တစ်ရက်လျှင် လူ(၃၀၀၀) ကျော် သင်္ဂြိုဟ်နိုင်ရန်အတွက် ပြင်ဆင်နေတဲ့ အမျှော်အမြင်ကြီးမားသော စစ်ကောင်စီ

အ​မျှော်အမြင်ကြီးမား​သော စစ်​ကောင်စီက တရက်လျှင် လူ(၃၀၀၀) ​ကျော် သင်္ဂြိုဟ်နိုင်ရန်အတွက် ပြင်ဆင်​နေ။

၂၀၂၁ခုနှစ်၊ဇူလိုင်၂၈ရက်။

(အောက်ဆုံးတွင် ဗီဒီယိုဖိုင် တင်ပေးထားပါသည်။)

ဇူလိုင် (၂၇)ရက် ည (၈)နာရီကထုတ်လွင့်​သောစစ်​ကောင်စီ ဝါဒဖြန့် MRTV သတင်း ကြေညာချက်အရ ရန်ကုန်မြို့ရှိ သုသာန်များတွင် မီးသင်္ဂြိုဟ်ရန် မီးဖို (၁၀) လုံးကို တစ်ပြိုင်တည်း တည်ဆောက်နေကာ ပြီးစီးပါက တစ်ရက်လျှင် သေဆုံးသူ ၃၀၀၀ ကျော် သင်္ဂြိုဟ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် မြို့တော်ဝန်တို့ သည် ရေဝေးသုသာန်၌ အသစ်တည်ဆောက်နေသည့် ငါးပေါက်တွဲ နှစ်တွဲပါ မီးဖို ငါးလုံး တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ အဆိုပါ တည်ဆောက်နေသည့် မီးဖိုများ ပြီးစီးသွားပါက သေဆုံးသူ ၅၀ ကို တစ်နာရီအတွင်း ပြီးစီးအောင် တစ်ပြိုင်တည်း မီးသင်္ဂြိုဟ်နိုင်မည်ဖြစ်ပြီး တစ်ရက်လျှင် သေဆုံးသူ ၁၀၀၀ ဦးကျော် သင်္ဂြိုဟ်နိုင်မည် ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော သုသာန်များတွင် ယင်း ငါးပေါက်တွဲ နှစ်တွဲပါ မီးဖို ၁၀ လုံးကို တစ်ပြိုင်တည်း တည်ဆောက်လျက်ရှိပြီး အဆိုပါ တည်ဆောက်မှုပြီးစီးပါက တစ်ရက်လျှင် သေဆုံးသူဦးရေ ၃၀၀၀ ကျော်ကို သင်္ဂြိုဟ်နိုင်မည်ဖြစ်ကြောင်း MRTV သတင်း ကြေညာချက်အရ သိရသည်။

ကိုဗစ်၁၉ ကူးစက်နှုန်းနှင့် ​သေဆုံးနှုန်း အများဆုံး ဖြစ်​​နေသော ရန်ကုန်တိုင်းအတွက် ယခုကဲ့သို့ ကာကွယ်​ရေး အစီအစဥ်တခု ကို စစ်​ကောင်စီက ပြုလုပ်ခြင်း ဖြစ်ပါသည်။

———–

အ​ေမွ်ာ္အျမင္ႀကီးမား​ေသာ စစ္​ေကာင္စီက တရက္လွ်င္ လူ(၃၀၀၀) ​ေက်ာ္ သၿဂႋဳဟ္ႏိုင္ရန္အတြက္ ျပင္ဆင္​ေန။

၂၀၂၁ခုႏွစ္၊ဇူလိုင္၂၈ရက္။

ဇူလိုင္ (၂၇)ရက္ ည (၈)နာရီကထုတ္လြင့္​ေသာစစ္​ေကာင္စီ ဝါဒျဖန္႔ MRTV သတင္း ေၾကညာခ်က္အရ ရန္ကုန္ၿမိဳ႕ရွိ သုသာန္မ်ားတြင္ မီးသၿဂႋဳဟ္ရန္ မီးဖို (၁၀) လုံးကို တစ္ၿပိဳင္တည္း တည္ေဆာက္ေနကာ ၿပီးစီးပါက တစ္ရက္လွ်င္ ေသဆုံးသူ ၃၀၀၀ ေက်ာ္ သၿဂႋဳဟ္ႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တိုင္းမႉးႏွင့္ ၿမိဳ႕ေတာ္ဝန္တို႔ သည္ ေရေဝးသုသာန္၌ အသစ္တည္ေဆာက္ေနသည့္ ငါးေပါက္တြဲ ႏွစ္တြဲပါ မီးဖို ငါးလုံး တည္ေဆာက္ေနမႈမ်ားကို ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း၊ အဆိုပါ တည္ေဆာက္ေနသည့္ မီးဖိုမ်ား ၿပီးစီးသြားပါက ေသဆုံးသူ ၅၀ ကို တစ္နာရီအတြင္း ၿပီးစီးေအာင္ တစ္ၿပိဳင္တည္း မီးသၿဂႋဳဟ္ႏိုင္မည္ျဖစ္ၿပီး တစ္ရက္လွ်င္ ေသဆုံးသူ ၁၀၀၀ ဦးေက်ာ္ သၿဂႋဳဟ္ႏိုင္မည္ ျဖစ္ေၾကာင္း ေၾကညာခ်က္အရ သိရသည္။

ထို႔အျပင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ တာဝန္ယူ ေဆာင္႐ြက္လ်က္ရွိေသာ သုသာန္မ်ားတြင္ ယင္း ငါးေပါက္တြဲ ႏွစ္တြဲပါ မီးဖို ၁၀ လုံးကို တစ္ၿပိဳင္တည္း တည္ေဆာက္လ်က္ရွိၿပီး အဆိုပါ တည္ေဆာက္မႈၿပီးစီးပါက တစ္ရက္လွ်င္ ေသဆုံးသူဦးေရ ၃၀၀၀ ေက်ာ္ကို သၿဂႋဳဟ္ႏိုင္မည္ျဖစ္ေၾကာင္း MRTV သတင္း ေၾကညာခ်က္အရ သိရသည္။

ကိုဗစ္၁၉ ကူးစက္ႏႈန္းႏွင့္ ​ေသဆုံးႏႈန္း အမ်ားဆုံး ျဖစ္​​ေနေသာ ရန္ကုန္တိုင္းအတြက္ ယခုကဲ့သို႔ ကာကြယ္​ေရး အစီအစဥ္တခု ကို စစ္​ေကာင္စီက ျပဳလုပ္ျခင္း ျဖစ္ပါသည္။

Video-(ဇူလိုင် ၂၇ရက်​နေ့ည(၈)နာရီ MWD သတင်းမှ )

Crd – Media9