်။ကိုယ့်စီးပွားရေးဘေးချပြီးလုပ်ကြတာ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ ပြန်ပေးတာက A4 စာရွက်ပေါ်မှာ ကျန်းမာရေးဝန်ကြီး လက်မှတ်ထိုးထားတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ တစ်ခုပဲ။ဒါတောင် လူကိုယ်တိုင် ယူရတာ မဟုတ်ဘူး။ ဒါကိုပဲ ဝမ်းသာအားရ အားတက်သရောနဲ့ နေရာစုံက ပြည်သူတွေစုပေါင်းကာ အတူတူကူပြီး တွန်း လှန်ခဲ့တာ။
တိုင်းပြည်၊ အစိုးရ၊ ဝန်ထမ်း၊ လုပ်ငန်းရှင်နဲ့ ပြည် သူဆိုတာ အဲ့လိုစည်းလုံးခဲ့ကြတာ။
💪💪 Crd
——————-
Second Wave တုန္းက လူနာေတြနဲ႔ ဆရာဝန္ေတြ၊ Volunteer ေတြအတြက္ Happy ၊ သူႀကီးသမီး၊ YKKO၊ ေအာင္သုခ၊ ခိုင္ခိုင္ေက်ာ္လိုဆိုင္ေတြက ဆန္အေကာင္းစား အသားဟင္း အသီးအ႐ြက္ႏွစ္မ်ိဳး တစ္ပြဲကို တစ္ေထာင္ေက်ာ္ေလးနဲ႔ ေရာင္းေပးၾကတယ္။
တိုင္းရင္းသားေဒသေတြက သူနာျပဳေတြ ကားအစင္းလိုက္ ျပည္မ ဆင္းလာၿပီး စင္တာေတြမွာ ဝင္ကူၾကတယ္။က်မ္းမာေရးဝန္ထမ္းေတြေနဖို႔ လုံးခ်င္းတိုက္၊လူမေနေသးတဲ့ ကြန္ဒိုတိုက္အလုံးလိုက္၊ ဟိုတယ္ေတြအလုံးလိုက္ကို ပိုင္ရွင္ေတြက အလကားေပးေနတယ္။
အလကားမရေတာင္ အလကားမတ္တင္းနဲ႔ ေပးေနတယ္။ တိုက္ခန္းလြတ္ေတြမွာေနဖို႔ ကုတင္၊ေမြ႕ယာ၊အဲယားကြန္း၊ေရခဲေသတၱာ ၊အဝတ္ေလွ်ာ္စက္အစ အလုံးေရ ရာနဲ႔ခ်ီ ဝယ္ထည့္ေပးၾကတယ္။
မနက္ ေန႔လည္ ညစာအျပင္ေကာ္ဖီမစ္၊ေရေႏြးအိုးအခ်ိဳမုန္႔ေတြလဲ ေနရာတိုင္း ဖရီးခ်ထားေပးတယ္။ေဆး႐ုံတို႔ စင္တာတို႔ကေန အသြားအျပန္လုပ္ဖို႔ Airconမီနီဘတ္စ္ေတြ စီစဥ္ထားတယ္။ အာရာဖတ္ေတြ ၊ အန္ စာတုံးေတြဆိုတာ ေရသန္႔ကဒ္ သယ္ၾကတာ။
စစ္တဲ့စက္နဲ႔ အရည္ကို ကိုယ့္ပိုက္ဆံ ေဒၚလာသိန္းခ်ီ စိုက္ဝယ္တယ္။ ေဆးေလွာင္ဖို႔ အေအးခန္း သို ေလွာင္႐ုံကိုေန႔ခ်င္းည ခ်င္းေဆာက္တယ္။ကိုယ့္စီးပြားေရးေဘးခ်ၿပီးလုပ္ၾကတာ။
ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အစိုးရ ျပန္ေပးတာက A4 စာ႐ြက္ေပၚမွာ က်န္းမာေရးဝန္ႀကီး လက္မွတ္ထိုးထားတဲ့ ဂုဏ္ျပဳမွတ္တမ္းလႊာ တစ္ခုပဲ။ဒါေတာင္ လူကိုယ္တိုင္ ယူရတာ မဟုတ္ဘူး။ ဒါကိုပဲ ဝမ္းသာအားရ အားတက္သေရာနဲ႔ ေနရာစုံက ျပည္သူေတြစုေပါင္းကာ အတူတူကူၿပီး တြန္း လွန္ခဲ့တာ။
တိုင္းျပည္၊ အစိုးရ၊ ဝန္ထမ္း၊ လုပ္ငန္းရွင္နဲ႔ ျပည္ သူဆိုတာ အဲ့လိုစည္းလုံးခဲ့ၾကတာ။
💪💪 Crd..