
မအလ အဆင့်အနေထားက ကြိုးစင်နော် ရှောင်လွှဲလို့မရတော့ဘူး ဘယ်လိုနည်းနဲ့မှလည်း ကြေအေး ညှိနှိုင်းလို့မရတော့ဘူး ဂိတ်ဆုံးနေပြီ
ဒီတော့ ယခုလိုတွေဖြစ်နေလို့များ မအလ မအုပ်ချုပ်နိုင်ရင် မလုပ်နိုင်ရင် ဆင်းတော့ သွားတော့ ဘာညာနဲ့ လုပ်မရဘူး
အကြောင်းက သူဆင်းရင် သူသေမှာ (သေဒဏ်) ဒီတော့ အဆင်းကိုမခံသလို ဘယ်တော့မှ နေရာဖယ်ပေးမှာမဟုတ်တော့ဘူး အကယ်၍ ဆင်းခဲ့လည်း အဲ့နေ့ပြေးတဲ့နေ့ပဲ စစ်တပ်ကို အခြားသူထဲ ထိုးထည့်ပြီး ဆက်လျက် အာဏာယူထားကြအုံးမှာ ဒါမှ သူပြေးလို့ရပြီး အဖမ်းမခံ မသေမှာ
ဒီတော့ စစ်တပ်မှာ မအလမရှိလည်း ဘာမှဖြစ်မသွားဘူး သူက သေဒဏ်ကျခံနေရတဲ့သူ အမှုပေါင်း သိန်းချီနဲ့ လည်ပင်းကြိုးကွင်းစွပ်ခံနေရသူ ဒီတော့ သိထားရမှာက ခုမအလနဲ့ စစ်တပ်တတပ်လုံးကို အမြစ်ပြတ် ရှင်းလင်းနိုင်မှ အရေးတော်ပုံက အောင်မြင်မှာဆိုတော့
ပြည်သူ့ရန်သူသည် စစ်တပ်ဖြစ်သည် စစ်တပ်မှ အာဏာလု အာဏာရူး ဗိုလ်ချုပိတွေဖြစ်သည် ဒီတော့ စစ်တပ်မှာ မအလမရှိလည်း ဆက်လျက် တွန်းလှန် တိုက်ပွဲဝင်ပြီး စစ်တပ်ကို အမြစ်ပြတ်ရှင်းလင်းရေးနဲ့ အသစ်ပြန်ဖွဲ့စည်းမှ ရမည်
အကယ်၍ မအလ ဆင်း၍ သို့ သေ၍ ကျန်စစ်တပ်က ဗိုလ်ချုပ်တွေ လက်နက်ချပြီး အပြစ်ဝန်ခံ တာဝန်ခံမယ်ဆိုပြီး အာဏာပြန်အပ်ရင်တော့ ဥပဒေအရလုပ်ဆောင်ပြီး စစ်တပ်ကိုတန်းလျားပို့ အသစ်ပြန်ဖွဲ့စည်းပြီး အစိုးရအောက်ထားရမည်ဖြစ်သည်
ထိုသို့မှ မဟုတ်ပဲ ပေခံပြီး အာဏာဆက်လု စစ်ရေးနဲ့ ခံချ မထူးဇာတ်ခင်း ထွက်ပေါက်ရှာမည်ဆိုရင်တော့လည်း ပြည်သူဟာ D Day မှ အပ အခြား ရွေးစရာ လမ်းမရှိပါဆိုတာနဲ့
ခုဖြစ်စဉ်မှာ ပါဝင် ကျုးလွန်တဲ့ စစ်တပ် ရဲတပ် ပါတီအဖွဲ့စည်း လူပုဂ္ဂိုလ်တွေကိုတော့မူ ဥပဒေအရ အရေးယူရှင်းလင်းရေးနဲ့ အမြစ်ပြတ်သုတ်သင်ရေးကိုတော့မူ စစ်ပွဲအဆုံးဖြတ် ခံယူပြီး သူသေကိုယ်ရှင် နွှဲကြပြီးမှ နိဂုံး အဆုံးသတ်ကြရလိမ့်မည် ဖြစ်ကြောင်း အသိပေးရင်း အရေးတော်ပုံအောင်ဖို့ ခွေးစစ်တပ်ကို အမြစ်ဖြတ်စို့ဟု !!
မင်းကြည်ညိုနေ
———–
မအလ အဆင့္အေနထားက ႀကိဳးစင္ေနာ္ ေရွာင္လႊဲလို႔မရေတာ့ဘူး ဘယ္လိုနည္းနဲ႔မွလည္း ေၾကေအး ညႇိႏႈိင္းလို႔မရေတာ့ဘူး ဂိတ္ဆုံးေနၿပီ
ဒီေတာ့ ယခုလိုေတြျဖစ္ေနလို႔မ်ား မအလ မအုပ္ခ်ဳပ္ႏိုင္ရင္ မလုပ္ႏိုင္ရင္ ဆင္းေတာ့ သြားေတာ့ ဘာညာနဲ႔ လုပ္မရဘူး
အေၾကာင္းက သူဆင္းရင္ သူေသမွာ (ေသဒဏ္) ဒီေတာ့ အဆင္းကိုမခံသလို ဘယ္ေတာ့မွ ေနရာဖယ္ေပးမွာမဟုတ္ေတာ့ဘူး အကယ္၍ ဆင္းခဲ့လည္း အဲ့ေန႔ေျပးတဲ့ေန႔ပဲ စစ္တပ္ကို အျခားသူထဲ ထိုးထည့္ၿပီး ဆက္လ်က္ အာဏာယူထားၾကအုံးမွာ ဒါမွ သူေျပးလို႔ရၿပီး အဖမ္းမခံ မေသမွာ
ဒီေတာ့ စစ္တပ္မွာ မအလမရွိလည္း ဘာမွျဖစ္မသြားဘူး သူက ေသဒဏ္က်ခံေနရတဲ့သူ အမႈေပါင္း သိန္းခ်ီနဲ႔ လည္ပင္းႀကိဳးကြင္းစြပ္ခံေနရသူ ဒီေတာ့ သိထားရမွာက ခုမအလနဲ႔ စစ္တပ္တတပ္လုံးကို အျမစ္ျပတ္ ရွင္းလင္းႏိုင္မွ အေရးေတာ္ပုံက ေအာင္ျမင္မွာဆိုေတာ့
ျပည္သူ႔ရန္သူသည္ စစ္တပ္ျဖစ္သည္ စစ္တပ္မွ အာဏာလု အာဏာ႐ူး ဗိုလ္ခ်ဳပိေတြျဖစ္သည္ ဒီေတာ့ စစ္တပ္မွာ မအလမရွိလည္း ဆက္လ်က္ တြန္းလွန္ တိုက္ပြဲဝင္ၿပီး စစ္တပ္ကို အျမစ္ျပတ္ရွင္းလင္းေရးနဲ႔ အသစ္ျပန္ဖြဲ႕စည္းမွ ရမည္
အကယ္၍ မအလ ဆင္း၍ သို႔ ေသ၍ က်န္စစ္တပ္က ဗိုလ္ခ်ဳပ္ေတြ လက္နက္ခ်ၿပီး အျပစ္ဝန္ခံ တာဝန္ခံမယ္ဆိုၿပီး အာဏာျပန္အပ္ရင္ေတာ့ ဥပေဒအရလုပ္ေဆာင္ၿပီး စစ္တပ္ကိုတန္းလ်ားပို႔ အသစ္ျပန္ဖြဲ႕စည္းၿပီး အစိုးရေအာက္ထားရမည္ျဖစ္သည္
ထိုသို႔မွ မဟုတ္ပဲ ေပခံၿပီး အာဏာဆက္လု စစ္ေရးနဲ႔ ခံခ် မထူးဇာတ္ခင္း ထြက္ေပါက္ရွာမည္ဆိုရင္ေတာ့လည္း ျပည္သူဟာ D Day မွ အပ အျခား ေ႐ြးစရာ လမ္းမရွိပါဆိုတာနဲ႔
ခုျဖစ္စဥ္မွာ ပါဝင္ က်ဳးလြန္တဲ့ စစ္တပ္ ရဲတပ္ ပါတီအဖြဲ႕စည္း လူပုဂၢိဳလ္ေတြကိုေတာ့မူ ဥပေဒအရ အေရးယူရွင္းလင္းေရးနဲ႔ အျမစ္ျပတ္သုတ္သင္ေရးကိုေတာ့မူ စစ္ပြဲအဆုံးျဖတ္ ခံယူၿပီး သူေသကိုယ္ရွင္ ႏႊဲၾကၿပီးမွ နိဂုံး အဆုံးသတ္ၾကရလိမ့္မည္ ျဖစ္ေၾကာင္း အသိေပးရင္း အေရးေတာ္ပုံေအာင္ဖို႔ ေခြးစစ္တပ္ကို အျမစ္ျဖတ္စို႔ဟု !!
မင္းၾကည္ညိဳေန