အကြပ်အတည်းတွေကြားကနေ လူဦးရေ(၁၂၀၀)စာအတွက် ဆန်များထုပ်ပိုးပြီး မျှဝေလှူဒါန်းပေးခဲ့တဲ့ စေတနာရှင် မိသားစုတစ်စုရဲ့ အလှူ

လတ်တလောမှာ မြန်မာပြည်သူတွေကတော့ နိုင်ငံရေးအခြေအနေနဲ့ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ရောဂါကို ဆိုးဆိုးရွားရွား ခံစားနေရရှာပါတယ်။

ယခုလိုအခြေအနေမျိုးတွေမှာ နေ့စဉ် ရုန်းကန် ရှာဖွေစားသောက်နေရတဲ့ ပြည်သူတွေအဖို့ အခက်အခဲတွေရှိလာခဲ့ပြီး ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရပါတယ်။

တချို့မိသားစုတွေဆိုရင် ရောဂါကူးစက်ခံထားရလို့ ဆေးမကုသနိုင်တာကြောင့် အသက်သေဆုံးနေရတာတွေလည်း ရှိလာခဲ့ပါတယ်။

ဒီလိုအခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကိုလည်း အလှူရှင်တွေက အကြပ်အတည်းတွေ ကြားကနေ စားသောက်စရာများ၊ ဆေးဝါးများနဲ့ ငွေကြေးများ တတ်နိုင်သလောက်လှူဒါန်းပေးလာကြပါတယ်။

ယခုနောက်ပိုင်းမှာတော့ ပြည်သူကပဲ အခက်အခဲတွေနဲ့ ကြုံတွေနေရတဲ့ ပြည်သူတွေကို အချင်းချင်း ကူညီထောက်ပံ့ပေးလာခဲ့တာ တွေ့လာရပါတယ်။

ယခုမှာလည်း ပြည်သူက ပြည်သူတွေကို ကူညီထောက်ပံ့လှူဒါန်းပေးခဲ့တဲ့ ကြည်နူးစရာသတင်းလေးတစ်ခုကို ထပ်မံကြားသိရပါတယ်။

ဒါကတော့ ဇူလိုင်လ (၂၅)ရက်နေ့မှာ ကလေးမြို့၊ “ချိုမွှေး” သစ်သီးပွဲရုံ စေတနာရှင်မိသားစုက လိုအပ်နေကြတဲ့ သူတွေအတွက် လူဦးရေ (၁၂၀၀) စာ ဆန်များကို ထုပ်ပိုးပြီး တတ်နိုင်သလောက် လှူဒါန်းပေးခဲ့တယ်လို့ ကြားသိရပါတယ်။

လိုအပ်နေတဲ့ မိသားစုတွေကလည်း ဆန်မလှူပေးခင်အချိန်လေးမှာ အများအပြားလာရောက် တန်းစီစောင့်ဆိုင်းနေကြတာကို ယခုပုံတွေမှာ တွေ့မြင်ရပါတယ်။

ကဲ..ပရိသတ်တွေလည်း ယခုလိုကာလမျိုးမှာ အခက်အခဲဖြစ်နေတဲ့ သူတွေကို တတ်နိုင်သလောက် အလှူလေးပြုလုပ်ခဲ့တဲ့ စေတနာရှင်မိသားစုလေးကို ဆုတောင်းမေတ္တာတွေပို့သပေးပါဦးနော်…။

————-

လတ္တေလာမွာ ျမန္မာျပည္သူေတြကေတာ့ ႏိုင္ငံေရးအေျခအေနနဲ႔ ျပန္လည္ျဖစ္ပြားခဲ့တဲ့ ကိုဗစ္ေရာဂါကို ဆိုးဆိုး႐ြား႐ြား ခံစားေနရရွာပါတယ္။

ယခုလိုအေျခအေနမ်ိဳးေတြမွာ ေန႔စဥ္ ႐ုန္းကန္ ရွာေဖြစားေသာက္ေနရတဲ့ ျပည္သူေတြအဖို႔ အခက္အခဲေတြရွိလာခဲ့ၿပီး ဒုကၡမ်ိဳးစုံနဲ႔ ႀကဳံေတြ႕ေနရပါတယ္။

တခ်ိဳ႕မိသားစုေတြဆိုရင္ ေရာဂါကူးစက္ခံထားရလို႔ ေဆးမကုသႏိုင္တာေၾကာင့္ အသက္ေသဆုံးေနရတာေတြလည္း ရွိလာခဲ့ပါတယ္။

ဒီလိုအခက္အခဲျဖစ္ေနတဲ့ ျပည္သူေတြကိုလည္း အလႉရွင္ေတြက အၾကပ္အတည္းေတြ ၾကားကေန စားေသာက္စရာမ်ား၊ ေဆးဝါးမ်ားနဲ႔ ေငြေၾကးမ်ား တတ္ႏိုင္သေလာက္လႉဒါန္းေပးလာၾကပါတယ္။

ယခုေနာက္ပိုင္းမွာေတာ့ ျပည္သူကပဲ အခက္အခဲေတြနဲ႔ ႀကဳံေတြေနရတဲ့ ျပည္သူေတြကို အခ်င္းခ်င္း ကူညီေထာက္ပံ့ေပးလာခဲ့တာ ေတြ႕လာရပါတယ္။

ယခုမွာလည္း ျပည္သူက ျပည္သူေတြကို ကူညီေထာက္ပံ့လႉဒါန္းေပးခဲ့တဲ့ ၾကည္ႏူးစရာသတင္းေလးတစ္ခုကို ထပ္မံၾကားသိရပါတယ္။

ဒါကေတာ့ ဇူလိုင္လ (၂၅)ရက္ေန႔မွာ ကေလးၿမိဳ႕၊ “ခ်ိဳေမႊး” သစ္သီးပြဲ႐ုံ ေစတနာရွင္မိသားစုက လိုအပ္ေနၾကတဲ့ သူေတြအတြက္ လူဦးေရ (၁၂၀၀) စာ ဆန္မ်ားကို ထုပ္ပိုးၿပီး တတ္ႏိုင္သေလာက္ လႉဒါန္းေပးခဲ့တယ္လို႔ ၾကားသိရပါတယ္။

လိုအပ္ေနတဲ့ မိသားစုေတြကလည္း ဆန္မလႉေပးခင္အခ်ိန္ေလးမွာ အမ်ားအျပားလာေရာက္ တန္းစီေစာင့္ဆိုင္းေနၾကတာကို ယခုပုံေတြမွာ ေတြ႕ျမင္ရပါတယ္။

ကဲ..ပရိသတ္ေတြလည္း ယခုလိုကာလမ်ိဳးမွာ အခက္အခဲျဖစ္ေနတဲ့ သူေတြကို တတ္ႏိုင္သေလာက္ အလႉေလးျပဳလုပ္ခဲ့တဲ့ ေစတနာရွင္မိသားစုေလးကို ဆုေတာင္းေမတၱာေတြပို႔သေပးပါဦးေနာ္…။

credit…