တိုက္ပြဲျဖစ္ေဒသမ်ားသို႔ အန္ယူဂ်ီ မွ အကူအညီ က်ပ္သန္း ၇၀၀ ေက်ာ္ ေထာက္ပံ့ျပီ

အမ်ိဳးသားညီၫြတ္ေရးအစိုးရအဖြဲ႕ (NUG)က ရက္ေပါင္း ၁၀၀ အတြင္း တိုက္ပြဲျဖစ္ ေဒသေတြအပါအဝင္ လိုအပ္တဲ့ ေဒသေတြဆီ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီ က်ပ္ ၇၁၅ ဒသမ ၄ သန္း ေထာက္ပံ့ခဲ့တယ္လို႔ ထုတ္ျပန္ပါတယ္။

လူသားခ်င္း စာနာေထာက္ထားေရးႏွင့္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရးဝန္ႀကီး ဌာန ထုတ္ျပန္ခ်က္ထဲမွာေတာ့ ၿပီးခဲ့တဲ့ ဧၿပီ ၁၆ ရက္ကေန ဇူလိုင္ ၂၄ ရက္ေန႔အထိ လက္နက္ကိုင္ တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ မင္းတပ္၊ ကရင္နီ၊ ဖယ္ခုံ၊ ဖလူ၊ ကင္းမ(ေပါက္)၊ က်ဳံေပ်ာ္ အပါအဝင္ တႏိုင္ငံလုံးလိုအပ္တဲ့ ေဒသေတြကို ေထာက္ပံ့ခဲ့တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ဝန္ႀကီးဌာနအေနနဲ႔ ျမန္မာႏိုင္ငံတြင္းက စစ္ေဘးေရွာင္ေတြ၊ ေနရပ္စြန႔္ခြာ ဒုကၡသည္ေတြနဲ႔ အာဏာရွင္စစ္ေကာင္စီ ဖိႏွိပ္မႈေတြေၾကာင့္ ေဘးဒုကၡေရာက္ေနၾကတဲ့ ျပည္သူလူထုကို ထိေရာက္စြာပံ့ပိုးကူညီႏိုင္ဖို႔အတြက္ လိုအပ္တဲ့ အကူအညီေတြ ရရွိဖို႔နဲ႔ NUG ကို

ႏိုင္ငံတကာ အသိအမွတ္ျပဳမႈ ရရွိေစဖို႔အတြက္ တိုင္းရင္းသားအဖြဲ႕အစည္းေတြ၊ အရပ္ဘက္လူမႈအဖြဲ႕အစည္းေတြ၊ ျပည္တြင္းအေျခစိုက္ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းေတြ၊ ႏိုင္ငံတကာေရာက္ ျမန္မာအဖြဲ႕ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈ ၂၆ ႀကိမ္ ျပဳလုပ္ခဲ့ၿပီး ျဖစ္ တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ စစ္အာဏာရွင္ ဆန႔္က်င္ေရး အာဏာဖီဆန္ေရးလႈပ္ရွားမႈ CDM မွာ ပါဝင္ ေနၾကသူေတြကို ပံ့ပိုးကူညီမႈအေနနဲ႔ မိသားစု ၆၆၇ စုအတြက္ ပထအမႀကိမ္ ပံ့ပိုးမႈ ေငြ က်ပ္ ၆၉ ဒသမ ၅ သန္းနဲ႔ ဒုတိယအႀကိမ္ ကိုဗစ္-၁၉ ကူးစက္ခံရသူ ဝန္ထမ္းေတြကို ဦး စားေပး ပံ့ပိုးကူညီမႈအေနနဲ႔ မိသားစု ၂၆ စုအတြက္ ေငြက်ပ္၂ ဒသမ ၆ သန္း ေပးအပ္ခဲ့ တယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ မတရား စစ္အာဏာသိမ္းကာလဟာ ၆ လျပည့္ေတာ့မွာ ျဖစ္ ကာ ဒီကာလအတြင္း ျပည္တြင္းေရး မၿငိမ္သက္မႈေတြနဲ႔အတူ ကိုဗစ္-၁၉ တေက်ာ့ျပန္ ကူးစက္မႈေတြနဲ႔ က်န္းမာေရး၊ ပညာေရး၊ စီးပြားေရး အဘက္ဘက္က အဆိုးဝါးဆုံးအေျခအေနေတြနဲ႔ ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

ခရက္ဒစ္ – ဒီဗီြဘီ တီဗီနယူးစ္

———–

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)က ရက်ပေါင်း ၁၀၀ အတွင်း တိုက်ပွဲဖြစ် ဒေသတွေအပါအဝင် လိုအပ်တဲ့ ဒေသတွေဆီ လူသားချင်းစာနာထောက်ထားမှုအကူအညီ ကျပ် ၇၁၅ ဒသမ ၄ သန်း ထောက်ပံ့ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်ကနေ ဇူလိုင် ၂၄ ရက်နေ့အထိ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မင်းတပ်၊ ကရင်နီ၊ ဖယ်ခုံ၊ ဖလူ၊ ကင်းမ(ပေါက်)၊ ကျုံပျော် အပါအဝင် တနိုင်ငံလုံးလိုအပ်တဲ့ ဒေသတွေကို ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံတွင်းက စစ်ဘေးရှောင်တွေ၊ နေရပ်စွန့်ခွာ ဒုက္ခသည်တွေနဲ့ အာဏာရှင်စစ်ကောင်စီ ဖိနှိပ်မှုတွေကြောင့် ဘေးဒုက္ခရောက်နေကြတဲ့ ပြည်သူလူထုကို ထိရောက်စွာပံ့ပိုးကူညီနိုင်ဖို့အတွက် လိုအပ်တဲ့ အကူအညီတွေ ရရှိဖို့နဲ့ NUG ကို

နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိစေဖို့အတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ပြည်တွင်းအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ၊ နိုင်ငံတကာရောက် မြန်မာအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှု ၂၆ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ် တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင် နေကြသူတွေကို ပံ့ပိုးကူညီမှုအနေနဲ့ မိသားစု ၆၆၇ စုအတွက် ပထအမကြိမ် ပံ့ပိုးမှု ငွေ ကျပ် ၆၉ ဒသမ ၅ သန်းနဲ့ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကူးစက်ခံရသူ ဝန်ထမ်းတွေကို ဦး စားပေး ပံ့ပိုးကူညီမှုအနေနဲ့ မိသားစု ၂၆ စုအတွက် ငွေကျပ်၂ ဒသမ ၆ သန်း ပေးအပ်ခဲ့ တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ မတရား စစ်အာဏာသိမ်းကာလဟာ ၆ လပြည့်တော့မှာ ဖြစ် ကာ ဒီကာလအတွင်း ပြည်တွင်းရေး မငြိမ်သက်မှုတွေနဲ့အတူ ကိုဗစ်-၁၉ တကျော့ပြန် ကူးစက်မှုတွေနဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အဘက်ဘက်က အဆိုးဝါးဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ခရက်ဒစ် – ဒီဗွီဘီ တီဗီနယူးစ်