ပထမဆုံး သမိုင်းဝင်ရွှေတံဆိပ်ကိုရယူပေးနိုင်ခဲ့လို့ အိမ်နှစ်လုံးနဲ့ ဒေါ်လာ ၆သိန်းရသွားတဲ့ ဖိလစ်ပိုင် အိုလံပစ်မယ်

လက်ရှိကျင်းပနေတဲ့ တိုကျိုအိုလံပစ်ဟာ ဖိလစ်ပိုင်နိုင်ငံအတွက် သမိုင်းဝင်ခဲ့ပါတယ်။ ဟစ်ဒီလင်း ဒီရာ့ဇ်ဆိုတဲ့ ဖိလစ်ပိုင်ကိုယ်စားပြု အိုလံပစ်မယ်လေးဟာ ပထမဆုံးရွှေတံဆိပ်ဆုကို နိုင်ငံ့ဂုဏ်ဆောင်အနေနဲ့ ဆွတ်ခူးပေးနိုင်ခဲ့လို့ပါ။

ဝိတ်မတဲ့အားကစားနဲ့ ရွှေရခဲ့တဲ့ ဒီရာ့ဇ်ရဲ့ဆုဟာ ဖိလစ်ပိုင်အိုလံပစ်သမိုင်းတလျှောက် ပထမဆုံး ရွှေလို့သိရပါတယ်။ ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲရဲ့ကြေညာချက်အရ ၅၅ ကီလိုတန်းမှာ ၁၂၇ကီလိုဝိတ်တုံးကို စံချိန်တင်အောင် အောင်မြင်စွာမပြနိုင်ခဲ့လို့ ဒီရာ့ဇ်ဟာ ရွှေတံဆိပ်ရဆွတ်ခူးနိုင်ခဲ့တာပါ။

ရွှေတံဆိပ်ရတယ်လို့သိလိုက်တာနဲ့ ဖိလစ်ပိုင်အစိုးရဟာ ချက်ချင်းဆိုသလို ဆုတွေတန်းစီခဲ့ပါတယ်။ ဒေသခံလုပ်ငန်းရှင်တွေကလည်း ငွေတွေထည့်ဝင်ခဲ့ချိန်မှာတော့ ဒေါ်လာ ၆သိန်း ၆သောင်းနဲ့ အိမ်နှစ်လုံးကို ဆုအဖြစ် စီစဉ်ထားခဲ့ပြီလို့ ဘလွန်းဘတ်သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

အိမ်တလုံးက ဖိလစ်ပိုင်အိုလံပစ်ဉက္ကဌက ပေးအပ်တာဖြစ်ပြီး၊ တလုံးကတော့ တရုတ်ဘီလျံနာ အန်ဒရူး လင်တန်က ကွန်ဒိုပေးခဲ့တာလို့သိရပါတယ်။ အဆိုပါကွန်ဒိုရဲ့တန်ဖိုးကတင် ဒေါ်လာ ၂သိန်း ၈ သောင်းတန်ကြေးရှိတယ်လို့ ထပ်သိရပါတယ်။ ဒါဟာ ဖိလစ်ပိုင်ရဲ့အားကစားကို ချီးမြင့်ပုံပါ။

အသက် ၃၀ အရွယ်ရှိတဲ့ ဒီရာ့ဇ်ဟာ ဒီဆုကိုရဖို့ လွယ်ခဲ့တာတော့မဟုတ်ပါဘူး။ ဖိလစ်ပိုင်ကနေ မလေးရှားကို ထရိန်နင်သွားချိန်မှာ ကိုဗစ်ကြောင့်မပြန်ရလို ၇ လတိတိ မလေးမှာအချိန်ကုန်ခဲ့ရပါတယ်။ လေ့ကျင့်ဖို့ပစ္စည်းမရှိလို့ ရေသန့်ဘူးကြီးတွေကို ဝါးလုံးတန်းထိုး လေ့ကျင့်ခဲ့ရတဲ့အထိပါ။

ဆုကြေးတွေထပ်တိုးလာဖို့ရှိနေပေမဲ့ ပြည်သူကပေးတဲ့အစီအစဉ်အသေးစိတ်တွေကိုတော့ မသိရဘူးလို့ သတင်းကဖော်ပြထားပါတယ်။ ဖိလစ်ပိုင်အတွက်လည်း ပထမဆုံးအိုလံပစ်ရွှေတံဆိပ်ရသွားတဲ့အတွက် နိုင်ငံသားတွေဟာ ပျော်ရွှင်နေကြပြီး၊ ဒီရာ့ဇ်ပြန်လာရင်အောင်ပွဲခံဖို့ပြင်ဆင်နေကြပါတယ်။

Crd – Shwe Today

———-

လက္ရွိက်င္းပေနတဲ့ တိုက်ိဳအိုလံပစ္ဟာ ဖိလစ္ပိုင္ႏိုင္ငံအတြက္ သမိုင္းဝင္ခဲ့ပါတယ္။ ဟစ္ဒီလင္း ဒီရာ့ဇ္ဆိုတဲ့ ဖိလစ္ပိုင္ကိုယ္စားျပဳ အိုလံပစ္မယ္ေလးဟာ ပထမဆုံးေ႐ႊတံဆိပ္ဆုကို ႏိုင္ငံ့ဂုဏ္ေဆာင္အေနနဲ႔ ဆြတ္ခူးေပးႏိုင္ခဲ့လို႔ပါ။

ဝိတ္မတဲ့အားကစားနဲ႔ ေ႐ႊရခဲ့တဲ့ ဒီရာ့ဇ္ရဲ႕ဆုဟာ ဖိလစ္ပိုင္အိုလံပစ္သမိုင္းတေလွ်ာက္ ပထမဆုံး ေ႐ႊလို႔သိရပါတယ္။ ၂၀၂၀ တိုက်ိဳ အိုလံပစ္ၿပိဳင္ပြဲရဲ႕ေၾကညာခ်က္အရ ၅၅ ကီလိုတန္းမွာ ၁၂၇ကီလိုဝိတ္တုံးကို စံခ်ိန္တင္ေအာင္ ေအာင္ျမင္စြာမျပႏိုင္ခဲ့လို႔ ဒီရာ့ဇ္ဟာ ေ႐ႊတံဆိပ္ရဆြတ္ခူးႏိုင္ခဲ့တာပါ။

ေ႐ႊတံဆိပ္ရတယ္လို႔သိလိုက္တာနဲ႔ ဖိလစ္ပိုင္အစိုးရဟာ ခ်က္ခ်င္းဆိုသလို ဆုေတြတန္းစီခဲ့ပါတယ္။ ေဒသခံလုပ္ငန္းရွင္ေတြကလည္း ေငြေတြထည့္ဝင္ခဲ့ခ်ိန္မွာေတာ့ ေဒၚလာ ၆သိန္း ၆ေသာင္းနဲ႔ အိမ္ႏွစ္လုံးကို ဆုအျဖစ္ စီစဥ္ထားခဲ့ၿပီလို႔ ဘလြန္းဘတ္သတင္းဌာနက ေဖာ္ျပသြားခဲ့ပါတယ္။

အိမ္တလုံးက ဖိလစ္ပိုင္အိုလံပစ္ဉကၠဌက ေပးအပ္တာျဖစ္ၿပီး၊ တလုံးကေတာ့ တ႐ုတ္ဘီလ်ံနာ အန္ဒ႐ူး လင္တန္က ကြန္ဒိုေပးခဲ့တာလို႔သိရပါတယ္။ အဆိုပါကြန္ဒိုရဲ႕တန္ဖိုးကတင္ ေဒၚလာ ၂သိန္း ၈ ေသာင္းတန္ေၾကးရွိတယ္လို႔ ထပ္သိရပါတယ္။ ဒါဟာ ဖိလစ္ပိုင္ရဲ႕အားကစားကို ခ်ီးျမင့္ပုံပါ။

အသက္ ၃၀ အ႐ြယ္ရွိတဲ့ ဒီရာ့ဇ္ဟာ ဒီဆုကိုရဖို႔ လြယ္ခဲ့တာေတာ့မဟုတ္ပါဘူး။ ဖိလစ္ပိုင္ကေန မေလးရွားကို ထရိန္နင္သြားခ်ိန္မွာ ကိုဗစ္ေၾကာင့္မျပန္ရလို ၇ လတိတိ မေလးမွာအခ်ိန္ကုန္ခဲ့ရပါတယ္။ ေလ့က်င့္ဖို႔ပစၥည္းမရွိလို႔ ေရသန႔္ဘူးႀကီးေတြကို ဝါးလုံးတန္းထိုး ေလ့က်င့္ခဲ့ရတဲ့အထိပါ။

ဆုေၾကးေတြထပ္တိုးလာဖို႔ရွိေနေပမဲ့ ျပည္သူကေပးတဲ့အစီအစဥ္အေသးစိတ္ေတြကိုေတာ့ မသိရဘူးလို႔ သတင္းကေဖာ္ျပထားပါတယ္။ ဖိလစ္ပိုင္အတြက္လည္း ပထမဆုံးအိုလံပစ္ေ႐ႊတံဆိပ္ရသြားတဲ့အတြက္ ႏိုင္ငံသားေတြဟာ ေပ်ာ္႐ႊင္ေနၾကၿပီး၊ ဒီရာ့ဇ္ျပန္လာရင္ေအာင္ပြဲခံဖို႔ျပင္ဆင္ေနၾကပါတယ္။

Crd – Shwe Today