
ချင်းပြည်နယ်၊ မင်းတပ်မြို့ အနောက်တောင်ဘက်ရှိ မကွီအိမ်နူးကျေးရွာအုပ်စုရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းထားသည် ရဲစခန်းကို ဇူလိုင်လ ၂၄ ရက်နံနက်ပိုင်းတွင် မင်းတပ် CDF တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ပြီး အဆိုပါရဲစခန်းမှ တာဝန်ရှိသူဦးဆောင်ကာ CDF များထံ လက်နက်ချလိုက်ကြောင်း သတင်းရရှိသည်။
မင်းတပ်မြို့က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နဲ့ တွဲဖက်ထားတဲ့ မကွီအိမ်နူး ရှေ့တန်း စခန်းတစ်ခုက စခန်းတာဝန်ရှိသူ စစ်တက္ကသိုလ်အပတ်စဉ် ၅၅ ကျောင်းဆင်း ဗိုလ်ကြီးသိန်းထိုက်အပါအဝင် တပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်ဟာ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းသွားခဲ့သည်ဟု ဒေသသတင်းရင်းမြစ် Zalen သတင်းဌာနက ယနေ့နံနက်တွင် ရေးသားဖော်ပြထားသည်။
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝတ်စုံများ၊ MA-1, MA-3များ၊ အခြားမောင်းပြန်ရိုင်ဖယ်သေနတ်များနှင့် ပစ္စတိုသေနတ် ၁ လက် အပါအဝင် သေနတ်ပေါင်း ၂၀ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရမိသည့်ပုံ လူမှုကွန်ရက်ပေါ်တွင် ယနေ့ ဇူလိုင်လ ၂၆ ရက် နံနက်တွင် ပျံ့နှံ့လာပြီး အဆိုပါဓါတ်ပုံသည် မကွီအိမ်နူးရဲစခန်းမှ သိမ်းဆည်းရမိသော လက်နက်များဟု ယူဆရသည်။
“အရာရှိဦးစီး စကစတပ်ဖွဲ့တစ်ဖွဲ့နဲ့ တွဲဖက်ထားတဲ့ ရဲကင်းစခန်းတစ်ခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်လိုက်တာပါ။ သွေးမြေတစက်မကျဘဲ စခန်းမှူးကိုယ်တိုင်ဦးဆောင်ပြီး အသာတကြည်အညံ့ခံခဲ့တာပါ၊ အခု သူတို့အခြေအနေကောင်းပါတယ်၊ သေသေချာချာစောင့်ရှောက်ထားတယ်” ဟု မင်းတပ်မြို့နယ် CDF တပ်ဖွဲ့ဝင်များနှင့် အတူရှိနေသည့် CDM ဗိုလ်ကြီးတစ်ဦးမှ ဆိုသည်။
မကွီအိမ်နူးကျေးရွာသည် ဆော-ကန်ပက်လက်-မကွီအိမ်နူး-ပလဝ ကားလမ်းပေါ်တွင်တည်ရှိပြီး မင်းတပ်မြို့ အနောက်တောင်ဘက် မိုင် ၇၀ ခန့် အကွာတွင် တည်ရှိသည်။
စစ်ကောင်စီနှင့် CDF တို့ ယာယီအပစ်ရပ်ထားမှု ယခုလ ၁၆ ရက်တွင် ပျက်ပြယ်သွားပြီးနောက် ချင်းပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသလို မင်းတပ်မြို့နယ်အတွင်း၌လည်း အကြမ်းဖက်စစ်ကောင်စီမှ အင်အားအများအပြား တိုးချဲ့ချထားပြီး စစ်ရှောင်များရှိရာ ကျေးရွာများအထိ ထိုးစစ်ဆင်နေခဲ့သည်။
ယမန်နေ့ ဇူလိုင်လ ၂၅ ရက်တွင် ချင်းပြည်နယ် မင်းတပ်မြို့နယ်နှင့် မကွေးတိုင်း ထီးချိုင့်မြို့နယ် ထိစပ်နေသော ဒေသရှိ ရွှေအောင်သာကျေးရွာဘက်တွင် စစ်ကောင်စီနှင့် CDF ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးသည်ဟု သတင်းများထွက်ပေါ်နေသည်
————-
ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕ အေနာက္ေတာင္ဘက္ရွိ မကြီအိမ္ႏူးေက်း႐ြာအုပ္စုရွိ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား ပူးေပါင္းထားသည္ ရဲစခန္းကို ဇူလိုင္လ ၂၄ ရက္နံနက္ပိုင္းတြင္ မင္းတပ္ CDF တပ္ဖြဲ႕မွ ဝင္ေရာက္တိုက္ခိုက္ၿပီး အဆိုပါရဲစခန္းမွ တာဝန္ရွိသူဦးေဆာင္ကာ CDF မ်ားထံ လက္နက္ခ်လိုက္ေၾကာင္း သတင္းရရွိသည္။
မင္းတပ္ၿမိဳ႕က အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕နဲ႔ တြဲဖက္ထားတဲ့ မကြီအိမ္ႏူး ေရွ႕တန္း စခန္းတစ္ခုက စခန္းတာဝန္ရွိသူ စစ္တကၠသိုလ္အပတ္စဥ္ ၅၅ ေက်ာင္းဆင္း ဗိုလ္ႀကီးသိန္းထိုက္အပါအဝင္ တပ္ဖြဲ႕ဝင္ ၂၀ ဝန္းက်င္ဟာ ေဒသခံျပည္သူကာကြယ္ေရးတပ္ေတြနဲ႔ ပူးေပါင္းသြားခဲ့သည္ဟု ေဒသသတင္းရင္းျမစ္ Zalen သတင္းဌာနက ယေန႔နံနက္တြင္ ေရးသားေဖာ္ျပထားသည္။
မုံ႐ြာအေျခစိုက္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ဝတ္စုံမ်ား၊ MA-1, MA-3မ်ား၊ အျခားေမာင္းျပန္႐ိုင္ဖယ္ေသနတ္မ်ားႏွင့္ ပစၥတိုေသနတ္ ၁ လက္ အပါအဝင္ ေသနတ္ေပါင္း ၂၀ လက္ႏွင့္ က်ည္ဆံမ်ား သိမ္းဆည္းရမိသည့္ပုံ လူမႈကြန္ရက္ေပၚတြင္ ယေန႔ ဇူလိုင္လ ၂၆ ရက္ နံနက္တြင္ ပ်ံ႕ႏွံ႔လာၿပီး အဆိုပါဓါတ္ပုံသည္ မကြီအိမ္ႏူးရဲစခန္းမွ သိမ္းဆည္းရမိေသာ လက္နက္မ်ားဟု ယူဆရသည္။
“အရာရွိဦးစီး စကစတပ္ဖြဲ႕တစ္ဖြဲ႕နဲ႔ တြဲဖက္ထားတဲ့ ရဲကင္းစခန္းတစ္ခုကို ေဒသကာကြယ္ေရးတပ္ဖြဲ႕က သိမ္းပိုက္လိုက္တာပါ။ ေသြးေျမတစက္မက်ဘဲ စခန္းမႉးကိုယ္တိုင္ဦးေဆာင္ၿပီး အသာတၾကည္အညံ့ခံခဲ့တာပါ၊ အခု သူတို႔အေျခအေနေကာင္းပါတယ္၊ ေသေသခ်ာခ်ာေစာင့္ေရွာက္ထားတယ္” ဟု မင္းတပ္ၿမိဳ႕နယ္ CDF တပ္ဖြဲ႕ဝင္မ်ားႏွင့္ အတူရွိေနသည့္ CDM ဗိုလ္ႀကီးတစ္ဦးမွ ဆိုသည္။
မကြီအိမ္ႏူးေက်း႐ြာသည္ ေဆာ-ကန္ပက္လက္-မကြီအိမ္ႏူး-ပလဝ ကားလမ္းေပၚတြင္တည္ရွိၿပီး မင္းတပ္ၿမိဳ႕ အေနာက္ေတာင္ဘက္ မိုင္ ၇၀ ခန႔္ အကြာတြင္ တည္ရွိသည္။
စစ္ေကာင္စီႏွင့္ CDF တို႔ ယာယီအပစ္ရပ္ထားမႈ ယခုလ ၁၆ ရက္တြင္ ပ်က္ျပယ္သြားၿပီးေနာက္ ခ်င္းျပည္နယ္အတြင္း တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားလာသလို မင္းတပ္ၿမိဳ႕နယ္အတြင္း၌လည္း အၾကမ္းဖက္စစ္ေကာင္စီမွ အင္အားအမ်ားအျပား တိုးခ်ဲ႕ခ်ထားၿပီး စစ္ေရွာင္မ်ားရွိရာ ေက်း႐ြာမ်ားအထိ ထိုးစစ္ဆင္ေနခဲ့သည္။
ယမန္ေန႔ ဇူလိုင္လ ၂၅ ရက္တြင္ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္ႏွင့္ မေကြးတိုင္း ထီးခ်ိဳင့္ၿမိဳ႕နယ္ ထိစပ္ေနေသာ ေဒသရွိ ေ႐ႊေအာင္သာေက်း႐ြာဘက္တြင္ စစ္ေကာင္စီႏွင့္ CDF ၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး CDF တပ္ဖြဲ႕ဝင္ ၄ ဦး က်ဆုံးသည္ဟု သတင္းမ်ားထြက္ေပၚေနသည္