
တော်လှန်ရေး အဆုံးသတ်ကာနီးပြီလော
မန်းလေးမြို့မှဧရာဝတီ မြစ်ကြောင်းအထက်ပိုင်းကို စစ်သင်းဘောများဆန်တက်လာခြင်းသည် ရေကြောင်းသမိုင်းတလျှောက်ဖြစ်ခဲပါသည်။ မကြားဖူးပါ။
စစ်တပ်ဟာနွေဦးတော်လှန်ရေးအရွေ့ကိုမြန်ဆန်စွာအဆုံးသတ် လက်ဦးမူရယူမည့်ပုံပါ။တော်လှန်ရေးတွင် တက်ကြွဟန်ရှိသောKIO/KIAကိုဖိအားပေးနှိပ်ကွပ်လိုက်နိူင်လျှင် တော်လှန်ရေးဦးကျိုးသွားမည်ဟုတွက်ဆပုံပါ။
ကိုဗစ်ကပ်ဘေးကြားထဲမှပင် စစ်တပ်သည် တနိူင်ငံလုံးကိုမြန်မြန်ဆန်ဆန် ငြိမ်ဝပ်ပိပြားစေလိုဟန်ရှိသည်။
စစ်သင်းဘောများထုတ်သုံးလာခြင်းသည်လက်နက်ခဲယမ်းများကိုလုံခြုံစွာနှင့်အမြန်ဆုံးသယ်ယူနိူင်သောကြောင့်ဖြစ်ပေလိမ့်မည်။
မိုးတွင်းကာလ ရေကြောင်းသည်ကျယ်ပြန့်လွန်းရာ KIA ၏ပစ်ခတ်ဟန့်တားမူများသည်လည်းထိရောက်ခြင်းမရှိပါ။
စစ်တပ်သည် ကချင်ဒေသတွင် တင့်ကားများ ထုတ်သုံးလာနိူင်ဖွယ်ရှိပြီး ပစ်မှတ်မှာKIO/KIA၏အဓိက ကျသောတပ်မဟာတပ်စခန်းများဖြစ်နိူင်သည်။
စစ်တပ်သည်၎င်း၏ပစ်မှတ်များဆီသို့ တင့်ကားများ လက်နက်ကြီးပစ်ကူများနှင့်အတူ ခြေလျင်ထိုးစစ်ဆင်ပြီးKIAတပ်မဟာတိုင်း၏လှုပ်ရှားလာမူများကိုလေကြောင်းပစ်ကူဖြင့်ထိန်းထားမည်ဟုခန့်မှန်းရသည်။
တဖက်တွင် KIO/KIAသည်လည်း လွယ်လင့်တကူ ဆုတ်ခွာပေးမည့်ပုံမရှိပါ။ပြင်းပြင်းထန်ထန် ခုခံကာကွယ်မည့်အနေအထားတွင်ရှိသည်။ NUG ၏D dayဟု ခေါ်ချင်ပုံရသော တနိူင်ငံလုံး၏ထကြွတော်လှန်မူမျိုးမဖြစ်မှီ စစ်တပ်သည်KIO/KIAကိုဦးချိုးလိုက်ချင်ပုံရှိသည်။
KIO/KIAကိုဦးချိုးလိုက်လျှင်မြေပြင်တွင်လက်တွေ့ဆန်သော စစ်တပ်နှင့်ထိပ်တိုက်တွေ့မူများ မရှိနိူင်တော့ဟုတွက်ချက်ထားပုံပါ။ စစ်တပ်၏အယူအဆသည်မှန်သည် မမှန်သည်ဆိုရာထက် ခြေလှမ်းသွက်နေသည်ကအမှန်ပင်ဖြစ်သည်။
တနိူင်ငံလုံးရှိ ပြည်သူများ
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ
ဒီမိုကရေစီအင်အားစုကြီးများ
CRPH NUG ဘာလဲ ဘယ်လဲ ဆန်းစစ် ရပေတော့မည်။
KIO/KIAကမူသေချာပေါက် ခုခံပါလိမ့်မည်။
Credit – Origi Writer
———–
ေတာ္လွန္ေရး အဆုံးသတ္ကာနီးၿပီေလာ
မန္းေလးၿမိဳ႕မွဧရာဝတီ ျမစ္ေၾကာင္းအထက္ပိုင္းကို စစ္သင္းေဘာမ်ားဆန္တက္လာျခင္းသည္ ေရေၾကာင္းသမိုင္းတေလွ်ာက္ျဖစ္ခဲပါသည္။ မၾကားဖူးပါ။
စစ္တပ္ဟာေႏြဦးေတာ္လွန္ေရးအေ႐ြ႕ကိုျမန္ဆန္စြာအဆုံးသတ္ လက္ဦးမူရယူမည့္ပုံပါ။ေတာ္လွန္ေရးတြင္ တက္ႂကြဟန္ရွိေသာKIO/KIAကိုဖိအားေပးႏွိပ္ကြပ္လိုက္ႏိူင္လွ်င္ ေတာ္လွန္ေရးဦးက်ိဳးသြားမည္ဟုတြက္ဆပုံပါ။
ကိုဗစ္ကပ္ေဘးၾကားထဲမွပင္ စစ္တပ္သည္ တႏိူင္ငံလုံးကိုျမန္ျမန္ဆန္ဆန္ ၿငိမ္ဝပ္ပိျပားေစလိုဟန္ရွိသည္။
စစ္သင္းေဘာမ်ားထုတ္သုံးလာျခင္းသည္လက္နက္ခဲယမ္းမ်ားကိုလုံၿခဳံစြာႏွင့္အျမန္ဆုံးသယ္ယူႏိူင္ေသာေၾကာင့္ျဖစ္ေပလိမ့္မည္။
မိုးတြင္းကာလ ေရေၾကာင္းသည္က်ယ္ျပန႔္လြန္းရာ KIA ၏ပစ္ခတ္ဟန႔္တားမူမ်ားသည္လည္းထိေရာက္ျခင္းမရွိပါ။
စစ္တပ္သည္ ကခ်င္ေဒသတြင္ တင့္ကားမ်ား ထုတ္သုံးလာႏိူင္ဖြယ္ရွိၿပီး ပစ္မွတ္မွာKIO/KIA၏အဓိက က်ေသာတပ္မဟာတပ္စခန္းမ်ားျဖစ္ႏိူင္သည္။
စစ္တပ္သည္၎၏ပစ္မွတ္မ်ားဆီသို႔ တင့္ကားမ်ား လက္နက္ႀကီးပစ္ကူမ်ားႏွင့္အတူ ေျခလ်င္ထိုးစစ္ဆင္ၿပီးKIAတပ္မဟာတိုင္း၏လႈပ္ရွားလာမူမ်ားကိုေလေၾကာင္းပစ္ကူျဖင့္ထိန္းထားမည္ဟုခန႔္မွန္းရသည္။
တဖက္တြင္ KIO/KIAသည္လည္း လြယ္လင့္တကူ ဆုတ္ခြာေပးမည့္ပုံမရွိပါ။ျပင္းျပင္းထန္ထန္ ခုခံကာကြယ္မည့္အေနအထားတြင္ရွိသည္။ NUG ၏D dayဟု ေခၚခ်င္ပုံရေသာ တႏိူင္ငံလုံး၏ထႂကြေတာ္လွန္မူမ်ိဳးမျဖစ္မွီ စစ္တပ္သည္KIO/KIAကိုဦးခ်ိဳးလိုက္ခ်င္ပုံရွိသည္။
KIO/KIAကိုဦးခ်ိဳးလိုက္လွ်င္ေျမျပင္တြင္လက္ေတြ႕ဆန္ေသာ စစ္တပ္ႏွင့္ထိပ္တိုက္ေတြ႕မူမ်ား မရွိႏိူင္ေတာ့ဟုတြက္ခ်က္ထားပုံပါ။ စစ္တပ္၏အယူအဆသည္မွန္သည္ မမွန္သည္ဆိုရာထက္ ေျခလွမ္းသြက္ေနသည္ကအမွန္ပင္ျဖစ္သည္။
တႏိူင္ငံလုံးရွိ ျပည္သူမ်ား
လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕မ်ား
ဒီမိုကေရစီအင္အားစုႀကီးမ်ား
CRPH NUG ဘာလဲ ဘယ္လဲ ဆန္းစစ္ ရေပေတာ့မည္။
KIO/KIAကမူေသခ်ာေပါက္ ခုခံပါလိမ့္မည္။
Credit – Origi Writer