
တောင်ကိုရီးယားနိုင်ငံ တက္ကသိုလ်တခုဟာ ကျောင်းသား၊ ကျောင်းသူတွေရဲ့သေးကို အကျိုးရှိရှိသုံးနေပါတယ်။ သိပ္ပံနည်းကျ ဖန်တီးထားတဲ့ စပါရှယ်အိမ်သာတခုကို ကျောင်းမှာဆောက်ထားပြီး၊ ရလာတဲ့သေးနဲ့ တက္ကသိုလ်တခုလုံးကို စွမ်းအင်ပြန်ပေးနေတာဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပါမောက္ခ ချိုဂျေးဝန်(Cho Jae-weon)က (UNIST)လို့ အမည်ရတဲ့တက္ကသိုလ်မှာ သန့်စင်ခန်းကိုတည်ဆောက်ထားပါတယ်။ သယ် ဘီးဗီ(the BeeVi)လို့ နာမည်ရတဲ့အဆိုပါ သန့်စင်ခန်းဟာ အလကားနေသေးပေါက်ချင်အောင် စွမ်းဆောင်နိုင်သူပါ။
ကျောင်းသားတွေက သေးပေါက်လိုက်တာနဲ့ ပိုက်ဆံရနိုင်ပါတယ်။ ဒစ်ဂျစ်တယ်ငွေအမျိုးအစားတခုဖြစ်တဲ့ ခရစ်တို(cryptocurrency)နဲ့ ငွေလက်ခံရမှာပါ။ ရလာတဲ့ပိုက်ဆံတွေကို ကျောင်းကရောင်းတဲ့ ကော်ဖီ၊မုန့်၊စာအုပ်တွေ ပြန်ဝယ်ဖို့ သုံးလို့ရပါတယ်။ ပေါက်တိုင်းရဆိုတော့ အားတိုင်းပေါက်ပါပဲ။
ဒါပေမဲ့ တကယ်တမ်းမှာက ပေါက်လေ ကျောင်းအတွက်ကောင်းလေပါ။ ပါမောက္ခရဲ့အဆိုအရ လူတယောက်ဟာ တနေ့ကို ၅၀၀ ဂရမ်နှုန်းပေါက်ပြီး၊ အဆိုပါပမာဏဟာ မီသန်းဂက်စ် ၅၀ လီတာအထိစုဆောင်းနိုင်ပါတယ်။ အဲဒီကနေမှ ဝ.၅ ကီလိုဝပ်အထိ လျှပ်စစ်ကိုရနိုင်ပါတယ်။
မြင်သာအောင်ပြောရရင်တော့ လျှပ်စစ်ကားတစီးကို(၁.၂)ကီလိုအထိ မောင်းနိုင်တဲ့ပမာဏပါ။ ကျောင်းသားတွေပေါက်လိုက်တဲ့သေးက သေးလှောင်ကန်ထဲကိုရောက်သွားပြီး၊ နည်းစနစ်နဲ့ မီသိန်းဂက်စ်ကိုပြောင်းပေးလိုက်ပါတယ်။ အဲဒီကနေမှတဆင့် ကျောင်းကို မီးပေးပါတယ်။
ဒီတော့ပေါက်လေ လျှပ်စစ်တွေထုတ်နိုင်လေဖြစ်တဲ့အတွက် အားလုံးအတွက်ဂွတ်ရှယ်အခြေအနေဖြစ်နေပါတယ်။ ဒီလိုဂွတ်ရှယ်ဖြစ်နေပေမဲ့ ပါမောက္ခက မကျေနပ်နိုင်သေးပါဘူး။ အညစ်အကြေးတွေကနေ မြေဩဇာထုတ်ဖို့ပါပြင်နေပြီး၊ အိမ်သာကိုစပါရှယ်တကာ့ရှယ်အောင်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ ဖြစ်နိုင်ရင် ရေသန့်ပါပြန်ထုတ်ဖို့အထိ စဉ်းစားထားတယ်လို့လည်း ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့ပါတယ်။
Credit – Shwetoday & All Photos
——
ေတာင္ကိုရီးယားႏိုင္ငံ တကၠသိုလ္တခုဟာ ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ေသးကို အက်ိဳးရွိရွိသုံးေနပါတယ္။ သိပၸံနည္းက် ဖန္တီးထားတဲ့ စပါရွယ္အိမ္သာတခုကို ေက်ာင္းမွာေဆာက္ထားၿပီး၊ ရလာတဲ့ေသးနဲ႔ တကၠသိုလ္တခုလုံးကို စြမ္းအင္ျပန္ေပးေနတာျဖစ္ပါတယ္။
သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ပါေမာကၡ ခ်ိဳေဂ်းဝန္(Cho Jae-weon)က (UNIST)လို႔ အမည္ရတဲ့တကၠသိုလ္မွာ သန႔္စင္ခန္းကိုတည္ေဆာက္ထားပါတယ္။ သယ္ ဘီးဗီ(the BeeVi)လို႔ နာမည္ရတဲ့အဆိုပါ သန႔္စင္ခန္းဟာ အလကားေနေသးေပါက္ခ်င္ေအာင္ စြမ္းေဆာင္ႏိုင္သူပါ။
ေက်ာင္းသားေတြက ေသးေပါက္လိုက္တာနဲ႔ ပိုက္ဆံရႏိုင္ပါတယ္။ ဒစ္ဂ်စ္တယ္ေငြအမ်ိဳးအစားတခုျဖစ္တဲ့ ခရစ္တို(cryptocurrency)နဲ႔ ေငြလက္ခံရမွာပါ။ ရလာတဲ့ပိုက္ဆံေတြကို ေက်ာင္းကေရာင္းတဲ့ ေကာ္ဖီ၊မုန႔္၊စာအုပ္ေတြ ျပန္ဝယ္ဖို႔ သုံးလို႔ရပါတယ္။ ေပါက္တိုင္းရဆိုေတာ့ အားတိုင္းေပါက္ပါပဲ။
ဒါေပမဲ့ တကယ္တမ္းမွာက ေပါက္ေလ ေက်ာင္းအတြက္ေကာင္းေလပါ။ ပါေမာကၡရဲ႕အဆိုအရ လူတေယာက္ဟာ တေန႔ကို ၅၀၀ ဂရမ္ႏႈန္းေပါက္ၿပီး၊ အဆိုပါပမာဏဟာ မီသန္းဂက္စ္ ၅၀ လီတာအထိစုေဆာင္းႏိုင္ပါတယ္။ အဲဒီကေနမွ ၀.၅ ကီလိုဝပ္အထိ လွ်ပ္စစ္ကိုရႏိုင္ပါတယ္။
ျမင္သာေအာင္ေျပာရရင္ေတာ့ လွ်ပ္စစ္ကားတစီးကို(၁.၂)ကီလိုအထိ ေမာင္းႏိုင္တဲ့ပမာဏပါ။ ေက်ာင္းသားေတြေပါက္လိုက္တဲ့ေသးက ေသးေလွာင္ကန္ထဲကိုေရာက္သြားၿပီး၊ နည္းစနစ္နဲ႔ မီသိန္းဂက္စ္ကိုေျပာင္းေပးလိုက္ပါတယ္။ အဲဒီကေနမွတဆင့္ ေက်ာင္းကို မီးေပးပါတယ္။
ဒီေတာ့ေပါက္ေလ လွ်ပ္စစ္ေတြထုတ္ႏိုင္ေလျဖစ္တဲ့အတြက္ အားလုံးအတြက္ဂြတ္ရွယ္အေျခအေနျဖစ္ေနပါတယ္။ ဒီလိုဂြတ္ရွယ္ျဖစ္ေနေပမဲ့ ပါေမာကၡက မေက်နပ္ႏိုင္ေသးပါဘူး။ အညစ္အေၾကးေတြကေန ေျမဩဇာထုတ္ဖို႔ပါျပင္ေနၿပီး၊ အိမ္သာကိုစပါရွယ္တကာ့ရွယ္ေအာင္ျဖစ္ဖို႔ ႀကိဳးစားေနပါတယ္။ ျဖစ္ႏိုင္ရင္ ေရသန႔္ပါျပန္ထုတ္ဖို႔အထိ စဥ္းစားထားတယ္လို႔လည္း ႐ိုက္တာသတင္းဌာနကို ေျဖၾကားခဲ့ပါတယ္။
Credit – Shwetoday & All Photos