ကိုဗစ်တိုက်ဖျက်ရေး ကုလ ၊ အာဆီယံနှင့် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ဟု စကစခေါင်းဆောင် ပြော

ကိုဗစ်တိုက်ဖျက်ရေး ကုလ ၊ အာဆီယံနှင့် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ဟု အကြမ်းဖက်ခေါင်းဆောင် ပြော

ဇူလိုင် ၂၈

ကိုဗစ်ကို ထိန်းချုပ်ကုသနိုင်ဖို့အတွက် ကုလသမဂ္ဂ နဲ့အာဆီယံပါအဝင် နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နိုင်ဖို့ စစ်ကောင်စီရဲ့လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနကို အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်က မနေ့ကပြုလုပ်ခဲ့တဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ အစည်းအဝေးမှာ မှာကြားခဲ့ပါတယ်။

“ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိရာတွင် အာဆီယံနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန်လိုအပ်တယ်လို့ ” မင်းအောင်လှိုင်ကပြောပါတယ်။

ကိုဗစ်ထိန်းချုပ်ကုသ ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း နဲ့လူမှုအဖွဲ့အစည်းတွေက စစ်ကောင်စီကိုယုံကြည်မှုမရှိတော့ဘဲ အမျိုးသားညီညွတ်ရေးအစိုးရနဲ့လက်တွဲလုပ်ဆောင်ဖို့

ညှိုနှိုင်းအစည်းအဝေးတွေ အကြိမ်ကြိမ်ပြုလုပ်နေပြီး မကြာခင်လပိုင်း အတွင်း တတိယအဖွဲ့အစည်းအကူအညီနဲ့ ပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ အမျိုးသားညီညွတ်ရေးအစိုးရက လုပ်ဆောင်နေပါတယ်။

———–

ကိုဗစ္တိုက္ဖ်က္ေရး ကုလ ၊ အာဆီယံႏွင့္ နိုင္ငံတကာက ပူးေပါင္းေဆာင္ရြက္ရန္လိုအပ္ဟု အၾကမ္းဖက္ေခါင္းေဆာင္ ေျပာ

ဇူလိုင္ ၂၈

ကိုဗစ္ကို ထိန္းခ်ဳပ္ကုသနိုင္ဖို့အတြက္ ကုလသမဂၢ နဲ႔အာဆီယံပါအဝင္ နိုင္ငံတကာနဲ႔ပူးေပါင္းေဆာင္ရြက္နိုင္ဖို့ စစ္ေကာင္စီရဲ့လက္ေအာက္ခံ နိုင္ငံျခားေရးဝန္ႀကီးဌာနကို အၾကမ္းဖက္ေခါင္းေဆာင္မင္းေအာင္လွိုင္က မေန႔ကျပဳလုပ္ခဲ့တဲ့ ကိုဗစ္နဲ႔ပတ္သက္တဲ့ အစည္းအေဝးမွာ မွာၾကားခဲ့ပါတယ္။

“ကိုဗစ္-၁၉ ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရး ဆိုင္ရာမ်ားကို အင္တိုက္အားတိုက္ေဆာင္ရြက္လ်က္ရွိရာတြင္ အာဆီယံနိုင္ငံမ်ား၊ မိတ္ေဆြနိုင္ငံမ်ား၊ ကုလသမဂၢအဖြဲ႕အစည္းမ်ား၊ လူမွုေရးအဖြဲ႕အစည္းမ်ား အပါအဝင္ နိုင္ငံတကာႏွင့္ ပူးေပါင္းေဆာင္ရြက္မွုမ်ား တိုးျမႇင့္လုပ္ေဆာင္နိုင္ရန္လိုအပ္တယ္လို့ ” မင္းေအာင္လွိုင္ကေျပာပါတယ္။

ကိုဗစ္ထိန္းခ်ဳပ္ကုသ ေဆာင္ရြက္မွုေတြနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီရဲ့ စီမံခန႔္ခြဲမွု ညံ့ဖ်င္းမွုေၾကာင့္ ကုလသမဂၢအပါအဝင္ နိုင္ငံတကာအသိုင္းအဝိုင္း နဲ႔လူမွုအဖြဲ႕အစည္းေတြက စစ္ေကာင္စီကိုယုံၾကည္မွုမရွိေတာ့ဘဲ အမ်ိဳးသားညီညြတ္ေရးအစိုးရနဲ႔လက္တြဲလုပ္ေဆာင္ဖို့

ညႇိုႏွိုင္းအစည္းအေဝးေတြ အႀကိမ္ႀကိမ္ျပဳလုပ္ေနၿပီး မၾကာခင္လပိုင္း အတြင္း တတိယအဖြဲ႕အစည္းအကူအညီနဲ႔ ျပည္သူေတြကို ကိုဗစ္ကာကြယ္ေဆးထိုးဖို့ အမ်ိဳးသားညီညြတ္ေရးအစိုးရက လုပ္ေဆာင္ေနပါတယ္။