သပိတ်မှာ စခတွေရောက်လာလို့ လူစုခွဲပြီး ကိုယ်လဲအသည်းအသန်ပြေးနေတဲ့အချိန် ကွမ်းယာရောင်းနေတဲ့ အမကြီးတစ်ယောက်က ပြေးထွက်လာသောအခါ

ဒီနေ့သပိတ်မှာစခတွေရောက်လာလို့ လူစုခွဲပြီးကိုယ်လဲအသည်းအသန်ပြေးနေတဲ့အချိန်ကွမ်းယာရောင်းနေတဲ့ အမကြီးတစ်ယောက်ကပြေးထွက်လာပြီး

“မောင်လေး မောင်လေး ကားခယူသွား”ဆိုပြီး ၅ဝဝဝတန်လေးအတင်းကမ်းပေးသွားတယ် (ကိုယ်လဲရှယ်ပြေးနေရတာမို့ ကျေးဇူးတင်ပါတယ်လို့တောင်မပြောလိုက်ရဘူး☹)

ပြေးဝင်ဖို့လမ်းကြားမရှိတော့ ကားလမ်းမအတိုင်းပြေးနေရင်း taxiတစ်စီးကခရီးသည်ပါနေတာကိုတောင်ရပ်ပေးတယ် ကားပေါ်ပါလာတဲ့ အန်တီကြီးကလဲ သားတို့မြန်မြန်တက်ဆိုပြီး တံခါးပါဖွင့်ပေးတယ်

ကားပေါ်မှာလဲ သားတို့ကိုလုံခြုံတဲ့နေရာထိပို့ပေးမယ် ကလေးတွေကိုလုံခြုံတဲ့မှတ်တိုင်ကိုပို့ပေးပါဆိုပြီးအန်တီကြီးကတဖွဖွပြောတယ် taxiဦးလေးကြီးကလဲ ကားပေါ်မှာ အားပေးစကားတွေပြောတကယ်ပီတိဖြစ်ရပါတယ်

ကားဂိတ်ကိုပို့ပေးပြီး taxiခပေးတော့လဲ မယူဘူး “မင်းတို့တောင်အသက်တွေရင်းပြီးလုပ်နေတာ ဦးလေးကဒါလေးကိုဘာလို့မကူညီနိုင်ရမလဲ ဒါဦးလေးစေတနာပါ လက်ခံပါ”တဲ့ဗျာတကယ်တကယ်ကိုဝမ်းသာပီတိဖြစ်ရပါတယ်

ဒီတိုက်ပွဲကို ကျွန်တော်တို့နိုင်အောင်တိုက်မှာပါဗျာ

ကျွန်တော်တို့ပြည်သူတွေဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်လဲဗျာ❤❤

———–

ဒီေန႔သပိတ္မွာစခေတြေရာက္လာလို႔ လူစုခြဲၿပီးကိုယ္လဲအသည္းအသန္ေျပးေနတဲ့အခ်ိန္ကြမ္းယာေရာင္းေနတဲ့ အမႀကီးတစ္ေယာက္ကေျပးထြက္လာၿပီး

“ေမာင္ေလး ေမာင္ေလး ကားခယူသြား”ဆိုၿပီး ၅ဝဝဝတန္ေလးအတင္းကမ္းေပးသြားတယ္ (ကိုယ္လဲရွယ္ေျပးေနရတာမို႔ ေက်းဇူးတင္ပါတယ္လို႔ေတာင္မေျပာလိုက္ရဘူး☹)

ေျပးဝင္ဖို႔လမ္းၾကားမရွိေတာ့ ကားလမ္းမအတိုင္းေျပးေနရင္း taxiတစ္စီးကခရီးသည္ပါေနတာကိုေတာင္ရပ္ေပးတယ္ ကားေပၚပါလာတဲ့ အန္တီႀကီးကလဲ သားတို႔ျမန္ျမန္တက္ဆိုၿပီး တံခါးပါဖြင့္ေပးတယ္

ကားေပၚမွာလဲ သားတို႔ကိုလုံၿခဳံတဲ့ေနရာထိပို႔ေပးမယ္ ကေလးေတြကိုလုံၿခဳံတဲ့မွတ္တိုင္ကိုပို႔ေပးပါဆိုၿပီးအန္တီႀကီးကတဖြဖြေျပာတယ္ taxiဦးေလးႀကီးကလဲ ကားေပၚမွာ အားေပးစကားေတြေျပာတကယ္ပီတိျဖစ္ရပါတယ္

ကားဂိတ္ကိုပို႔ေပးၿပီး taxiခေပးေတာ့လဲ မယူဘူး “မင္းတို႔ေတာင္အသက္ေတြရင္းၿပီးလုပ္ေနတာ ဦးေလးကဒါေလးကိုဘာလို႔မကူညီႏိုင္ရမလဲ ဒါဦးေလးေစတနာပါ လက္ခံပါ”တဲ့ဗ်ာတကယ္တကယ္ကိုဝမ္းသာပီတိျဖစ္ရပါတယ္

ဒီတိုက္ပြဲကို ကြၽန္ေတာ္တို႔ႏိုင္ေအာင္တိုက္မွာပါဗ်ာ

ကြၽန္ေတာ္တို႔ျပည္သူေတြဘယ္ေလာက္ေတာင္ခ်စ္ဖို႔ေကာင္းလိုက္လဲဗ်ာ❤❤

Credit