အခုလို ပူပြင်းလွန်းတဲ့ အချိန်မှာ သေတတ်သည်_သတိထားပါ

သေတတ်သည်_သတိထားပါ

ညနေကတောင်ဖြစ်သေးတယ်… တံတွေးခန်းပြီး လူက မိုက်ကနဲပဲ ရေပြေးသောက်လိုက်မှ သက်သာတယ်

အယ်နီညိုမှာဒီရောဂါကြောင့် အများကြီးသေနိင်ပါတယ်။Heat Stroke … အပူလျှပ်တဲ့ရောဂါပေါ့။ ကျွန်တော်ဖြစ်ဖူးပါတယ်။ ကားစီးနေရင်း ခန္ဓာကိုယ်တစ်ခုလုံးပူလာပါတယ်။ပါးစပ် နှာခေါင်း မျက်စိတွေကအစပေါ့။ ပြီးတော့ ဒီလောက်ပူနေတာချွေးမထွက်ဘူး။ ခေါင်းတွေမူးခြေတွေလက်တွေတုန်လာတယ်။

ဖြစ်တာကဥက္ကံမြို့အကျော်ဖလုံရွာနားမှာ။ Expressပေါ်မှာနာရီတွက်ကြည့်မိတယ်။နောက်မိနစ်၂၀မှတိုက်ကြီးရောက်မယ်။ရေသန့်ဗူးကိုသောက်ပါတယ်။ မရ။

သောက်ပြီးတာနဲ့ပါးစပ်ထဲမှာတံတွေးမရှိတော့ပါ။ခြောက်ကပ်သွားပါတယ်။ရေလဲကုန်ပြီ။ပေလို့မရတော့။ ကားစပါယ်ယာခေါ်ပြီးဓါတ်ဆားထုပ် ဘယ်သူ့မှာပါလည်းဆိုင်္ပြီးအကူအညီတောင်းပါ
တယ်။ဓါတ်ဆားနှစ်ထုပ်ရပါတယ်။ရေဗူးတွေလည်းရပါတယ်။သောက်လိုက်တော့ပါးစပ်မှာတံတွေး ပြန်ထွက်လာပါတယ်။

မူးတာမပျောက်နှလုံးခုန်မြန်တာနဲနဲ သက်သာပါတယ်။ မူးတာနဲ့ခြေတွေလက်တွေ ကတော့ကပ်နေတုန်းပါ။တိုက်ကြီးမှာဆင်းပြီး အနီးဆုံးဆေးခန်းကို ကျွန်တော်ပြေးပါတယ်။ ဟိုရောက်တော့ဆရာဝန်ကို Heat Stroke မိတာထင်တယ်လို့ပြောပါတယ်။

သွေးချိန်တော့ ၅၀/၄၀ကိုကျသွားပါပြီ။ဆရာဝန် မလေးကချက်ချင်းဒရစ်ချိတ်ဆယ်လူပေးပြီပေါ့။ရှင့်ဆုံးဖြတ်ချက်မှန်တယ်။ မဟုတ်ရင်အသက်အန္တရာယ်နီးတယ်တဲ့။ ဒရစ်ချိတ်ပြီးတော့၆၀/၇၀ပြန်တက်လာတယ်။ သတိရှိလို့ပါ။ ပေရင်သေပါတယ်။

ဒါကြောင့်ချွေးမထွက်ပဲ တကိုယ်လုံး ပူလာမယ် တံတွေးဆုတ်သွားရင် သတိထားပါ။ မရှက်ပါနဲ့။ ရေဖျော်ရည် ဓါတ်ဆားရေသောက်ပါ။ အချိန်မဆွဲပါနဲ့။ ရောက်တဲ့နေရာက ကျန်းမာရေးဌာနာမှာ ဒရစ်ချိတ်ပါ။ ဓါတ်ဆားကတော့ နေရာတိုင်း ရှိပါတယ်။ ချက်ချင်းသောက်ပါလို့ဖြစ်ဖူးတာကို တင်ပြပါတယ်။

အယ်နီညိုမှာ ကိုယ့်ဟာကိုယ်Heat Stroke ဖြစ်တာမသိရင်ဒုက္ခနဲ့လှလှ တွေ့မှာပါ။ သတိထားပေးကြပါ။ပေလို့မရပါ။ ၁၅မိနစ်အတောအတွင်းBody heat ကို ၄၀အောက်ပြန်မချနိင်ရင် ဆိုးရွားသွားနိင်ပါတယ်။ ရေဖျော်ရည်ဓါတ်ဆားအဓိကပါ။ မဟုတ်တဲ့ ဆေးတွေလျှောက်တိုက်ရင်အဖျားဆေးတွေသောက်မိရင် အဆင်းဘီးတပ်သလို ထိန်းရတော့မှာ မဟုတ်ပါ။ ဒါကြောင့်အပူလျှပ်တာကိုဖျားတာနဲ့ရောမှာ စိုးလို့ပါ။

ဒီလိုအချိန်မှာ ကျန်းမာရေးကိုလဲ ဂရုစိုက်ကြပါ။

နီးစပ်ရာလည်းသတိပေးပါ။ လာမှာနော်အယ်နီညိုနဲ့ အတူ

Heat Stroke တဲ့။ ။

Crd-Ko Myat Oo (ထပ်ဆင့်ဖြန့်ဝေပါ )