သရုပ်ဆောင် ထားထက်ထက် အဖေကွယ်လွန်

ဖေဖေက သမီးပြန်လာတာကို မစောင့်ပဲ သမီးကိုထားခဲ့တယ်။ သမီးရဲ့ ကမ္ဘာကြီးတခုလုံး သမီးရဲ့အရာရာ ဖေဖေ့ကို အဆက်အသွယ်မလုပ်တာ ၄ လရှိပြီ။ဖေဖေနဲ့စကားမပြောရတာ ၄ လရှိပြီ။ဖေဖေ့မျက်နှာမမြင်ရတာ ၄ လရှိပြီ။

ဖေဖေနေကောင်းကျန်းမာရဲ့လား ဘာလိုအပ်တာရှိလဲ အဆင်ပြေရဲ့လားဆိုတာတွေ အခြားလူတစ်ယောက်က တဆင့်ပဲ အမြဲမပြတ်မေးနေခဲ့ရတယ်။ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ ဗိုက်နာလို့နေမကောင်းဘူးကြားတော့

အရမ်းသတိရစိတ်ပူလို့ စကားပြောချင် တွေ့ချင်လို့ ဖြစ်ချင်ရာဖြစ် ဖုန်းခေါ်မယ် စကားပြောမယ်လို့ ချိန်းထားတာ ဒီနေ့လေ ဘာလို့ဒီနေ့မှ စကားတောင်မပြော မြင်ခွင့်တောင်မရပဲ သမီးကိုထားခဲ့ရတာလဲ။

ဖေ့သမီးလေးအတွက်ဂုဏ်ယူနေပေမယ့် တောထဲမှာအနေအစားဆင်းရဲပင်ပန်းတာကို နှမြောပြီး စိတ်မကောင်းဖြစ်နေတယ် ပြောတယ်ဆို။ သမီးက မီးမရှိ အင်တာနက်မရတဲ့နေရာမှာဖြစ်နေလို့ ရတဲ့နေရာမှာသွားသုံးရတာလေ ဒီနေ့မနက်ပိုင်း အင်တာနက်ရတဲ့နေရာမသွားဖြစ်သေးပဲ ညနေပိုင်းမှသွားပြီး

အေးဆေး video call ခေါ်မယ် စကားတွေပြောမလို့လုပ်နေတာလေ အဲ့ဒါကို နေ့လည်ပိုင်းမှာ ဘာလို့ထွက်သွားရတာလဲ ဖေရယ်။ ဘာလို့ဒီနေ့မှလဲ ဘာလို့ဒီချိန်ကြီးမှာလဲ။ ကံကြမ္မာက သမီးအပေါ် သိပ်ရက်စက်လွန်းတယ်။သမီးပြန်လာပြီး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြမယ်လို့ပြောထားတယ်လေ ဘာလို့မစောင့်ပဲ သမီးကိုဒီတိုင်းထားခဲ့ရတာလဲ။

ဖေဖေ့ဘဝအကြောင်းစာအုပ်ထုတ်ချင်တယ် ပြောထားလို့ ဖေ့ကို မှတ်မိသလောက် ဘဝဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ အတွေ့အကြုံတွေကို တနေ့တမျက်နှာစာရေးဖို့ အိမ်စာပေးထားတာ သမီးကို အဲ့ဒီ့စာတွေ မပြသေးဘူးလေ။

ဖေရေးတာလဲ မပြီးသေးဘူးလေ သမီးမဖတ်ရသေးဘူးလေ။ ခရီးတူတူသွားဖို့ခေါ်ရခက်တဲ့ ဖေ့ကို ဗုဒ္ဓဂါယာ မိသားစုလိုက်တူတူသွားဖို့ သမီးစီစဉ်လိုက်မယ်ပြောတော့ အေး သွားတာပေါ့ ဆိုပြီး ကတိပေးထားတယ်လေ။ သွားလို့မရသေးလို့ စောင့်နေရတာလေ ဖေရယ်။

မိသားစုဓာတ်ပုံကောင်းကောင်းရိုက်ချင်လို့ ဆိုင်ကိုမသွားချင်ဘူးဆိုလို့ အိမ်မှာပဲသေချာခေါ်ရိုက်မလို့ဟာတောင် မရိုက်ရသေးဘူးလေ ဖေရယ်။ သမီးဒီနေ့ဖေနဲ့ဖုန်းပြောချင်တာ ဖေအိပ်နေတဲ့ပုံကိုကြည့်ဖို့မဟုတ်ဘူးလေ စကားပြောချင်လို့ သတိရလို့ မျက်နှာလေးမြင်ချင်လို့လေ ဖေရယ်။ ဘာလို့သမီးကို ဒီလိုပုံစံနဲ့မြင်စေပြီး ထားခဲ့ရတာလဲ ဖေရယ်။

သမီးအတွက် နောက်ဆုံးအကြိမ်တောင် ဖေ့ကိုတွေ့ခွင့် ကန်တော့ခွင့် လက်လေးကိုင်ခွင့်တောင် မရနိုင်ဘူး။ သမီးဘယ်လိုခံစားနိုင်မှာလဲ ဖေရယ်။ ပြန်ထလာပါဦးနော်။ သမီးပြန်လာတာကိုစောင့်မယ်ဆို။ သမီးဘယ်လိုမှမဖြေနိုင် မခံစားနိုင်ပါဘူး ဖေရယ်။

သမီးရဲ့ကမ္ဘာကြီးတခုလုံးပါ။ သမီးအရမ်း အရမ်းချစ်တာ။ ဖေနေမကောင်းရင် တခုခုဖြစ်ရင်ဆိုတဲ့ အတွေးနဲ့တင် ရင်ကွဲရတာပါ။ မခံစားနိုင်တာပါ။ အခုလေသမီးဘယ်သူ့ကို မင်းသား နေကောင်းရဲ့လား မင်းသားဘာတွေလုပ်နေလဲ လျှောက်သွားပြီး အလုပ်တွေလျှောက်လုပ်မနေနဲ့နော် ဆိုပြီး ဘယ်သူ့ကို ပြောရမှာလဲ ဖေရယ်။

ဖေပြန်လာပေးတာပဲလိုချင်တယ်။ သမီးမှာစကားလေးတောင် မပြောရသေး မျက်နှာလေးတောင် မမြင်ရသေးဘူးလေ။ ဒီနေ့မှလေ ဒီနေ့မှ တွေ့မယ် ပြောမယ် လုပ်နေတာလေ။ ဒီနေ့မှလေ ဒီနေ့မှ ဖေဖေရဲ့ 😭😭😭 သမီးကို မထားခဲ့ပါဲနဲ့နော်

26 July 2021(Monday)Htar Htet Htet

———-

ေဖေဖက သမီးျပန္လာတာကို မေစာင့္ပဲ သမီးကိုထားခဲ့တယ္။ သမီးရဲ႕ ကမာၻႀကီးတခုလုံး သမီးရဲ႕အရာရာ ေဖေဖ့ကို အဆက္အသြယ္မလုပ္တာ ၄ လရွိၿပီ။ေဖေဖနဲ႔စကားမေျပာရတာ ၄ လရွိၿပီ။ေဖေဖ့မ်က္ႏွာမျမင္ရတာ ၄ လရွိၿပီ။

ေဖေဖေနေကာင္းက်န္းမာရဲ႕လား ဘာလိုအပ္တာရွိလဲ အဆင္ေျပရဲ႕လားဆိုတာေတြ အျခားလူတစ္ေယာက္က တဆင့္ပဲ အၿမဲမျပတ္ေမးေနခဲ့ရတယ္။ၿပီးခဲ့တဲ့ ၂ ရက္ေလာက္ကမွ ဗိုက္နာလို႔ေနမေကာင္းဘူးၾကားေတာ့

အရမ္းသတိရစိတ္ပူလို႔ စကားေျပာခ်င္ ေတြ႕ခ်င္လို႔ ျဖစ္ခ်င္ရာျဖစ္ ဖုန္းေခၚမယ္ စကားေျပာမယ္လို႔ ခ်ိန္းထားတာ ဒီေန႔ေလ ဘာလို႔ဒီေန႔မွ စကားေတာင္မေျပာ ျမင္ခြင့္ေတာင္မရပဲ သမီးကိုထားခဲ့ရတာလဲ။

ေဖ့သမီးေလးအတြက္ဂုဏ္ယူေနေပမယ့္ ေတာထဲမွာအေနအစားဆင္းရဲပင္ပန္းတာကို ႏွေျမာၿပီး စိတ္မေကာင္းျဖစ္ေနတယ္ ေျပာတယ္ဆို။ သမီးက မီးမရွိ အင္တာနက္မရတဲ့ေနရာမွာျဖစ္ေနလို႔ ရတဲ့ေနရာမွာသြားသုံးရတာေလ ဒီေန႔မနက္ပိုင္း အင္တာနက္ရတဲ့ေနရာမသြားျဖစ္ေသးပဲ ညေနပိုင္းမွသြားၿပီး

ေအးေဆး video call ေခၚမယ္ စကားေတြေျပာမလို႔လုပ္ေနတာေလ အဲ့ဒါကို ေန႔လည္ပိုင္းမွာ ဘာလို႔ထြက္သြားရတာလဲ ေဖရယ္။ ဘာလို႔ဒီေန႔မွလဲ ဘာလို႔ဒီခ်ိန္ႀကီးမွာလဲ။ ကံၾကမၼာက သမီးအေပၚ သိပ္ရက္စက္လြန္းတယ္။သမီးျပန္လာၿပီး က်န္းက်န္းမာမာနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနၾကမယ္လို႔ေျပာထားတယ္ေလ ဘာလို႔မေစာင့္ပဲ သမီးကိုဒီတိုင္းထားခဲ့ရတာလဲ။

ေဖေဖ့ဘဝအေၾကာင္းစာအုပ္ထုတ္ခ်င္တယ္ ေျပာထားလို႔ ေဖ့ကို မွတ္မိသေလာက္ ဘဝျဖတ္သန္းခဲ့ရတဲ့ အခက္အခဲ အေတြ႕အႀကဳံေတြကို တေန႔တမ်က္ႏွာစာေရးဖို႔ အိမ္စာေပးထားတာ သမီးကို အဲ့ဒီ့စာေတြ မျပေသးဘူးေလ။

ေဖေရးတာလဲ မၿပီးေသးဘူးေလ သမီးမဖတ္ရေသးဘူးေလ။ ခရီးတူတူသြားဖို႔ေခၚရခက္တဲ့ ေဖ့ကို ဗုဒၶဂါယာ မိသားစုလိုက္တူတူသြားဖို႔ သမီးစီစဥ္လိုက္မယ္ေျပာေတာ့ ေအး သြားတာေပါ့ ဆိုၿပီး ကတိေပးထားတယ္ေလ။ သြားလို႔မရေသးလို႔ ေစာင့္ေနရတာေလ ေဖရယ္။

မိသားစုဓာတ္ပုံေကာင္းေကာင္း႐ိုက္ခ်င္လို႔ ဆိုင္ကိုမသြားခ်င္ဘူးဆိုလို႔ အိမ္မွာပဲေသခ်ာေခၚ႐ိုက္မလို႔ဟာေတာင္ မ႐ိုက္ရေသးဘူးေလ ေဖရယ္။ သမီးဒီေန႔ေဖနဲ႔ဖုန္းေျပာခ်င္တာ ေဖအိပ္ေနတဲ့ပုံကိုၾကည့္ဖို႔မဟုတ္ဘူးေလ စကားေျပာခ်င္လို႔ သတိရလို႔ မ်က္ႏွာေလးျမင္ခ်င္လို႔ေလ ေဖရယ္။ ဘာလို႔သမီးကို ဒီလိုပုံစံနဲ႔ျမင္ေစၿပီး ထားခဲ့ရတာလဲ ေဖရယ္။

သမီးအတြက္ ေနာက္ဆုံးအႀကိမ္ေတာင္ ေဖ့ကိုေတြ႕ခြင့္ ကန္ေတာ့ခြင့္ လက္ေလးကိုင္ခြင့္ေတာင္ မရႏိုင္ဘူး။ သမီးဘယ္လိုခံစားႏိုင္မွာလဲ ေဖရယ္။ ျပန္ထလာပါဦးေနာ္။ သမီးျပန္လာတာကိုေစာင့္မယ္ဆို။ သမီးဘယ္လိုမွမေျဖႏိုင္ မခံစားႏိုင္ပါဘူး ေဖရယ္။

သမီးရဲ႕ကမာၻႀကီးတခုလုံးပါ။ သမီးအရမ္း အရမ္းခ်စ္တာ။ ေဖေနမေကာင္းရင္ တခုခုျဖစ္ရင္ဆိုတဲ့ အေတြးနဲ႔တင္ ရင္ကြဲရတာပါ။ မခံစားႏိုင္တာပါ။ အခုေလသမီးဘယ္သူ႔ကို မင္းသား ေနေကာင္းရဲ႕လား မင္းသားဘာေတြလုပ္ေနလဲ ေလွ်ာက္သြားၿပီး အလုပ္ေတြေလွ်ာက္လုပ္မေနနဲ႔ေနာ္ ဆိုၿပီး ဘယ္သူ႔ကို ေျပာရမွာလဲ ေဖရယ္။

ေဖျပန္လာေပးတာပဲလိုခ်င္တယ္။ သမီးမွာစကားေလးေတာင္ မေျပာရေသး မ်က္ႏွာေလးေတာင္ မျမင္ရေသးဘူးေလ။ ဒီေန႔မွေလ ဒီေန႔မွ ေတြ႕မယ္ ေျပာမယ္ လုပ္ေနတာေလ။ ဒီေန႔မွေလ ဒီေန႔မွ ေဖေဖရဲ႕ 😭😭😭 သမီးကို မထားခဲ့ပါဲနဲ႔ေနာ္

26 July 2021(Monday)Htar Htet Htet