ဇာတိရွာကနေ လေးလံတဲ့ ကြိုးပုခက်ကိုထမ်းကာ မြို့တက်ပြီး ရောင်းချနေတဲ့ အသက် ၁၀၂ နှစ်ရှိနေပြီဖြစ်တဲ့အဘိုးအို

Tatay Tony လို့ခေါ်တဲ့ အဘိုးအိုဟာ အသက် ၁၀၂ နှစ်ရှိပြီဖြစ်သော်လည်း သူ့ရဲ့ အသက်အရွယ်နဲ့ပင်မလိုက်အောင် လေးလံတဲ့ကြိုးပုခက်များကို ရောင်းချရန် ဇာတိရွာကနေ မြို့ကို နေ့တိုင်းလမ်းလျှောက် သွားနေရဆဲဖြစ်ပါတယ် ။

Tatay ဟာ ထိုသို့သောအလုပ်မျိုးအတွက် အသက်ကြီးလွန်းတယ်လို့ လူအများကထုတ်ဖော်ပြောကြားသော်လည်း သူက ကျန်းမာသန်စွမ်းနေဆဲဖြစ်တယ်လို့ အခိုင်အမာဆိုခဲ့ပါတယ် ။ သူက သူ့မိသားစုအတွက် ငွေရှာနိုင်သလောက်ကို ကြိုးစားလုပ်ကိုင်နေတာပါ ။

ထိုအဘိုးရဲ့ အလုပ်ကြိုးစားမှု ဓာတ်ပုံတွေဟာ Facebook ပေါ် တင်ပြလိုက်တဲ့အခါမှာ Tatay ရဲ့ အသက်အရွယ်အရ ဆက်လက်ဝင်ငွေရရှိရန် စိတ်ပိုင်းဖြတ်ထားမှုအပေါ် အလွန်အမင်းလေးစားကြောင်းနဲ့ သူ့ရဲ့ ကျန်းမာရေး၊ လုပ်ခြုံရေးအတွက် အင်တာနက် အသုံးပြုသူတွေက စိုးရိမ်နေကြပါတယ် ။

အင်တာနက်အသုံးပြုသူများစွာဟာ အဘိုးရဲ့အသက်အရွယ်အရဆိုရင် အိမ်မှာ အနားယူပြီး သားသမီးနဲ့ မြေးတွေကသာ မိသားစုအတွက် ပိုက်ဆံရှာသင့်ကြောင်း ထင်မြင်ကြပါတယ် ။ ဒါပေမဲ့ Tatay Tony က အလုပ်ကြိုးစားတဲ့ သက်ကြီးရွယ်အိုများအနက်မှ တစ်ယောက်ဖြစ်ပါတယ် ။

အင်တာနက်အသုံးပြုသူများစွာက အဘိုးရဲ့ကြိုးပုခက်များကို ဝယ်ယူအားပေးခြင်း (သို့) အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် သူ့ကို ကူညီရန် ကမ်းလှမ်းနေကြပါတယ် ။

Credit Myat

———-

Tatay Tony လို႔ေခၚတဲ့ အဘိုးအိုဟာ အသက္ ၁၀၂ ႏွစ္ရွိၿပီျဖစ္ေသာ္လည္း သူ႔ရဲ႕ အသက္အ႐ြယ္နဲ႔ပင္မလိုက္ေအာင္ ေလးလံတဲ့ႀကိဳးပုခက္မ်ားကို ေရာင္းခ်ရန္ ဇာတိ႐ြာကေန ၿမိဳ႕ကို ေန႔တိုင္းလမ္းေလွ်ာက္ သြားေနရဆဲျဖစ္ပါတယ္ ။

Tatay ဟာ ထိုသို႔ေသာအလုပ္မ်ိဳးအတြက္ အသက္ႀကီးလြန္းတယ္လို႔ လူအမ်ားကထုတ္ေဖာ္ေျပာၾကားေသာ္လည္း သူက က်န္းမာသန္စြမ္းေနဆဲျဖစ္တယ္လို႔ အခိုင္အမာဆိုခဲ့ပါတယ္ ။ သူက သူ႔မိသားစုအတြက္ ေငြရွာႏိုင္သေလာက္ကို ႀကိဳးစားလုပ္ကိုင္ေနတာပါ ။

ထိုအဘိုးရဲ႕ အလုပ္ႀကိဳးစားမႈ ဓာတ္ပုံေတြဟာ Facebook ေပၚ တင္ျပလိုက္တဲ့အခါမွာ Tatay ရဲ႕ အသက္အ႐ြယ္အရ ဆက္လက္ဝင္ေငြရရွိရန္ စိတ္ပိုင္းျဖတ္ထားမႈအေပၚ အလြန္အမင္းေလးစားေၾကာင္းနဲ႔ သူ႔ရဲ႕ က်န္းမာေရး၊ လုပ္ၿခဳံေရးအတြက္ အင္တာနက္ အသုံးျပဳသူေတြက စိုးရိမ္ေနၾကပါတယ္ ။

အင္တာနက္အသုံးျပဳသူမ်ားစြာဟာ အဘိုးရဲ႕အသက္အ႐ြယ္အရဆိုရင္ အိမ္မွာ အနားယူၿပီး သားသမီးနဲ႔ ေျမးေတြကသာ မိသားစုအတြက္ ပိုက္ဆံရွာသင့္ေၾကာင္း ထင္ျမင္ၾကပါတယ္ ။ ဒါေပမဲ့ Tatay Tony က အလုပ္ႀကိဳးစားတဲ့ သက္ႀကီး႐ြယ္အိုမ်ားအနက္မွ တစ္ေယာက္ျဖစ္ပါတယ္ ။

အင္တာနက္အသုံးျပဳသူမ်ားစြာက အဘိုးရဲ႕ႀကိဳးပုခက္မ်ားကို ဝယ္ယူအားေပးျခင္း (သို႔) အျခားလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးျခင္းျဖင့္ သူ႔ကို ကူညီရန္ ကမ္းလွမ္းေနၾကပါတယ္ ။

Credit Myat