မြတောင်ကျောင်းကို စစ်ကောင်စီ၏ ဝင်ရောက်စီးနင်းမှုကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူ

မန္တလေး မြတောင်ကျောင်းတိုက်မှ သံဃာ ၂ ပါးနှင့် လူ ၂ ဦးကို ဖမ်းဆီးသွား၊ စစ်ကောင်စီ၏ ဝင်ရောက်စီးနင်းမှုကြောင့် ကျန်းမာရေးမကောင်းသည့် သံဃာတပါး ပျံလွန်တော်မူ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ မြတောင်ကျောင်းတိုက်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့် ယနေ့ ညနေပိုင်းတွင် အချိန် ၃ နာရီကျော် ဝိုင်းဝန်းပိတ်ဆို့ပြီး စီးနင်းရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

စ စ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားများက အရပ်ဝတ်များဖြင့် မြတောင်ကျောင်းတိုက်သို့ ရောက်ရှိလာပြီးညနေ ၃ နာရီ ၁၅ မိနစ်ခန့်မှ ည ၇ နာရီခန့်အထိ ကျောင်းတိုက်အား ပိတ်ဆို့စီးနင်း ရှာဖွေကာ သံဃာတော် ၂ ပါးနှင့် လူ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။”

မြတောင်ကျောင်းတိုက်ကို စစ်ကောင်စီတပ်က ဝင်စီးနင်းရှာဖွေပြီးတော့ သံဃာ ၂ ပါးနဲ့ လူ ၂ ဦးကို မေးစရာရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတယ်”ဟု မန္တလေးမြို့မှ သံဃာတော်တစ်ပါးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စ စ်ကောင်စီတပ်များက မြတောင်ကျောင်းတိုက်ကို ပိတ်ဆို့ကာ အချိန် ၃ နာရီခန့် စီးနင်းရှာဖွေမှုများ ပြုလုပ်နေချိန်တွင် COVID-19 ရောဂါ ခံစားနေရပြီး အောက်စီဂျင် ရှူနေရသည့် သံဃာတော်တစ်ပါးမှာ ထိတ်လန့်ကာ အောက်စီဂျင်ကျ၍ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။”

စ စ်ကောင်စီတပ်တွေ ကျောင်းတိုက်ကို ဝင်စီးတုန်းမှာပဲ ကိုဗစ်ဖြစ်နေတဲ့ဆရာတော်က ထိတ်လန့်ပြီးတော့ အသက်ရှူတွေကြပ်၊ အောက်စီဂျင်ကျပြီး ပျံလွန်တော်မူသွားတယ်”ဟု မြတောင်ကျောင်းတိုက်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မန္တလေးမြို့၏နွေဦးတော်လှန်ရေးတွင် ဦးဆောင်ဆန္ဒပြခဲ့သည့် မြတောင်သပိတ်စစ်ကြောင်းမှာ အစောပိုင်းကာလတွင် မြတောင်ကျောင်းတိုက်မှ အခြေတည်အစပြု၍ ပေါ်ထွက်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂၉ ရက် crd: ဧရာဝတီတိုင်းမ်

———

မႏၲေလး ျမေတာင္ေက်ာင္းတိုက္မွ သံဃာ ၂ ပါးႏွင့္ လူ ၂ ဦးကို ဖမ္းဆီးသြား၊ စစ္ေကာင္စီ၏ ဝင္ေရာက္စီးနင္းမႈေၾကာင့္ က်န္းမာေရးမေကာင္းသည့္ သံဃာတပါး ပ်ံလြန္ေတာ္မူ

မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ျမေတာင္ေက်ာင္းတိုက္အား စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက လက္နက္အျပည့္အစုံျဖင့္ ယေန႔ ညေနပိုင္းတြင္ အခ်ိန္ ၃ နာရီေက်ာ္ ဝိုင္းဝန္းပိတ္ဆို႔ၿပီး စီးနင္းရွာေဖြမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

စ စ္ေကာင္စီတပ္ဖြဲ႕ဝင္ စစ္သားမ်ားက အရပ္ဝတ္မ်ားျဖင့္ ျမေတာင္ေက်ာင္းတိုက္သို႔ ေရာက္ရွိလာၿပီးညေန ၃ နာရီ ၁၅ မိနစ္ခန္႔မွ ည ၇ နာရီခန္႔အထိ ေက်ာင္းတိုက္အား ပိတ္ဆို႔စီးနင္း ရွာေဖြကာ သံဃာေတာ္ ၂ ပါးႏွင့္ လူ ၂ ဦးကို ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။”

ျမေတာင္ေက်ာင္းတိုက္ကို စစ္ေကာင္စီတပ္က ဝင္စီးနင္းရွာေဖြၿပီးေတာ့ သံဃာ ၂ ပါးနဲ႔ လူ ၂ ဦးကို ေမးစရာရွိတယ္ဆိုၿပီး ဖမ္းေခၚသြားတယ္”ဟု မႏၲေလးၿမိဳ႕မွ သံဃာေတာ္တစ္ပါးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

စ စ္ေကာင္စီတပ္မ်ားက ျမေတာင္ေက်ာင္းတိုက္ကို ပိတ္ဆို႔ကာ အခ်ိန္ ၃ နာရီခန္႔ စီးနင္းရွာေဖြမႈမ်ား ျပဳလုပ္ေနခ်ိန္တြင္ COVID-19 ေရာဂါ ခံစားေနရၿပီး ေအာက္စီဂ်င္ ရႉေနရသည့္ သံဃာေတာ္တစ္ပါးမွာ ထိတ္လန္႔ကာ ေအာက္စီဂ်င္က်၍ ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း သိရသည္။”

စ စ္ေကာင္စီတပ္ေတြ ေက်ာင္းတိုက္ကို ဝင္စီးတုန္းမွာပဲ ကိုဗစ္ျဖစ္ေနတဲ့ဆရာေတာ္က ထိတ္လန္႔ၿပီးေတာ့ အသက္ရႉေတြၾကပ္၊ ေအာက္စီဂ်င္က်ၿပီး ပ်ံလြန္ေတာ္မူသြားတယ္”ဟု ျမေတာင္ေက်ာင္းတိုက္ႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

မႏၲေလးၿမိဳ႕၏ေႏြဦးေတာ္လွန္ေရးတြင္ ဦးေဆာင္ဆႏၵျပခဲ့သည့္ ျမေတာင္သပိတ္စစ္ေၾကာင္းမွာ အေစာပိုင္းကာလတြင္ ျမေတာင္ေက်ာင္းတိုက္မွ အေျခတည္အစျပဳ၍ ေပၚထြက္ဆႏၵျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဇူလိုင္ ၂၉ ရက္ crd: ဧရာဝတီတိုင္းမ္