
စစ်တောင်းမြစ်အပါအဝင် မြစ်သုံးစင်းမှာလည်း စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိနေ၍ ရေဘေးအန္တရာယ် ပိုမိုကြီးမားလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ သုတေသီတစ်ဦးက သတိပေးထားသည်။
” ဒီကာလက မြန်မာမှာ ပထမရေကြီးကာလ ဖြစ်တယ်။ မွန်တို့ ကရင်တို့ တနင်္သာရီတို့မှာ မြစ်ရေတိုးချိန် မိုးပါရွာရင် ရေဘေးက အရမ်းဆိုးတယ်။ လက်ရှိရာသီဥတုအခြေအနေအရ မိုးက ဆက်ကောင်းနေမှာ။ ဒေသအလိုက် ကြိုပြင်ဆင်မှုအားနည်းရင်တော့ မလွယ်ဘူး”ဟု မိုးလေဝသဆိုင်ရာ သုတေသီတစ်ဦးကပြောသည်။
လက်ရှိရေကြီးနေသည် ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အပါအဝင် ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် မိုးကြီးနိုင်ကြောင်း မိုးဇလဌာနက ယနေ့ ထုတ်ပြန်ထားသည်။
ထိုင်း- မြန်မာနယ်စပ်မြစ်ဖြစ်သော သောင်းရင်းမြစ်အပြင် စစ်တောင်းမြစ်နှင့်၊ ရွှေကျင်မြစ်သည် မဒေါက်မြို့နှင့် ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေသည်ဟု မိုးဇလဌာနက ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ်တွင်မိုးဆက်ကြီးမည့် သတိပေးချက်ထုတ်ပြန်ထားရာ ရေဘေးပိုမိုဆိုးရွားလာမည်ကို ဒေသခံများကစိုးရိမ်နေသည်။လူနေရပ်ကွက်များ ရေမြုပ်နေပြီး ယာယီကယ်ဆယ်ရေးစခန်းများသို့ လူ ၁,၀၀၀ ကျော်ရွှေ့ပြောင်းနေထိုင်ရသည့် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့်မြင့်တက်နေသည်။
တနင်္သာရီမြစ်မှာလည်း တနင်္သာရီမြို့တွင် စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေ၍ ရေဘေးသတိပေးချက်ထုတ်ပြန်ထားသည်ဟု ဒေသခံများကပြောသည်။မုတ်သုံလေအားကောင်းပြီးနောက် မြန်မာနိုင်ငံဒေသအများအပြား မိုးကောင်းနေရာ ကရင်၊မွန်နှင့်ရခိုင်ပြည်နယ်တွင် ရေကြီးနစ်မြုပ်နေပြီး ဒေသခံများရေဘေး ကြုံတွေ့နေသည်။
ဓာတ်ပုံ-ကရင်ပြည်နယ်တွင်းရေကြီးမှုများ / News in Burmese
————
စစ္ေတာင္းျမစ္အပါအဝင္ ျမစ္သုံးစင္းမွာလည္း စိုးရိမ္ေရမွတ္အနီးသို့ ေရာက္ရွိေန၍ ေရေဘးအႏၲရာယ္ ပိုမိုႀကီးမားလာနိုင္သည္ဟု မိုးေလဝသႏွင့္ဇလေဗဒဆိုင္ရာ သုေတသီတစ္ဦးက သတိေပးထားသည္။
” ဒီကာလက ျမန္မာမွာ ပထမေရႀကီးကာလ ျဖစ္တယ္။ မြန္တို့ ကရင္တို့ တနသၤာရီတို့မွာ ျမစ္ေရတိုးခ်ိန္ မိုးပါရြာရင္ ေရေဘးက အရမ္းဆိုးတယ္။ လက္ရွိရာသီဥတုအေျခအေနအရ မိုးက ဆက္ေကာင္းေနမွာ။ ေဒသအလိုက္ ႀကိဳျပင္ဆင္မွုအားနည္းရင္ေတာ့ မလြယ္ဘူး”ဟု မိုးေလဝသဆိုင္ရာ သုေတသီတစ္ဦးကေျပာသည္။
လက္ရွိေရႀကီးေနသည္ ကရင္ျပည္နယ္၊မြန္ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို့အပါအဝင္ ကခ်င္ျပည္နယ္၊ခ်င္းျပည္နယ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ဧရာဝတီတိုင္းေဒသႀကီး၊ပဲခူးတိုင္းေဒသႀကီးႏွင့္ တနသၤာရီတိုင္းေဒသႀကီးတြင္ မိုးႀကီးနိုင္ေၾကာင္း မိုးဇလဌာနက ယေန႔ ထုတ္ျပန္ထားသည္။
ထိုင္း- ျမန္မာနယ္စပ္ျမစ္ျဖစ္ေသာ ေသာင္းရင္းျမစ္အျပင္ စစ္ေတာင္းျမစ္ႏွင့္၊ ေရႊက်င္ျမစ္သည္ မေဒါက္ၿမိဳ့ႏွင့္ ေရႊက်င္ၿမိဳ့တြင္ စိုးရိမ္ေရမွတ္အနီး ေရာက္ရွိေနသည္ဟု မိုးဇလဌာနက ထုတ္ျပန္ထားသည္။
ကရင္ျပည္နယ္တြင္မိုးဆက္ႀကီးမည့္ သတိေပးခ်က္ထုတ္ျပန္ထားရာ ေရေဘးပိုမိုဆိုးရြားလာမည္ကို ေဒသခံမ်ားကစိုးရိမ္ေနသည္။လူေနရပ္ကြက္မ်ား ေရျမဳပ္ေနၿပီး ယာယီကယ္ဆယ္ေရးစခန္းမ်ားသို့ လူ ၁,၀၀၀ ေက်ာ္ေရႊ႕ေျပာင္းေနထိုင္ရသည့္ ျမဝတီၿမိဳ့တြင္ ေသာင္ရင္းျမစ္ေရ စိုးရိမ္ေရမွတ္အထက္သို့ ေပဝက္ခန႔္ျမင့္တက္ေနသည္။
တနသၤာရီျမစ္မွာလည္း တနသၤာရီၿမိဳ့တြင္ စိုးရိမ္ေရမွတ္အနီး ေရာက္ရွိေန၍ ေရေဘးသတိေပးခ်က္ထုတ္ျပန္ထားသည္ဟု ေဒသခံမ်ားကေျပာသည္။မုတ္သုံေလအားေကာင္းၿပီးေနာက္ ျမန္မာနိုင္ငံေဒသအမ်ားအျပား မိုးေကာင္းေနရာ ကရင္၊မြန္ႏွင့္ရခိုင္ျပည္နယ္တြင္ ေရႀကီးနစ္ျမဳပ္ေနၿပီး ေဒသခံမ်ားေရေဘး ၾကဳံေတြ႕ေနသည္။
ဓာတ္ပုံ-ကရင္ျပည္နယ္တြင္းေရႀကီးမွုမ်ား / News in Burmese