ငလျင်လှုပ်ခြင်းနှင့် မင်းအောင်လှိုင်၏ ကံကြမ္မာ

ယနေ့ငလျင်လှုပ်ခြင်းနှင့် မြန်မာနိုင်ငံ၏ ကံကြမ္မာမှာ ဝါဆိုလတွင် ငလျင်လှုပ်လျှင် ပြည်ရှင်မင်းကြီး(မအလ)နတ်ရွာစံပြီး မင်းပြောင်းမင်းလွဲရှိတတ်၏။

လ-အလိုက် မြေငလျင်လှုပ်ခြင်း

၁။ တန်ခူးလ မြေငလျင်လှုပ်မူ

ဘေးရန်ခပ်သိမ်း ကွယ်ပျောက်အံ့။

၂။ ကဆုန်လ လှုပ်မူ

ပြည်ရွာတိုင်း ပျက်အံ့။ တစ်နည်း သစ်ပင်ပန်းမန် ကောင်းအံ့ ဟုလည်းဆို၏။

၃။ နယုန်လ လှုပ်မူ

သတ္တဝါအများ ပျက်စီးအံ

“””၄။ ဝါဆိုလ လှုပ်မူ

ပြည့်ရှင်မင်းကြီး ပျက်စီးအံ့။”””

၅။ ဝါခေါင်လ လှုပ်မူ

ရန်သူ နှိပ်စက်အံ့။

၆။ တော်သလင်းလ လှုပ်မူ

ရဟန်း ပုဏ္ဏားတို့ အကျင့်သီလပျက်အံ့။

၇။ သီတင်းကျွတ်လ လှုပ်မူ

မိဖုရားတို့ သေပျောက်အံ့၊ အမတ်ကြီး ဘေးသင့်အံ့ ဟူ၍လည်း ဆို၏။

၈။ တန်ဆောင်မုန်းလ လှုပ်မူ

ဘုရားပုထိုးတို့ ပြိုပျက်အံ့။

၉။ နတ်တော်လ လှုပ်မူ

စစ်ကြီးရောက်အံ့။

၁၀။ ပြာသိုလ လှုပ်မူ

ပြည်ရွာ ချောက်ချားအံ့။

၁၁။ တပို့တွဲလ လှုပ်မူ

ပြည်ရွာ ပျက်စီးအံ့။

၁၂။ တပေါင်းလ လှုပ်မူ

ပြည်ရွာတိုင်း ပျက်စီးအံ့။

နေ့အလိုက် မြေငလျင်လှုပ်ခြင်း

၁။ တနင်္ဂနွေနေ့ လှုပ်မူ

ပြည်ရွာတိုင်း ဝပြောသာယာအံ့။

၂။ တနင်္လာနေ့ လှုပ်မူ

မြေသြာဇာ တိုးတက်အံ့

၃။ အင်္ဂါနေ့ လှုပ်မူ

ရန်သူ ရောက်လာအံ့။ သူခိုး၊ ဓါးပြ၊ စစ်မက်ထ၍ အစာရေစာ မဝမပြောဖြစ်အံ့။

၄။ ဗုဒ္ဓဟူးနေ့ လှုပ်မူ

အရပ်တစ်ပါးမှ ပညာရှိများ ရောက်လာအံ့၊ ဆင်ဖြူရတနာ သမီးကညာ အဝေးတိုင်းပြည်မှ

ရောက်လာအံ့

၅။ ကြာသပတေးနေ့ လှုပ်မူ

ဘုရား ပစ္စေကာဗုဒ္ဓါ ရဟန္တာ စကြာပတေးမင်းတို့ ပဋိသန္ဓေယူရာ ဖြစ်အံ့

၆။ သောကြာနေ့ လှုပ်မူ

ဘုန်းတန်ခိုးကြီးသော သူတော်ကောင်းတို့ ရောက်လာအံ့။ သူတလူ ငါတစ်မင်း တိုင်ပြည်ဆူအံ့။

၇။ စနေနေ့ လှုပ်မူ

ရဟန်း၊ ပုဏ္ဏား၊ သူဌေး သူကြွယ်တို့ ပျက်စီးအံ့။

ဒီနေ့မှာ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ဝါဆိုလကြီးထဲမှာ ငလျင်လုှပ်သွားတာ…. ဆိုတော့ ပြောချင်တာက နံပါတ်(၄) အချက်ပဲ … ရှေးထုံးလည်းမပယ်နဲ့… ဆိုတဲ့အတိုင်း ဧကံမုချ မှန်ပါစေ

မြန်မာနိုင်ငံကြီးလဲ အမြန်ဆုံး အေးချမ်း သာယာ ဝပြောလာပါစေသတည်း….။