ကြက်ဥ၊ ငှက်ပျောသီးနဲ့ အခြား ဖြည့်စွက်စာတွေကို နီးစပ်ရာ တပ်စခန်းတွေကတဆင့် ဆေးရုံ၊ ဆေးခန်းတွေကိုလှူဒါန်းခိုင်းထားတယ်လို့ စစ်ခေါင်းဆောင်ပြေ

ကြက်ဥ၊ ငှက်ပျောသီးနဲ့ အခြား ဖြည့်စွက်စာတွေကို နီးစပ်ရာ တပ်စခန်းတွေကတဆင့် ဆေးရုံ၊ ဆေးခန်းတွေကိုလှူဒါန်းခိုင်းထားတယ်လို့ စစ်ခေါင်းဆောင်ပြော

ရန်ကုန်၊ဇူလိုင်(၂၈)

ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးကို အစဉ်တစိုက်လုပ်ဆောင် ပေးခဲ့ပြီး၊ ဆေးရုံတက်လူနာတွေအနေနဲ့ အာဟာရပြည့်ဝနေရန်အရေးကြီးလို့ ကြက်ဥ၊ ငှက်ပျောသီးနဲ့ အခြားအာဟာရပြည့်

ဖြည့်စွက်စာတွေကို နီးစပ်ရာ တပ်စခန်းတွေကတဆင့် ဆေးရုံ၊ ဆေးခန်တွေကိုသွားရောက် လှူဒါန်းခိုင်းထားတယ်လို့ မနေ့ကပြုလုပ်တဲ့ ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာမှာ

အာဆီယံနိုင်ငံတွေ၊ မိတ်ဆွေနိုင်ငံတွေအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ နစကခေါင်ဆောင် ကပြောဆိုခဲ့တာပါ။

“နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များသည် နိုင်ငံကို ကိုယ်စားပြုခြင်းပင်ဖြစ်ကြောင်း၊ အာဆီယံတွင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ရံပုံငွေထူထောင်ထားရှိပြီး

မိမိတို့နိုင်ငံမှလည်း ထည့်ဝင်လှူဒါန်းထား လျက်ရှိကြောင်း၊ အာဆီယံနိုင်ငံများတွင်လည်း ကိုယ်စီအခက်အခဲများ ကြုံတွေ့ရလျက်ရှိပြီး အာဆီယံရံပုံငွေမှ ဆောင်ရွက်ပေးသည်များ၊

ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိနိုင်ရေး တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောဆိုခဲ့ပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်လာပါက မှန်မှန်ကန်ကန်လုပ်ဆောင်ပေးရန် အရေးကြီးပြီး၊ ကိုယ်ကျိုး စီးပွားအတွက် လုပ်ဆောင်ခြင်း မဖြစ်စေလိုဘဲ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကို ဖော်ဆောင်ပေးနိုင်ရမှာဖြစ်ပြီး၊ မည်သို့သော အခြေအနေပင်ဖြစ်စေ

တိုင်းပြည်နဲ့ ပြည်သူလူထုကျန်းမာရေး ကောင်းမွန်စေရေး အတွက် လုပ်ဆောင်ပေးနိုင်သည်မှန်သမျှကို ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ပါတယ်၊ နိုင်ငံတကာနဲ့ဆက်သွယ် ဆောင်ရွက်ရာမှာသွက်လက်မြန်ဆန်စွာ ဆောင်ရွက် ကြရမှာဖြစ်တယ်လို့ သူကပြောပါတယ်။