ဓါတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲမှု ၎င်းတို့ လက်ချက်မဟုတ်ဟု ဒေသခံ ပီဒီ်အက်ဖ် အဖွဲ့ပြော။

ဓါတ်​ငွေ့ပိုက်လိုင်း ​ဖောက်ခွဲမှု ၎င်းတို့ လက်ချက်မဟုတ်ဟု ​ဒေသခံPDFအဖွဲ့​ပြော။

၂၀၂၁ခုနှစ်၊ဇူလိုင်၂၉ရက်။

မွန်ပြည်နယ်၊ သထုံမြို့နယ် ဝင်းစိန်ရွာနှင့် စခန်းကြီးရွာကြား သွယ်တန်းထားသည့် ဓာတ်ငွေ့လိုင်းတစ်ခုသည် ဇူလိုင်လ ၂၇ရက်​ညပိုင်းက ဖောက်ခွဲဖျက်ဆီးခံလိုက်ရပြီးထိုဖောက်ခွဲမှုကို PDFများက ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါဓာတ်ငွေ့ပိုက်လိုင်းမှာ ထိုင်းနိုင်ငံသို့ ပို့ဆောင်နေသည့် ပိုက်လိုင်းတစ်ခုဖြစ်သည်ဟု ဇူလိုင်၂၈ရက်​နေ့ညက ကနဦး သတင်းများထွက်ပေါ်လာခဲ့ပါသည်။

အဆိုပါဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ဖောက်ခွဲဖျက်ဆီးခံလိုက်ရသည့် ကိစ္စမှာ စစ်​ကောင်စီဘက်က သူတို့ဘာသာ လုပ်ကြံ ပြီး PDF ကို ထိုးချတာဟု ဒေသခံPDFတပ်ဖွဲ့ဝင်တစ်ဦးက ဒီက​နေ့မှာ ​ ပြောကြားခဲ့ပါသည်။

” စစ်ခွေးတွေ နိုင်ငံတကာရဲ့ မျက်နှာစာမှာ အထင်ကြီး ခံရအောင် သူတို့ဟာ သူတို့ လုပ်ကြံဖျက်စီးကြတာ ။ အဲ့လောက်လဲ တို့ PDF တွေ မယုတ်မာဘူး။ စစ်ခွေးတွေ သူ့ဟာသူ ယုတ်မာပြီး PDF ကို ထိုးချတာ ။ နိုင်ငံတကာမှာ မျက်နှာ ရချင်တိုင်း PDF ဆိုတာကို အလွဲသုံးစားလုပ်နေတာ”ဟု ဒေသခံ PDFတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲဖျက်ဆီးခံလိုက်သည့် ကိစ္စကို ကနဦးသတင်းထွက်ပေါ်လာသည့်အတိုင်း သတင်းမီဒီယာတချို့က ဖော်ပြခဲ့ပြီးနောက် တက်သိနားလည်သည့် ပြည်သူတချို့မှ ထိုပိုက်လိုင်းမှာ ထိုင်းနိုင်ငံသို့သွယ်တန်းထားသည့်ပိုက်လိုင်းမဟုတ်ကြောင်း သုံးသပ်​ပြောဆိုကြသည်။

ထိုဓာတ်ငွေ့ပိုက်လိုင်းသည်ပြည်တွင်းသုံး ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုသာဖြစ်ပြီး ထိုင်းနိုင်ငံသို့သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းမှာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်အတွင်း၌ ချိတ်ဆက်သွယ်တန်းထားသည်ဟု သိရသည်။

သထုံမြို့နယ်အတွင်းရှိ ဓာတ်ငွေ့ပိုက်လိုင်းဖောက်ခွဲခံရသည့် ကိစ္စသည် ကနဦးထွက်ပေါ်လာသည့် ထိုင်းနိုင်ငံသို့ သွယ်တန်းထားသည့် ပိုက်လိုင်းတစ်ခု ဖော်ပြထားသည်မှာ အမှန်မဟုတ်သည့်အပြင် PDFများက ဖျက်ဆီးလိုက်သည်ဟု ဖော်ပြထားမှုကိုလည်း ဒေသခံPDFက မပြုလုပ်ကြောင်း ငြင်းဆိုထားသည်။

အဆိုပါ ဓါတ်​ငွေ့ပိုက်လိုင်း ​ဖောက်ခွဲပုံ ဓါတ်ပုံများနှင့် Videoကို သတင်းဌာနများသို့ ​ပေးပို့ခဲ့သူကို​တော့ မသိရှိရ​သေး​​ပေ။

—————–

ဓါတ္​ေငြ႕ပိုက္လိုင္း ​ေဖာက္ခြဲမႈ ၎တို႔ လက္ခ်က္မဟုတ္ဟု ​ေဒသခံPDFအဖြဲ႕​ေျပာ။

၂၀၂၁ခုႏွစ္၊ဇူလိုင္၂၉ရက္။

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္ ဝင္းစိန္႐ြာႏွင့္ စခန္းႀကီး႐ြာၾကား သြယ္တန္းထားသည့္ ဓာတ္ေငြ႕လိုင္းတစ္ခုသည္ ဇူလိုင္လ ၂၇ရက္​ညပိုင္းက ေဖာက္ခြဲဖ်က္ဆီးခံလိုက္ရၿပီးထိုေဖာက္ခြဲမႈကို PDFမ်ားက ျပဳလုပ္ျခင္းျဖစ္ေၾကာင္းႏွင့္ အဆိုပါဓာတ္ေငြ႕ပိုက္လိုင္းမွာ ထိုင္းႏိုင္ငံသို႔ ပို႔ေဆာင္ေနသည့္ ပိုက္လိုင္းတစ္ခုျဖစ္သည္ဟု ဇူလိုင္၂၈ရက္​ေန႔ညက ကနဦး သတင္းမ်ားထြက္ေပၚလာခဲ့ပါသည္။

အဆိုပါဓာတ္ေငြ႕ပိုက္လိုင္းတစ္ခု ေဖာက္ခြဲဖ်က္ဆီးခံလိုက္ရသည့္ ကိစၥမွာ စစ္​ေကာင္စီဘက္က သူတို႔ဘာသာ လုပ္ႀကံ ၿပီး PDF ကို ထိုးခ်တာဟု ေဒသခံPDFတပ္ဖြဲ႕ဝင္တစ္ဦးက ဒီက​ေန႔မွာ ​ ေျပာၾကားခဲ့ပါသည္။

” စစ္ေခြးေတြ ႏိုင္ငံတကာရဲ႕ မ်က္ႏွာစာမွာ အထင္ႀကီး ခံရေအာင္ သူတို႔ဟာ သူတို႔ လုပ္ႀကံဖ်က္စီးၾကတာ ။ အဲ့ေလာက္လဲ တို႔ PDF ေတြ မယုတ္မာဘူး။ စစ္ေခြးေတြ သူ႔ဟာသူ ယုတ္မာၿပီး PDF ကို ထိုးခ်တာ ။ ႏိုင္ငံတကာမွာ မ်က္ႏွာ ရခ်င္တိုင္း PDF ဆိုတာကို အလြဲသုံးစားလုပ္ေနတာ”ဟု ေဒသခံ PDFတပ္ဖြဲ႕ဝင္တစ္ဦးကေျပာသည္။

အဆိုပါဓာတ္ေငြ႕ပိုက္လိုင္း ေဖာက္ခြဲဖ်က္ဆီးခံလိုက္သည့္ ကိစၥကို ကနဦးသတင္းထြက္ေပၚလာသည့္အတိုင္း သတင္းမီဒီယာတခ်ိဳ႕က ေဖာ္ျပခဲ့ၿပီးေနာက္ တက္သိနားလည္သည့္ ျပည္သူတခ်ိဳ႕မွ ထိုပိုက္လိုင္းမွာ ထိုင္းႏိုင္ငံသို႔သြယ္တန္းထားသည့္ပိုက္လိုင္းမဟုတ္ေၾကာင္း သုံးသပ္​ေျပာဆိုၾကသည္။

ထိုဓာတ္ေငြ႕ပိုက္လိုင္းသည္ျပည္တြင္းသုံး ဓာတ္ေငြ႕ပိုက္လိုင္းတစ္ခုသာျဖစ္ၿပီး ထိုင္းႏိုင္ငံသို႔သြယ္တန္းထားသည့္ ဓာတ္ေငြ႕ပိုက္လိုင္းမွာ တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ခ႐ိုင္၊ေရျဖဴၿမိဳ႕နယ္အတြင္း၌ ခ်ိတ္ဆက္သြယ္တန္းထားသည္ဟု သိရသည္။

သထုံၿမိဳ႕နယ္အတြင္းရွိ ဓာတ္ေငြ႕ပိုက္လိုင္းေဖာက္ခြဲခံရသည့္ ကိစၥသည္ ကနဦးထြက္ေပၚလာသည့္ ထိုင္းႏိုင္ငံသို႔ သြယ္တန္းထားသည့္ ပိုက္လိုင္းတစ္ခု ေဖာ္ျပထားသည္မွာ အမွန္မဟုတ္သည့္အျပင္ PDFမ်ားက ဖ်က္ဆီးလိုက္သည္ဟု ေဖာ္ျပထားမႈကိုလည္း ေဒသခံPDFက မျပဳလုပ္ေၾကာင္း ျငင္းဆိုထားသည္။

အဆိုပါ ဓါတ္​ေငြ႕ပိုက္လိုင္း ​ေဖာက္ခြဲပုံ ဓါတ္ပုံမ်ားႏွင့္ Videoကို သတင္းဌာနမ်ားသို႔ ​ေပးပို႔ခဲ့သူကို​ေတာ့ မသိရွိရ​ေသး​​ေပ။

Photo – ​​(ေဖာက္ခြဲခံရ​ေသာဓါတ္​ေငြ႕ ပိုက္လိုင္းပုံ)

Source-သံလြင္ခက္