ဖခင်အတွက် အောက်ဆီဂျင်မရရအောင် လိုက်ရှာတဲ့ မသန်ပေမဲ့ စွမ်းတဲ့ ကိုသီဟ

“ဖခင်အတွက် အောက်ဆီဂျင်မရရအောင် လိုက်ရှာတဲ့ မသန်ပေမဲ့စွမ်းတဲ့ ကိုသီဟ”

နာမည်က ကိုသီဟ နေရပ်ကတံတားဦး။အောက်ပိုင်းကမသန် မာန်မလျော့ပဲ ဖအေဖြစ်သူအတွက်နံနက် ၆နာရီကတည်းက အောက်ဆီဂျင်ပေးတယ်ဆိုတဲ့နေရာမှန်သမျှ ဆိုင်ကယ်လေးနဲ့ ရလိုရငြား သွားခဲ့ပေမဲ့ ဟိုကမောင်းထုတ် ဒီကနှင်လွှတ်တာကိုခံရတဲ့ ကိုသီဟ မသန်ပေမဲ့စွမ်းလိုက်တာ ။

ဖခင်အတွက် ညကတည်းကတစ်ရေးမှမအိပ် ထမင်းမစားပဲ အောက်ဆီဂျင်ရှာခဲ့တာ နေရာစုံရောက်ခဲ့ပေမဲ့ ဖခင်အတွက် အောက်ဆီဂျင်မရခဲ့တဲ့ ကိုသီဟ သီရိဆင်ကာ လှုမှုကူညီရေးအသင်းကို

ည‌နေအချိန်ထိရောက်လာခဲ့ပြီးသူ့ရဲ့ ဇွဲလုံလ ဖအေအပေါ်မှာ ထားတဲ့ စေတနာကြောင့်သူလိုချင်တဲ့ အောက်ဆီဂျင် ပေးနိုင်ခဲ့လို့ ကြည်နူးပီတိများနှင့်အတူ ကိုသီဟကို လေးစားမိပါကြောင်းဂုဏ်ပြုအပ်ပါသည်။

(ကိုသီဟကိုလေးစားဂုဏ်ပြုသောအားဖြင့် ကိုဖိုးသင်္ကြန်​၏ ဖေ့ဘွတ်စ်မှ ပြန်လည်ကူးယူဖော်ပြအပ်ပါသည်)

———–

“ဖခင္အတြက္ ေအာက္ဆီဂ်င္မရရေအာင္ လိုက္ရွာတဲ့ မသန္ေပမဲ့စြမ္းတဲ့ ကိုသီဟ”

နာမည္က ကိုသီဟ ေနရပ္ကတံတားဦး။ေအာက္ပိုင္းကမသန္ မာန္မေလ်ာ့ပဲ ဖေအျဖစ္သူအတြက္နံနက္ ၆နာရီကတည္းက ေအာက္ဆီဂ်င္ေပးတယ္ဆိုတဲ့ေနရာမွန္သမွ် ဆိုင္ကယ္ေလးနဲ႔ ရလိုရျငား သြားခဲ့ေပမဲ့ ဟိုကေမာင္းထုတ္ ဒီကႏွင္လႊတ္တာကိုခံရတဲ့ ကိုသီဟ မသန္ေပမဲ့စြမ္းလိုက္တာ ။

ဖခင္အတြက္ ညကတည္းကတစ္ေရးမွမအိပ္ ထမင္းမစားပဲ ေအာက္ဆီဂ်င္ရွာခဲ့တာ ေနရာစုံေရာက္ခဲ့ေပမဲ့ ဖခင္အတြက္ ေအာက္ဆီဂ်င္မရခဲ့တဲ့ ကိုသီဟ သီရိဆင္ကာ လႈမႈကူညီေရးအသင္းကို

ည‌ေနအခ်ိန္ထိေရာက္လာခဲ့ၿပီးသူ႔ရဲ႕ ဇြဲလုံလ ဖေအအေပၚမွာ ထားတဲ့ ေစတနာေၾကာင့္သူလိုခ်င္တဲ့ ေအာက္ဆီဂ်င္ ေပးႏိုင္ခဲ့လို႔ ၾကည္ႏူးပီတိမ်ားႏွင့္အတူ ကိုသီဟကို ေလးစားမိပါေၾကာင္းဂုဏ္ျပဳအပ္ပါသည္။

(ကိုသီဟကိုေလးစားဂုဏ္ျပဳေသာအားျဖင့္ ကိုဖိုးသၾကၤန္​၏ ေဖ့ဘြတ္စ္မွ ျပန္လည္ကူးယူေဖာ္ျပအပ္ပါသည္)