ATM ကတ်ထဲက ငွေထုတ်ဖို့ ခက်နေသူတွေအတွက် လွယ်ကူအဆင်ပြေစေတဲ့ နည်းလမ်း

A T M ကတ်ထဲက ငွေထုတ်ဖို့ခက်နေသူတွေအတွက် လွယ်ကူအဆင်ပြေတဲ့ နည်းလမ်း

ချို့ဆိုATMကတ်ထဲကငွေထုတ်ဖို့ကိုမနက်၆နာရီလောက်ထဲကထပြီးသွားတန်းစီရတယ်….လူတွေအရမ်းများတော့တနေကုန်နီးပါးတန်းစီ….နေ့ခင်း၃လေးနာရီလောက်မှတရက်စာအတွက်ထုတ်ပေးတဲ့၃သိန်းလေးပဲရတာ

ဒါတောင်တခါတလေကိုယ့်အလှည့်ရောက်လို့ATM စက်ရှေ့ရောက်ပြီဆိုမှပိုက်ဆံကုန်သွားပြီဆိုပင်ပန်းလွန်းခဲ့သမျှသေပါလေရောပဲ….အဲ့လိုလုပ်မဲ့အစားAYA Pay အကောင့်တခုဖွင့်လိုက်ပြီးAYA Pay Agent ( သို့) Max ဆီဆိုင်ကနေပဲငွေထုတ်ခFees နဲနဲလောက်ပေးပြီးထုတ်လိုက်ကြပါ…

တနေကုန်အိပ်ရေးပျက်အပင်ပန်းခံတန်းစီနေမဲ့အစားပိုက်ဆံ၃သိန်းကိုထုတ်ခ2500 လောက်ပေးလိုက်ရတာကပဲပိုအဆင်ပြေကြမှာပါ….( ခုချိန်မှာတော့agent တွေလဲငွေထုတ်ပေးဖို့အဆင်မပြေလောက်တော့

ကျွန်တော်က တော့Max ဆီဆိုင်ကနေပဲ သွားထုတ်ခဲ့တယ်…)တနေ့ကို၃သိန်းထုတ်ပေးပါတယ်…… ( AYA Pay Acc ကLevel 2 ဖြစ်ရပါမယ်)

1…. အရင္ဆုံးPlay store ကေနပြီးAYA Pay App ကိုdownload ဆြဲပါ….

2…. ပြီးရင်Acc ဖွင့်လိုက်ပါ..Acc ဖွင့်တာလွယ်လွယ်လေးပါ.. Ph no ၁ခုပဲလိုတာပါ…( အကောင့်နာမည်ကိုမှတ်ပုံတင်ထဲကနာမည်အတိုင်းထားပါဗျ…

acc name Eng လိုရေးပါ) ဖုန်းထဲကိုပြန်ချပေးတဲ့Otp

3 လုံးကိုဖြည့်ပေးပီးရင်AYA Pay အကောင့်အတွက်မိမိကြိုက်နှစ်သက်ရာpassword 6 လုံးထားပါ… ဒါဆိုရင်AYA pay အကောင့်တခုရပါပီ

( ဒီအကောင့်ကLevel 1 ပဲရှိပါသေးတယ်…. )

4…. AYA Pay အကောင့်ကိုAYA mobile banking နဲ့ချိတ်ဆက်ပီးငွေဖြည့်နိုင်ရန်AYA pay acc ကိုLevel 2 ဖြစ်အောင်လုပ်ပါ)ဒီမှာLevel 2

ဖြစ်အောင်လုပ်တဲ့နည်းကိုAYA Pay ရဲ့page ကနေပဲပုံနှင့်တကွသေချာပြထားတဲ့Link ထည့်ပေးထားပါတယ်

5…. Level 2 ဖြစ်အောင်လိုအပ်တာတွေအကုန်ဖြည့်ပီးသွားလို့Pending ဖြစ်နေပြီဆိုရင်AYA Pay ရဲ့Call center ph. …01 4705777 ext 1

ကိုခေါ်ပီးLevel 2 လျှောက်ထားတကြောင်းApproved ချပေးဖို့လှမ်းပြောပါ…( ဖုန်းဆက်မပြောလဲအချက်လက်မှန်ကန်ရင်၂၄နာရီအတွင်းApproved ပေးပါတယ်)

6 …. AYA mobile banking နဲ့ချိတ်ပီးAya pay ထဲကိုငွေဖြည့်ပါ…(AYA pay ထဲကို10 သိန်းထိပဲဖြည့်လို့ရပါတယ်)

7 …နီးစပ်ရာMax ဆီဆိုင်သွားပြီးAYA Pay ထဲကနေငွေထုတ်ချင်လို့ပါပြောပြီးထုတ်ရုံပဲ….( Max ဆီဆိုင်တိုင်းတော့မရသေးပါဘူး..ရနိုင်တဲ့Max ဆီဆိုင်တွေကိုAYA pay call center ကိုဖုန်းဆက်မေးလို့ရပါတယ်…..)ကျနော်ကတော့ရွှေပြည်သာသာဓုကန်နားကMax ဆီဆိုင်နေသွားထုတ်နေကြပါ…လူအရမ်းမများပါဘူးသွားတိုင်း၃လေးယောက်ပဲရှိပါတယ်….

8… တခါထုတ်ရင်တရက်ကို၃သိန်းထုတ်ပေးပါတယ်…( 3 သိန်းကိုထုတ်ခ2500 ပေးရပါတယ်) ……တယောက်ထဲAYA Payဖွင့်ပီးသားဖုန်း၂လုံး၃လုံးယူသွားပြီးအကြိမ်ကြိမ်ထုတ်လို့ရတယ်ဆိုပေမဲ့ကိုယ့်နောက်မှာတန်းစီစောင့်နေသူအများကြီးရှိနေရင်နားလည်မှုရှိပြီးကိုယ်ချင်းစာပေးကြပါလို့ပြောချင်ပါတယ်….အားလုံးအဆင်ပြေကြပါစေ….လူငယ်တွေလဲနီးစပ်ရာလူကြီးတွေကိုတတ်နိုင်သမျှကူညီလုပ်ပေးလိုက်ကြနော်….တကယ်လို့ Aya pay Acc

ဖွင့်တာရော Level 2 တင်တာရောမလုပ်တတ်ဘူးဆိုMax ဆီဆိုင်မှာလဲသူတို့လုပ်ပေးပါတယ်နော်…( ဟိုနေ့ကသက်ကြီးပိုင်းတွေပါAtm ထုတ်ဖို့နေပူထဲတန်းစီနေကြရတာမြင်တော့စိတ်မကောင်းလို့ပါ… ) မသိတာရှိရင်AYA Pay ရဲ့Pageတွေဖုန်းနံပါတ်တွေကနေလဲသွားမေးကြပါလို့…