
တနင်္ဂနွေ
ဒီကာလမှာတော့ စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို အိမ်တွင်းရေးကိစ္စတွေနဲ့ မရောနှောမိပါစေနဲ့။ မိသားစု အရှုပ်အထွေးတွေမပါရင် အလုပ်များအဆင်ပြေတာများလိမ့်မယ်။ အတူတူနေသူများနဲ့ စိတ်ဝမ်းကွဲစရာလေးတွေ ကြုံနေရတတ်တဲ့ကာလဖြစ်လို့ပါပဲ။ အကြီးအကဲ၊ဖခင်၊ အလုပ်ရှင် စတဲ့သူတွေဆီကအကူအညီလေးတွေရလာတတ် ပါတယ်။ ငွေကြေးကတော့ အဝင်နဲ့အထွက်တူညီတူမျှရှိနေတာမို့ ငွေလက်ထဲတော့ မမြဲဘူးလို့ပဲပြောရပါလိမ့်မယ်။
ရပ်ဝေးက ဆရာသမားတွေဆီက အကြံဉာဏ်ကောင်းတွေရလွယ်ပါတယ်။ အွန်လိုင်းအလုပ်များ၊ရပ်ဝေးနဲ့ချိတ်ဆက် လုပ်ကိုင်ရတဲ့အလုပ်များက အဆင်ပြေချောမွေ့တတ်ပါတယ်။ လူမှုရေးကိစ္စတွေ မှာ ဦးဆောင်ဦးရွက်လုပ်ပေးဖို့ ပြောလာရင်တတ်နိုင်သ၍လုပ်ပေးလိုက်စေချင်ပါတယ်။ ကျန်းမာရေးအားနည်းချက်က ဆီး၊ဝမ်း၊သွေးလေ မမှန်တာ မျိုး အလွန်ဖြစ်ရတတ်ပါတယ်။ အချစ်ရေးမှာတော့ စကားများရတာမျိုး ဖြစ်တတ်ပေမဲ့ ပြေလည်မှုပြန်ရနိုင်ပါတယ်။
သတိထားရမှာကတော့ အိမ်ထောင်ရေးပဲ..။အိမ်ထောင်ရေး ၊အိမ်တွင်းရေးအညံ့များချိန်မို့ ရန်မဖြစ်အောင်သာနေကြပါ။ဖြစ်မိပြီဆိုရင် ကွဲမယ်ကွာမယ်ဆိုတာမျိုးတွေထိဖြစ်ရတတ်ပါတယ်။ ပညာရေးကထူးခြားတယ်။ အွန်လိုင်းကနေ မိမိသင်ချင်တာတစ်ခုခုကို သေချာလုပ်မယ်စိတ်ကူးလိုက်..အဲဒီပညာနဲ့ပတ်သက်ပြီးသင်ခန်းစာတွေ သင်ပေးမဲ့သူတွေ နဲ့ကြုံရတတ်ပါတယ်။
အကျိုးပေးဂဏန်း ၄/၅/၈အထူးဟော စီးပွားရေးအခွင့်အလမ်းတွေရလာမယ် ယတြာ ပင်လယ်စာပါတဲ့ ဟင်းတစ်ပွဲနဲ့ ဘုရားရှင်ကိုဆွမ်းကပ်ပါ
တနင်္လာ
ဒီအပတ်ထဲ ကံအညံ့များတယ်လို့ပဲဆိုချင်ပါတယ်။ တတ်နိုင်သမျှ စိတ်အားတင်းထားပါ။စိတ်ထဲကနေ ၇ရက် သားသမီးကိုမေတ္တာပို့နေပါ။ ဒါဆိုကံအညံ့တွေလျော့ပါးသွားပါလိမ့်မယ်။ တတ်နိုင်သမျှ မိသားစုထဲမှာ တနင်္လာသား သမီးရှိရင် အပြင်သွားတာဆင်ခြင်ခိုင်းပါ။ ရောဂါပိုးကပ်ပါလာတတ်ပါတယ်။ အထိုင်အလုပ်တွေ အခက်အခဲများနေ သေးတာကိုတွေ့ရပါတယ်။ အလုပ်တွေက ထင်သလိုမဖြစ်သေးတာကိုစိတ်ရှည်ဖို့လိုပါတယ်။
အလုပ်နေရာအပြောင်း အလဲကြုံရတာ၊သူများကိုယ်စား ကူညီလုပ်ပေးရတာမျိုးတွေ ဝန်ထမ်းသမားတွေအထူးကြုံရပါလိမ့်မယ်။ စိတ်ထဲ ရည်ရွယ်ချက်ပျောက်သလိုဖြစ်နေတတ်ပါတယ်။ စက်ကားမောင်းနှင်ရသူများ သတိထားပါ။ အထိအခိုက်လေးတွေ ရှိတတ်ပါတယ်။ ရေလမ်းခရီးများ၊ ရေကြီးနေတဲ့နေရာဖြတ်သန်းမောင်းနှင်ရသူများသတိထားမောင်းကြပါ။ ကံကောင်းတဲ့အချက်က မိတ်ဆွေကောင်းပေါများချိန်ပါပဲ။အကူအညီကောင်းတွေရလာတတ်ပါတယ်။
ငွေကြေး အခက်အခဲရှိရင် ရှာလို့ဖွေလို့လွယ်တတ်ပါတယ်။ အာယုဂြိုဟ်တွေအားနည်းနေချိန်မို့ ကျန်းမာရေးမပေါ့သင့်ပါဘူး။ အချစ်ရေးမှာတော့ အနေဝေးလို့ သွေးအေးသွားတာမျိုးတွေဖြစ်တတ်သလို ချစ်သူက နောက်အသစ်ရတာမျိုးတွေလဲ ကြုံနိုင်ပါတယ်။ အိမ်ထောင်ရေးအတွက်တော့ စိတ်ညစ်စရာသိပ်မတွေ့ရပါဘူး။
အကျိုးပေးဂဏန်း ၆/၉/၅ အထူးဟော ကံအညံ့များနေချိန်မို့ အစစအရာရာသတိနဲ့နေပါ ယတြာ သင်္ဘောသီးထောင်း ဘုရားကပ်လှူပါ
အင်္ဂါ
အခက်အခဲတွေကို ထိပ်တိုက်ရင်ဆိုင်ရတတ်ပါတယ်။ အပြီးမသတ်၊အဆုံးမသတ်တဲ့ အလုပ်ကြွေးတွေများ နေနိုင်ပါတယ်။ ငွေကြေးအကုန်အကျများနေပေမဲ့..ဝင်စရာရှိတဲ့ငွေလေးတွေ ဝင်လာနိုင်တာမျိုးရှိတတ်တော့ခံသာ သေးတယ်လို့ပဲဆိုရပါလိမ့်မယ်။ သီရိဂြိုဟ်တွေပျက်နေချိန်မို့ စွပ်စွဲပုတ်ခတ်သူတွေ၊အပြစ်ရှာသူတွေပေါများလိမ့် မယ်။ မိမိကို အရှက်တကွဲဖြစ်အောင်လုပ်သူတွေရှိလာတတ်ပါတယ်။
မိမိဆီမှာရှိတဲ့ စက်ပစ္စည်းတွေပျက်တာ၊ရေဝင် တာ၊ရှော့ဖြစ်ပြီး လောင်ကျွမ်းတာမျိုးဖြစ်တတ်လို့ သတိထားကိုင်တွယ်ပါ။ ပျက်လဲပြင်ဖို့ခက်ခဲပါလိမ့်မယ်။ စိတ်မြန် လက်မြန်မလုပ်ပါနဲ့။ ဒီကာလမှာ ဖြေးဖြေးမှန်မှန်နဲ့ ပေါ့ပေါ့ပါးပါးဆောင်ရွက်တာအကောင်းဆုံးပါ။ စိတ်ချမ်းသာစရာ ကောင်းတာက ကျန်းမာရေးအားနည်းပေမဲ့ ဒီကာလမှာ အဆိုးဆုံးရောဂါတွေစတင်ခံစားရရင်တောင် သေချာပေါက် ပြန်ကောင်းနိုင်ဖို့ အခွင့်အရေးများတယ်ဆိုတာတွေ့ရပါတယ်။
မိသားစုအတွင်းစည်းလုံးမှု၊နားလည်မှုရှိမှုတွေများစွာ ပြန်လည်ရရှိလိမ့်မယ်။ စိတ်ဝမ်းကွဲနေတဲ့အိမ်တွင်းရေးတွေ နားလည်မှုရလိမ့်မယ်။ မိမိမျှော်လင့်ထားတဲ့ကိစ္စတွေက ဒီကာလမှာ လမ်းစလေးတွေပေါ်လာတတ်ပါတယ်။အချစ်ရေးမှာတော့ ချစ်သူကသူကိစ္စနဲ့ သူပြဿနာနဲ့သူ ကိုယ့်ကို ဂရုစိုက်နိုင်မည် မထင်ပါ။အိမ်ထောင်ဘက်နဲ့ စိတ်တူသဘောတူရှိလိမ့်မယ်။အိမ်ထောင်ရေးစိတ်ချမ်းသာရမယ်။
အကျိုးပေးဂဏန်း ၇/ဝ/၆ အထူးဟော လုပ်စရာအလုပ်တွေ ပုံနေတတ်ပါတယ်။ ယတြာ နဂါးမောက်သီး(သို့)ထောပတ်သီးဘုရားကပ်လှူပေးပါ
ဗုဒ္ဓဟူး၊ရာဟု
ဒီကာလမှာတော့စိတ်ပင်ပန်းနွမ်းနယ်တာတွေ၊စိတ်ညစ်ရာတွေကနေလွတ်မြောက်လာမဲ့ကာလပါပဲ။ အဘက် ဘက် ကကံကောင်းမှုတွေ ကြုံလာရတတ်ပါတယ်။ ရစရာရှိတဲ့ ငွေကြေးတွေဝင်လာတတ်ပါတယ်။ ငွေကြေး အတွက်စိတ်ချမ်းသာမှုတွေကြုံရလိမ့်မယ်။ ရပ်ဝေးမှာရှိနေတဲ့ မိသားစုဝင်တွေ ငွေပို့တာမျိုးတွေကြုံရတတ်ပါတယ်။ အများနဲ့ တွဲစပ်ပြီး အတူတကွလုပ်ရတဲ့အလုပ်တွေက အကျိုးအမြတ်ပိုရတတ်ပါတယ်။
အလုပ်အတွက်စိုးရိမ်နေသူ များ၊ အလုပ်ရှာနေသူများ၊အလုပ်အတွင်းစိတ်ညစ်စရာကြုံနေရသူများ အဆင်ပြေသွားလိမ့်မယ်။အားနည်းချက်က ကျန်းမာရေးပဲ..။ ငါနေကောင်းပြီ ငါသက်သာပြီဆိုပြီး ပင်ပန်းတာတွေထလုပ်မိရာကနေ နဂိုထက်ဆိုးသောအခြေ အနေရောက်ရတတ်ပါတယ်။ အချို့ကလဲ ကျန်းမာပြီဆိုပြီး အရက်သောက်မိရာက ပြန်ပြီးအခြေအနေဆိုးသွားတတ် တာကိုတွေ့ရပါတယ်။
အချစ်ရေးကိစ္စတွေမှာတော့မိမိထင်ထားသည်ထက်အရာရာအဆင်ပြေနေပါလိမ့်မယ်။ဒါပေမဲ့အချစ်ရေးစန်းအားနည်းနေချိန်မို့ ချစ်သူကိုစိတ်ညစ်အောင်သွားမလုပ်မိဖို့ပဲလိုပါတယ်။ အိမ်ထောင်ဘက်အတွက် စိတ်ပူရမှာကျန်းမာရေးပါ။သူဖျားနားတာမျိုးတွေကြုံလွယ်တာမို့သူကျန်မာရေးကိုဂရုစိုက်ပေးပါ။ ပညာရေးကတော့ အပြိုင်အဆိုင်နဲ့တိုးတတ်ပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၄/၈/ဝ အထူးဟော အဘက်ဘက်ကကံကောင်းနေမယ် ယတြာ အာလူးကြော်တစ်ပွဲ ဘုရားကပ်လှူပါ
ကြာသပတေး
ရင်းနှီးမြုပ်နှံထားတဲ့အလုပ်တွေကနေ အကျိုးအမြတ်ရလာဖွယ်ရှိပါတယ်။ထီဝါသနာပါသူများထီကံစမ်းခြင်း များဒီရက်တွေအတွင်းမှာဆောင်ရွက်လို့အလွန်ကောင်းပါတယ်။ လက်လွန်ထားတဲ့ငွေကြေးတွေပြန်လည်ရလာတာ မျိုးကြုံရတတ်ပါတယ်။ ပင်ပန်းခံထားတဲ့၊ကြိုးစားထားတဲ့ကိစ္စတွေရဲ့အသီးအပွင့်တွေကို စတင်ခံစားရတတ်ပါတယ်။ အများကိုအကျိုးဆောင်လေ ကိုယ့်ကျိုးလဲအောင်လေလို့ ပြောရမဲ့ကာလပါ။
ဒါကြောင့်ဒီကာလတွေမှာတော့မိမိတတ် နိုင်တာတွေကို လိုအပ်နေသူတွေအတွက်ကူညီထောက်ပံ့ပေးလိုက်ပါ။အလုပ်နဲ့ပတ်သက်ပြီးအကူအညီတွေရလာ တာဖြစ်ဖြစ်၊ဖောက်သည်သစ်တွေရလာတာပဲဖြစ်ဖြစ်၊ နေရာကောင်းရတာပဲဖြစ်ဖြစ်ကြုံရတတ်ပါတယ်။စန်းအား ကောင်းနေတဲ့ကာလဖြစ်တာကြောင့် လူအများရဲ့ချစ်ခင်မှုတွေရလာနိုင်တာကိုတွေ့ရပါတယ်။
စိတ်ချမ်းသာမှု၊ ပျော် ရွှင်မှုတွေရလာနိုင်တဲ့ကာလပဲဖြစ်ပါတယ်။ နေရာထိုင်ခင်း၊အိုးအိမ်၊ရာထူးစတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးအဆင်ပြေမှု တွေအထူးကြုံရတတ်ပါတယ်။ အချစ်ရေးမှာတော့ အဆင်ပြေတာတွေများနေလိမ့်မယ်။ ချစ်သူမရှိသူများချစ်သူသစ် ရလာတတ်ပါတယ်။ အိမ်ထောင်ရေးမှာလဲ အညံ့အဆိုးသိပ်မတွေ့ရပါဘူး။ ကျန်းမာရေးကတော့ဦးခေါင်း၊အာရုံကြော ဝမ်းပျက် ဝမ်းလျှောခြင်းတွေဖြစ်ရတတ်ပါတယ်။ပညာရေးအတွက် စိတ်ချမ်းသာရမယ်။ဆရာကောင်းနဲ့ တွေ့ရတတ် ပါတယ်။
အကျိုးပေးဂဏန်း ၁/၂/၅ အထူးဟော အခက်အခဲတွေစတင်ငြိမ်းအေးတော့မယ် ယတြာ ဘူးသီးကြော်တစ်ပွဲ ဘုရားကပ်လှူပေးပါ
သောကြာ
ဒီတစ်ပတ်အတွင်း သတိထားရမှာကမိမိတို့ကိုယ်တိုင်က အတွေးမှား အလုပ်မှားတွေလုပ်နေမိတတ်ပါတယ်။ အရာရာကိုစိတ်ကအရွဲ့တိုက်ချင်စိတ်တွေများနေတတ်ပါတယ်။ စိတ်ညစ်စရာတွေကို အချိန်ပြည့်စဉ်းစားနေမိရင် လျှော့ပါလို့ တိုက်တွန်းလိုက်ရပါတယ်။ အရေးကြီးလို့ စကားပြောဆိုရမဲ့ကိစ္စတွေရှိလာပြီဆိုရင်တော့ တတ်နိုင်သမျှ အခြားလူကိုကိုယ်စားပြောခိုင်းတာကပိုကောင်းပါတယ်။
ကိုယ်တိုင်ပြောရင်တော့ဒေါသအသံမပါမိအောင် ထိန်း ပြောစေချင်ပါတယ်။ မိသားစုကိစ္စတွေ အခက်အခဲတွေကိုတော့မိမိက ဦးဆောင်ဖြေရှင်းပေးလိုက်ရင် ပြေလည်သွား တတ်တဲ့ကာလတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းစီးပွားများအတွက် ကောင်းသောအပြောင်းအလဲတွေပေါ်လာ တတ်ပါတယ်။ မိမိလဲလမ်းအိုအတိုင်းမလိုက်ဘဲခေတ်စနစ်နဲ့အညီဆောင်ရွက်တာကပိုကောင်းပါလိမ့်မယ်။
ခရီးတို ပဲဖြစ်ဖြစ်၊ခရီးရှည်ပဲဖြစ်ဖြစ်မလိုအပ်ရင်ခရီး မထွက်တာကပိုကောင်းပါတယ်။ ခရီးလမ်းမဖြောင့်ဖြူးတဲ့ကာလလဲ ဖြစ်ပါတယ်။ကျန်းမာရေးကောင်းပေမဲ့ သွေးအားနည်းတာမျိုး၊ထိခိုက်မိလို့သွေးထွက် သံယိုဖြစ်တာမျိုး သတိထားဖို့ အထူးလိုအပ်ပါတယ်။ အချစ်ရေးမှာတော့ စိတ်ကောက်လွန်းတဲ့ချစ်သူကိုသည်းခံဖို့လိုပါတယ်။ အိမ်ထောင်ရေးမှာ တော့အနည်းငယ်အားနည်းပေမဲ့ အရမ်းကြီးအိမ်ထောင်ရေးသောကများတာမျိုးမတွေ့ရပါဘူး။
အကျိုးပေးဂဏန်း ၉/၂/၃ အထူးဟော စိတ်အလိုမကျစရာလေးတွေပြည့်နှက်နေတတ်ပါတယ်။ ယတြာ ကန်စွန်းဥပြုတ် ဘုရားကပ်ပေးပါ
စနေ
အရာရာလိုက်ရောညီထွေနေတတ်ဖို့ပဲလိုပါတယ်။ စိတ်ကူးအယူအဆတွေများနေတတ်တဲ့ကာလဖြစ်တာမို့ မိမိလမ်းမှန်ကိုရွေးနိုင်ဖို့လူကြီးမိဘတွေဆီက အကြံဉာဏ်ယူသင့်ပါတယ်။ မိမိအပေါ်ကျေးဇူးရှိခဲ့တဲ့သူတွေကိုနိုင်တဲ့ ဘက်ကကျေးဇူးပြန်ဆပ်ခွင့်ရလာတတ်ပါတယ်။လိုချင်နေတဲ့ အခွင့်အလမ်းတွေရလာတတ်ပါတယ်။ ကွဲကွာနေတဲ့ မိတ်ဆွေတွေနဲ့ပြန်ဆုံဆည်းရတတ်ပါတယ်။
အလုပ်ထဲမှာ မိမိကိုအထင်လွဲပြီး မခေါ်နိုင်မပြောနိုင်ဖြစ်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေအမြင်မှန်ပြန်ရလာမဲ့ကာလလဲဖြစ်ပါတယ်။ လူအများကို မိမိတတ်သိထားတဲ့ ပညာတွေနဲ့ အကျိုးပြုနိုင်မဲ့အချိန်အခါလဲဖြစ်ပါတယ်။ တွေးထားသင့်တာကတော့ ဘာပဲလုပ်လုပ် မိမိအတွက်အရေးကြီးတဲ့ကိစ္စ မှန်သမျှ ကိုယ်တိုင်သာလုပ်စေချင်ပါတယ်။ ကျန်းမာရေးကတော့ ဆီးဝမ်းသွေးလေ မမှန်တာမျိုးတွေအလွန်ဖြစ်ရ တက်ပါတယ်။
ဒိတ်လွန်တာတွေ မစားမိဖို့ ယင်နားစာတွေမစားမိဖို့အထူးလိုအပ်ပါတယ်။ အချစ်ရေးမှာတော့ မိမိကအချစ်ရေးအပေါ်စိတ်ပါမှုအားနည်းနေတတ်ပါတယ်။လက်ရှိချစ်သူအပေါ် အနည်းငယ်စိတ်ကုန်မိနေတတ်ပါ တယ်။ အိမ်ထောင်ရေးကံအားကောင်းပါတယ်။ ကွဲကွာနေတဲ့ အိမ်ထောင်ဘက်နဲ့ပြန်လည်ဆုံဆည်းရတတ်ပါတယ်။
အကျိုးပေးဂဏန်း ၃/၄/ဝ အထူးဟော ကံသင့်တယ်လို့ပဲဆိုရမှာပါ ယတြာ နှင်းဆီးပန်းလေးတွေဝယ်ပြီး ဘုရားပန်းထိုးပါ
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးနှင့် ကပ်၃ပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 /09 44 5555 695