
ားသောက်ကုန်ဈေးနှုန်းတက်တာကို တစ်ကမ္ဘာလုံးမှာ တွေ့ကြုံနေတာဟာ သဘာဝဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၂၆ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပဉ္စမအကြိမ် ညှိနှိုင်း အစည်းအဝေးမှာ ပြောပါတယ်။
ဇူလိုင်လအတွင်း ရက်အလိုက်ကြည့်မယ်ဆိုပါက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုလျော့ကျလာတယ်ဆိုပေမဲ့ သွားလာမှုတွေကို ကန့်သတ်ထိန်းချုပ်ထားနိုင်မှသာလျှင် ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်မှာဖြစ်လို့ မလိုအပ်ဘဲ သွားလာတာတွေ မပြုလုပ်ကြဖို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုကြောင့် တစ်ကမ္ဘာလုံးမှာ အခက်အခဲတွေရင် ဆိုင်နေရပြီး ကုန်ထုတ်လုပ်မှုကိစ္စရပ်တွေနဲ့ပတ်သက်လို့ စားသောက်သုံးကုန်ပစ္စည်းတွေ ထုတ်လုပ်မှု ကန့်သတ် မထားကြောင်း စားရေးဟာ အဓိကဖြစ်လို့ အခက်အခဲမရှိအောင် လုပ်ဆောင်ပေးကြဖို့နဲ့ တဦးချင်း လုပ်ကိုင်တဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို အဆက်မပြတ်လုပ်ကိုင်ကြဖို့လိုအပ်တယ်လို့ ပြောပါတယ်။
စားသောက်ကုန်နဲ့ ပတ်သက်ပြီး ကုန်ဈေးနှုန်းတက်တာကို တစ်ကမ္ဘာလုံးမှာ တွေ့ကြုံရလျက်ရှိသည်မှာ သဘာဝပင်ဖြစ်သော်လည်း သဘာဝမကျတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုများဖြစ်လာလို့ မရကြောင်း၊ Supply (ရောင်းလိုအား) နဲ့ Demand (ဝယ်လိုအား) မမျှပါက ကုန်ဈေး နှုန်းတက်မှာဖြစ်ပြီး ကုန်ကြမ်းတွေ ဈေးမတက်စေရေး၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေမကြီးမြင့်စေရေး လုပ်ဆောင်ပေးရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းနဲ့ ပတ်သက်လို့ အစာဈေးနှုန်းကြီးမြင့်မှုမရှိအောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောပါတယ်။
သွားလာမှုနဲ့ ပတ်သက်လို့ ကန့်သတ်ချက်ထားပေမဲ့ မဖြစ်မနေသွားလာဖို့ လိုတဲ့ကိစ္စတွေ ခွင့်ပြုပေးထားကြောင်း၊ တစ်မြို့နဲ့ တစ်မြို့ ကုန်စည်စီးဆင်းမှု၊ ကူးသန်းသွားလာမှုနဲ့ ရောင်းဝယ်ဖောက်ကားမှု မပြတ် တောက်အောင်လုပ်ဆောင်ကြရန် လိုကြောင်းလည်းပြောပါတယ်။
ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆေးပစ္စည်းတွေနဲ့ တခြားအိမ်သုံးအခြေခံ ဆေးပစ္စည်းတွေ ရောင်းချတဲ့ တချို့သောဆေးပစ္စည်းဆိုင်တွေ ဈေးနှုန်းတင် ရောင်းချတာ၊ သိုလှောင်ပြီး ပစ္စည်းပြတ်လပ်မှုများဖြစ်ပေါ်စေဖို့ ဆိုင်ပိတ်တာတွေ ပြုလုပ်လျက်ရှိကြောင်း သိရှိရလို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်တွင် ဆေးပစ္စည်းရောင်းချမှုနဲ့ ပတ်သက်လို့ စနစ်တကျဖြစ်စေရေး စီမံဆောင်ရွက် ကြပ်မတ်ပေးဖို့လည်း စစ်ခေါင်းဆောင်က တိုက်တွန်းပါတယ်။
အောက်ဆီဂျင်လိုအပ်တဲ့ နေရာတွေကို စနစ်တကျ ဖြန့်ခွဲပေးဖို့ စီမံခန့်ခွဲမှုအပိုင်းအားနည်းတာ ရှိနိုင်လို့ အောက်ဆီဂျင် ထုတ်လုပ်မှု၊ မှာယူတင်သွင်းမှု၊ ဖြန့်ခွဲမှုကို စနစ်တကျ စီမံဆောင်ရွက်ပေးဖို့၊ မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရေကြီးရေလျှံမှုတွေအတွက် ကြိုတင်မျှော်တွေးပြင်ဆင်ထားကြဖို့၊ ပြည်တွင်းမှာ လိုအပ်တဲ့ အခြေခံ အိမ်သုံးဆေးဝါးတွေကို မိမိတို့ ပြည်တွင်းမှာ ထုတ်လုပ်သုံးစွဲနိုင်ရေး လုပ်ဆောင်ကြဖို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကျဆင်းသွားတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောနေပေမဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ဇူလိုင်လအတွင်း ရောဂါကူးစက်မှုရော သေဆုံးသူပါ စံချိန်တင် မြင့်တက် နေပြီး သုသာန်တွေမှာလည်း လူသေအလောင်းတွေ မီးသင်္ဂြိုဟ်ဖို့ တန်းစီစောင့်နေရပါတယ်။
မြန်မာနိုင်ငံမှာ ဇူလိုင် ၂၆ ရက်အထိ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ စုစု ၇,၅၀၇ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၇၄,၁၅၅ ယောက်ရှိနေပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မနေ့က တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄,၀၀၀ ကျော် နဲ့ သေဆုံးသူ ၄၀၀ နီးပါးရှိခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။ ရန်ကုန်မြို့က သုသာန် ၄ ခုမှာတင် မနေ့က မီးသင်္ဂြိုဟ်ခဲ့တဲ့ ရုပ်အလောင်း ၄၅၀ ကျော်ရှိခဲ့တယ်လို့ နာရေး အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။
ကသောင်းကနင်းဖြစ်ပွားနေတဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်တတိယလှိုင်း ကူးစက်ပြန့်ပွားမှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွာရေးဟာ ၂၀၂၁ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်း လျော့ကျမယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာက ခန့်မှန်းထားပါတယ်။
Photo- MOI
Source – ဒီဗွီဘီမြန်မာ့အသံ
———–
ကုန္ေဈးႏႈန္းတက္ျခင္းကို တစ္ကမာၻလုံးႀကဳံေနရသည္မွာ သဘာဝျဖစ္ဟု အာဏာသိမ္း စစ္ေခါင္းေဆာင္ေျပာ
စားေသာက္ကုန္ေဈးႏႈန္းတက္တာကို တစ္ကမာၻလုံးမွာ ေတြ႕ႀကဳံေနတာဟာ သဘာဝျဖစ္တယ္လို႔ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဇူလိုင္ ၂၆ ရက္က ေနျပည္ေတာ္မွာ က်င္းပတဲ့ ကိုဗစ္ – ၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ ပၪၥမအႀကိမ္ ညႇိႏႈိင္း အစည္းအေဝးမွာ ေျပာပါတယ္။
ဇူလိုင္လအတြင္း ရက္အလိုက္ၾကည့္မယ္ဆိုပါက ကိုဗစ္-၁၉ ကူးစက္ျဖစ္ပြားမႈေလ်ာ့က်လာတယ္ဆိုေပမဲ့ သြားလာမႈေတြကို ကန႔္သတ္ထိန္းခ်ဳပ္ထားႏိုင္မွသာလွ်င္ ကူးစက္ျပန႔္ပြားမႈကို ဆက္လက္ထိန္းခ်ဳပ္ႏိုင္မွာျဖစ္လို႔ မလိုအပ္ဘဲ သြားလာတာေတြ မျပဳလုပ္ၾကဖို႔လည္း စစ္ေခါင္းေဆာင္က ေျပာပါတယ္။
ကိုဗစ္- ၁၉ ေရာဂါျဖစ္ပြားမႈေၾကာင့္ တစ္ကမာၻလုံးမွာ အခက္အခဲေတြရင္ ဆိုင္ေနရၿပီး ကုန္ထုတ္လုပ္မႈကိစၥရပ္ေတြနဲ႔ပတ္သက္လို႔ စားေသာက္သုံးကုန္ပစၥည္းေတြ ထုတ္လုပ္မႈ ကန႔္သတ္ မထားေၾကာင္း စားေရးဟာ အဓိကျဖစ္လို႔ အခက္အခဲမရွိေအာင္ လုပ္ေဆာင္ေပးၾကဖို႔နဲ႔ တဦးခ်င္း လုပ္ကိုင္တဲ့ ကုန္ထုတ္လုပ္မႈ လုပ္ငန္းေတြကို အဆက္မျပတ္လုပ္ကိုင္ၾကဖို႔လိုအပ္တယ္လို႔ ေျပာပါတယ္။
စားေသာက္ကုန္နဲ႔ ပတ္သက္ၿပီး ကုန္ေဈးႏႈန္းတက္တာကို တစ္ကမာၻလုံးမွာ ေတြ႕ႀကဳံရလ်က္ရွိသည္မွာ သဘာဝပင္ျဖစ္ေသာ္လည္း သဘာဝမက်တဲ့ ကုန္ေဈးႏႈန္းႀကီးျမင့္မႈမ်ားျဖစ္လာလို႔ မရေၾကာင္း၊ Supply (ေရာင္းလိုအား) နဲ႔ Demand (ဝယ္လိုအား) မမွ်ပါက ကုန္ေဈး ႏႈန္းတက္မွာျဖစ္ၿပီး ကုန္ၾကမ္းေတြ ေဈးမတက္ေစေရး၊ သယ္ယူပို႔ေဆာင္ေရးစရိတ္ေတြမႀကီးျမင့္ေစေရး လုပ္ေဆာင္ေပးရန္လိုေၾကာင္း၊ ေမြးျမဴေရးလုပ္ငန္းနဲ႔ ပတ္သက္လို႔ အစာေဈးႏႈန္းႀကီးျမင့္မႈမရွိေအာင္လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း ေျပာပါတယ္။
သြားလာမႈနဲ႔ ပတ္သက္လို႔ ကန႔္သတ္ခ်က္ထားေပမဲ့ မျဖစ္မေနသြားလာဖို႔ လိုတဲ့ကိစၥေတြ ခြင့္ျပဳေပးထားေၾကာင္း၊ တစ္ၿမိဳ႕နဲ႔ တစ္ၿမိဳ႕ ကုန္စည္စီးဆင္းမႈ၊ ကူးသန္းသြားလာမႈနဲ႔ ေရာင္းဝယ္ေဖာက္ကားမႈ မျပတ္ ေတာက္ေအာင္လုပ္ေဆာင္ၾကရန္ လိုေၾကာင္းလည္းေျပာပါတယ္။
ကာကြယ္ထိန္းခ်ဳပ္ကုသေရးဆိုင္ရာ ေဆးပစၥည္းေတြနဲ႔ တျခားအိမ္သုံးအေျခခံ ေဆးပစၥည္းေတြ ေရာင္းခ်တဲ့ တခ်ိဳ႕ေသာေဆးပစၥည္းဆိုင္ေတြ ေဈးႏႈန္းတင္ ေရာင္းခ်တာ၊ သိုေလွာင္ၿပီး ပစၥည္းျပတ္လပ္မႈမ်ားျဖစ္ေပၚေစဖို႔ ဆိုင္ပိတ္တာေတြ ျပဳလုပ္လ်က္ရွိေၾကာင္း သိရွိရလို႔ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အလိုက္တြင္ ေဆးပစၥည္းေရာင္းခ်မႈနဲ႔ ပတ္သက္လို႔ စနစ္တက်ျဖစ္ေစေရး စီမံေဆာင္႐ြက္ ၾကပ္မတ္ေပးဖို႔လည္း စစ္ေခါင္းေဆာင္က တိုက္တြန္းပါတယ္။
ေအာက္ဆီဂ်င္လိုအပ္တဲ့ ေနရာေတြကို စနစ္တက် ျဖန႔္ခြဲေပးဖို႔ စီမံခန႔္ခြဲမႈအပိုင္းအားနည္းတာ ရွိႏိုင္လို႔ ေအာက္ဆီဂ်င္ ထုတ္လုပ္မႈ၊ မွာယူတင္သြင္းမႈ၊ ျဖန႔္ခြဲမႈကို စနစ္တက် စီမံေဆာင္႐ြက္ေပးဖို႔၊ မိုး႐ြာသြန္းမႈေၾကာင့္ ျဖစ္ေပၚလာႏိုင္တဲ့ ေရႀကီးေရလွ်ံမႈေတြအတြက္ ႀကိဳတင္ေမွ်ာ္ေတြးျပင္ဆင္ထားၾကဖို႔၊ ျပည္တြင္းမွာ လိုအပ္တဲ့ အေျခခံ အိမ္သုံးေဆးဝါးေတြကို မိမိတို႔ ျပည္တြင္းမွာ ထုတ္လုပ္သုံးစြဲႏိုင္ေရး လုပ္ေဆာင္ၾကဖို႔လည္း အာဏာသိမ္း စစ္ေခါင္းေဆာင္က ေျပာပါတယ္။
ကိုဗစ္-၁၉ ေရာဂါကူးစက္မႈ က်ဆင္းသြားတယ္လို႔ အာဏာသိမ္း စစ္ေခါင္းေဆာင္က ေျပာေနေပမဲ့ လက္ရွိ ျမန္မာႏိုင္ငံမွာ ဇူလိုင္လအတြင္း ေရာဂါကူးစက္မႈေရာ ေသဆုံးသူပါ စံခ်ိန္တင္ ျမင့္တက္ ေနၿပီး သုသာန္ေတြမွာလည္း လူေသအေလာင္းေတြ မီးသၿဂႋဳဟ္ဖို႔ တန္းစီေစာင့္ေနရပါတယ္။
ျမန္မာႏိုင္ငံမွာ ဇူလိုင္ ၂၆ ရက္အထိ ကိုဗစ္-၁၉ ေရာဂါနဲ႔ ေသဆုံးသူ စုစု ၇,၅၀၇ ေယာက္နဲ႔ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၂၇၄,၁၅၅ ေယာက္ရွိေနၿပီလို႔ စစ္ေကာင္စီ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။
မေန႔က တရက္တည္း ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရသူေပါင္း ၄,၀၀၀ ေက်ာ္ နဲ႔ ေသဆုံးသူ ၄၀၀ နီးပါးရွိခဲ့တယ္လို႔လည္း ထုတ္ျပန္ပါတယ္။ ရန္ကုန္ၿမိဳ႕က သုသာန္ ၄ ခုမွာတင္ မေန႔က မီးသၿဂႋဳဟ္ခဲ့တဲ့ ႐ုပ္အေလာင္း ၄၅၀ ေက်ာ္ရွိခဲ့တယ္လို႔ နာေရး အကူအညီေပးေနတဲ့ ပရဟိတအဖြဲ႕ေတြက ေျပာပါတယ္။
ကေသာင္းကနင္းျဖစ္ပြားေနတဲ့ လက္ရွိျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအေျခအေနနဲ႔ ကိုဗစ္တတိယလႈိင္း ကူးစက္ျပန႔္ပြားမႈေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ စီးပြာေရးဟာ ၂၀၂၁ ခုႏွစ္မွာ ၁၈ ရာခိုင္ႏႈန္း ေလ်ာ့က်မယ္လို႔ ဒီကေန႔ ထုတ္ျပန္လိုက္တဲ့ ကမာၻ႔ဘဏ္ရဲ႕ ျမန္မာ့စီးပြားေရး ေစာင့္ၾကည့္အစီရင္ခံစာက ခန႔္မွန္းထားပါတယ္။
Photo- MOI
Source – ဒီဗီြဘီျမန္မာ့အသံ