NCA မပျက်မယွင်းတည်ရှိသေးကြောင်း ကေအဲန်ယူ ဒူးပလာယာခရိုင် ဥက္ကဌပြောဆို

NCA မပျက်မယွင်းတည်ရှိသေးကြောင်း ကေအဲန်ယူ ဒူးပလာယာခရိုင် ဥက္ကဌပြောဆို

အောက်တိုဘာ ၄ရက်၊ ၂၀၂၁ခုနှစ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)သည် ယနေ့အထိ မပျက်မယွင်း တည်ရှိသေးပြီး မည်သည့်အဖွဲ့အစည်းမှ

၎င်းစာချုပ်ကို ပယ်ဖျက်ခြင်းမပြုသေးကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပ လာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းက ပြောသည်။

ယခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့တွင် ကျရောက်မည့် NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၆နှစ်ပြည့် နှစ်ပတ်လည် နေ့အတွက် ထုတ်ပြန်သည့်

KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ၏ ရဲဘော်ရဲဘက် လုပ်ဖော်ကိုင်ဖက်များအား တိုက်တွန်းနှိုး ဆော်ချက်စာထဲတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

NCA စာချုပ် လက်မှတ်ရေးထိုးခဲ့သော အဖွဲ့အစည်းများသည် တစ်ဖက်နှင့်တစ်ဖက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ သစ္စာရှိရှိ ကတိ ကဝတ် ပြုထားကြသည့်အတိုင်း တည်ကြည်စွာဖြင့် ရှေ့ဆက် ရပ်တည်ဆောင်ရွက်သွားကြန်

အထူးလိုအပ်ကြောင်းနှင့် (NCA)ပါ လုပ်ငန်း လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ကြပါရန် KNU-ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေ မောင်းက တိုက်တွန်းနှိုးဆော်ထားသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် စစ်တပ်က အရပ်သားအစိုးရထံမှ အတင်းအဓမ္မအာဏာသိမ်းမှုနှင့် အာဏာသိမ်း ပြီးနောက်

စစ်ကောင်စီတပ်မှ အပစ်ရပ် တိုင်းရင်းသားနယ်မြေအတွင်းသို့ နယ်မြေကျူးကျော်တိုက်ခိုက်မှုများ လုပ် ဆောင်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်

အဖွဲ့အစည်းများနှင့် အစိုးရတို့အကြား ရေးထိုးထားသည့် NCA စာချုပ်သည် ပျက်ပြယ်သွားပြီဟု ပြောဆိုသုံးသပ်မှုများ ရှိနေသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် အခြားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၇ဖွဲ့နှင့်အတူ

NCA စာချုပ်ကို ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့လက်ထက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှသာလျှင် အမိနိုင်ငံတော်ကြီး ငြိမ်းချမ်းမည်ဟု ယုံကြည်ကြသည်ဖြစ် ၍ NCA လက်မှတ်ရေးထိုးခဲ့စဉ်အခါ၌

တန်းတူရေးနှင့် ကိုယ်ပြဋ္ဌာန်းခွင့် အာမခံချက်ပါရှိသော ဖက်ဒရယ် ပြည်ထောင်စု ကြီးကို အတူတကွ တည်ဆောက်မည်ဟု ကတိပြု လက်မှတ်ထိုးခဲ့ကြပြီး

နိုင်ငံတကာကလည်း အသိသက်သေများအ ဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ပဒိုရွှေမောင်း၏ နှိုးဆော်ချက်တွင် ဖော်ပြပါရှိသည်။

Photo & Credit_KIC

———- 

NCA မပ်က္မယြင္းတည္ရွိေသးေၾကာင္း ေကအဲန္ယူ ဒူးပလာယာခ႐ိုင္ ဥကၠဌေျပာဆို

ေအာက္တိုဘာ ၄ရက္၊ ၂၀၂၁ခုႏွစ္

တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA)သည္ ယေန႔အထိ မပ်က္မယြင္း တည္ရွိေသးၿပီး မည္သည့္အဖြဲ႕အစည္းမွ

၎စာခ်ဳပ္ကို ပယ္ဖ်က္ျခင္းမျပဳေသးေၾကာင္း ေကအဲန္ယူ-ကရင္အမ်ိဳးသားအစည္းအ႐ုံး ဒူးပ လာယာခ႐ိုင္ ဥကၠဌ ပဒိုေစာေ႐ႊေမာင္းက ေျပာသည္။

ယခုႏွစ္ ေအာက္တိုဘာလ ၁၅ရက္ေန႔တြင္ က်ေရာက္မည့္ NCA စာခ်ဳပ္ လက္မွတ္ေရးထိုးျခင္း ၆ႏွစ္ျပည့္ ႏွစ္ပတ္လည္ ေန႔အတြက္ ထုတ္ျပန္သည့္

KNU ဒူးပလာယာခ႐ိုင္ ဥကၠ႒၏ ရဲေဘာ္ရဲဘက္ လုပ္ေဖာ္ကိုင္ဖက္မ်ားအား တိုက္တြန္းႏႈိး ေဆာ္ခ်က္စာထဲတြင္ ထိုသို႔ ေဖာ္ျပထားျခင္းျဖစ္သည္။

NCA စာခ်ဳပ္ လက္မွတ္ေရးထိုးခဲ့ေသာ အဖြဲ႕အစည္းမ်ားသည္ တစ္ဖက္ႏွင့္တစ္ဖက္ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ သစၥာရွိရွိ ကတိ ကဝတ္ ျပဳထားၾကသည့္အတိုင္း တည္ၾကည္စြာျဖင့္ ေရွ႕ဆက္ ရပ္တည္ေဆာင္႐ြက္သြားၾကန္

အထူးလိုအပ္ေၾကာင္းႏွင့္ (NCA)ပါ လုပ္ငန္း လမ္းၫႊန္ခ်က္ႏွင့္အညီ ဆက္လက္ေဆာင္႐ြက္ၾကပါရန္ KNU-ဒူးပလာယာခ႐ိုင္ ဥကၠဌ ပဒိုေစာေ႐ႊ ေမာင္းက တိုက္တြန္းႏႈိးေဆာ္ထားသည္။

ယခုႏွစ္ ေဖေဖာ္ဝါရီလ ၁ရက္ေန႔တြင္ စစ္တပ္က အရပ္သားအစိုးရထံမွ အတင္းအဓမၼအာဏာသိမ္းမႈႏွင့္ အာဏာသိမ္း ၿပီးေနာက္

စစ္ေကာင္စီတပ္မွ အပစ္ရပ္ တိုင္းရင္းသားနယ္ေျမအတြင္းသို႔ နယ္ေျမက်ဴးေက်ာ္တိုက္ခိုက္မႈမ်ား လုပ္ ေဆာင္သည့္အတြက္ တိုင္းရင္းသားလက္နက္ကိုင္

အဖြဲ႕အစည္းမ်ားႏွင့္ အစိုးရတို႔အၾကား ေရးထိုးထားသည့္ NCA စာခ်ဳပ္သည္ ပ်က္ျပယ္သြားၿပီဟု ေျပာဆိုသုံးသပ္မႈမ်ား ရွိေနသည္။

ေကအဲန္ယူ-ကရင္အမ်ိဳးသားအစည္းအ႐ုံးသည္ အျခားေသာ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္း ၇ဖြဲ႕ႏွင့္အတူ

NCA စာခ်ဳပ္ကို ၿပီးခဲ့သည့္ ၂၀၁၅ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ရက္ေန႔တြင္ ဦးသိန္းစိန္ ဦးေဆာင္သည့္ အစိုးရအဖြဲ႕လက္ထက္တြင္ လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္သည္။

ဖက္ဒရယ္ျပည္ေထာင္စုႀကီးကို တည္ေဆာက္ႏိုင္မွသာလွ်င္ အမိႏိုင္ငံေတာ္ႀကီး ၿငိမ္းခ်မ္းမည္ဟု ယုံၾကည္ၾကသည္ျဖစ္ ၍ NCA လက္မွတ္ေရးထိုးခဲ့စဥ္အခါ၌

တန္းတူေရးႏွင့္ ကိုယ္ျပ႒ာန္းခြင့္ အာမခံခ်က္ပါရွိေသာ ဖက္ဒရယ္ ျပည္ေထာင္စု ႀကီးကို အတူတကြ တည္ေဆာက္မည္ဟု ကတိျပဳ လက္မွတ္ထိုးခဲ့ၾကၿပီး

ႏိုင္ငံတကာကလည္း အသိသက္ေသမ်ားအ ျဖစ္ ပါဝင္လက္မွတ္ေရးထိုးခဲ့ၾကသည္ဟု ပဒိုေ႐ႊေမာင္း၏ ႏႈိးေဆာ္ခ်က္တြင္ ေဖာ္ျပပါရွိသည္။

Photo & Credit_KIC