ၿပိဳင္ဘက္ကို ပထမအခ်ီမွာပဲ အလဲထိုးအႏိုင္ယူၿပီးတဲ့ေနာက္ ေအာင္လ ဘာေျပာခဲ့လဲ

ၿပိဳင္ဘက္ကို ပထမအခ်ီမွာပဲ အလဲထိုးအႏိုင္ယူၿပီးတဲ့ေနာက္ ေအာင္လ ဘာေျပာခဲ့လဲ၊

” ခက္ခဲတဲ့ ယခုလို အခ်ိန္မွာ တာဝန္ရွိသူေတြအေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ အနာဂတ္အတြက္ကိုဘဲ စဥ္းစားေပးၾကပါ။ ကိုယ့္အတြက္ကိုဘဲ မစဥ္းစားပါနဲ႔လို႔ ေျပာၾကားသြားခဲ့ပါတယ္။ ”

အစီအစဥ္တင္ဆက္သူရဲ႕ အေမးေတြကို ေအာင္လေျဖၾကားခဲ့ပုံ အျပည့္စုံကေတာ့ –

ေမး၊ ခင္ဗ်ားရဲ႕ ျပင္းထန္လွတဲ့ ညာလက္သီးနဲ႔ ပြဲသိမ္းလိုက္ၿပီးတဲ့ေနာက္ တကဲ့ကို ခံစားခ်က္အျပည့္နဲ႔ ခင္ဗ်ားကို ေတြ႕ရတယ္၊ ပြဲအၿပီးမွာ ဘာေတြ စိတ္ထဲျဖစ္ေနလဲ။

ေအာင္လ၊ ၊ သူက အင္တာဗ်ဴးတစ္ခုမွာ ကြၽန္ေတာ္သူနဲ႔ ရင္ဆိုင္ဖို႔ေၾကာက္ေနတယ္ေျပာခဲ့တယ္၊ ကြၽန္ေတာ္သူ႔ကို ျပခ်င္တယ္၊ ကြၽန္ေတာ္ ဘယ္သူမွ မေၾကာက္ဘူး။ ဘယ္သူ႔ကိုမွ မေၾကာက္ဘူး၊ မစ္ဒယ္ဝိတ္တန္းမွာ ဘယ္သူလာလာ၊ ေခၚလာခဲ့ပါ။ ေတြ႕ၾကတာေပါ့။

ေမး၊ ၊ ခင္ဗ်ားေၾကာက္႐ြံ႕တာလုံးဝ မရွိဘူးဆိုတာ ျပခဲ့ပါတယ္ေလ၊ ခင္ဗ်ား ONE Championship စီအီးအို Chatri Sityodtong နဲ႔ ပြဲၿပီးၿပီးခ်င္းစကားသြားေျပာတာေတြ႕တယ္၊ သူ႔ကို ဘာေျပာတာလဲ။

ေအာင္လ၊ ၊ ဘယ္သူျဖစ္ျဖစ္ေခၚခဲ့ပါ၊ ပြဲစီစဥ္ပါ၊ ကြၽန္ေတာ္ အသင့္ပဲလို႔ေျပာတာ၊ ကြၽန္ေတာ္ခ်န္ပီယံျဖစ္တုန္းက ကြၽန္ေတာ္နဲ႔ ထိုးခ်င္တယ္ဆိုၿပီး အမ်ားႀကီးက ေျပာၾကတာရွိတယ္။ ဝယ္လတာဝိတ္တန္းခ်န္ပီယံကေတာင္ ထိုးခ်င္တယ္ေျပာတယ္။ လာပါ၊ စီစဥ္ပါ၊ ယူရွင္ အိုကာမီကလည္း ထိုးခ်င္တယ္၊ ဘစ္ဂ္ဒက္ရွ္နဲ႔လည္း ၃ႀကိမ္ေျမာက္ပြဲ စီစဥ္လို႔ရပါတယ္။ စိတ္ဝင္စားစရာပြဲေတြ ရွိတယ္၊ ျဖစ္ေအာင္သာ လုပ္ပါဗ်ာ။

ေမး၊ စိတ္ဝင္စားစရာ ပြဲ ႏွစ္ခု ခင္ဗ်ားေျပာသြားတယ္၊ ဘစ္ဂ္ဒက္ရွ္နဲ႔ ၃ ပြဲေျမာက္၊ ေနာက္ ယူရွင္ အိုကာမီ၊ ဒါေပမဲ့ ခင္ဗ်ား ကမာၻ႔ခ်န္ပီယံဘြဲ႕အတြက္ စိမ္ေခၚဖို႔ လုံေလာက္ၿပီလို႔ ေျပာႏိုင္လား၊ တျခားပြဲစဥ္တစ္ခုခု လုပ္ခ်င္ေသးတာလား။

ေအာင္လ၊ ၊ ပ်င္းစရာပြဲတစ္ခုကိုေတာ့ ဘယ္သူကမွ ၾကည့္ခ်င္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ပြဲေကာင္းေကာင္းေလးတစ္ခု စီစဥ္ပါ၊ ကြၽန္ေတာ္တို႔ ထပ္လုပ္လို႔လည္း ရပါတယ္။ သူ႔ဘက္က လုပ္ခ်င္တာလုပ္ပါေစ၊ အခုပြဲအၿပီးမွာေတာ့ စိတ္ဝင္စားစရာ ပြဲတစ္ခုခုေတာ့ စီစဥ္ပါ၊ One Championshiup အတြက္ ပြဲေကာင္းေလး လုပ္ပါ။ ပရိသတ္ေတြအတြက္ ပြဲေကာင္းေလး လုပ္ပါ။

ကြၽန္ေတာ္ ျမန္မာျပည္သူေတြအတြက္ ဆုေတာင္းေပးခ်င္ပါတယ္။ ဒီႏွစ္ဟာ ကြၽန္ေတာ္တို႔အားလုံအတြက္ ခက္ခဲတဲ့ ႏွစ္ပါ။ ကြၽန္ေတာ့္အတြက္လည္း အရမ္းပဲ ခက္ခဲခဲ့ပါတယ္။ ျမန္မာျပည္တြင္းမွာ အမ်ိဳးမ်ိဳး ျဖစ္ေနခ်ိန္ ကြၽန္ေတာ္ ေလ့က်င့္ကြင္းထဲ သြားေနရတာကိုက စိတ္ပိုင္းအရ ကြၽန္ေတာ့္အတြက္ အေတာ္ႀကီးခက္ခဲပါတယ္။

ျမန္မာျပည္အတြက္ ဆုေတာင္းေပးၾကပါ၊ ျမန္မာျပည္သူေတြအတြက္ စဥ္းစားေပးၾကပါ။ တာဝန္ရွိသူေတြ၊ လုပ္ေပးႏိုင္သူေတြဆိုရင္လည္း ျမန္မာႏိုင္ငံရဲ႕ အနာဂတ္အတြက္ စဥ္းစားေပးပါ။ ခင္ဗ်ားတို႔ ကိုယ့္အတြက္ပဲ မစဥ္းစားၾကပါနဲ႔၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

———-

ပြိုင်ဘက်ကို ပထမအချီမှာပဲ အလဲထိုးအနိုင်ယူပြီးတဲ့နောက် အောင်လ ဘာပြောခဲ့လဲ၊

” ခက်ခဲတဲ့ ယခုလို အချိန်မှာ တာဝန်ရှိသူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်ကိုဘဲ စဉ်းစားပေးကြပါ။ ကိုယ့်အတွက်ကိုဘဲ မစဉ်းစားပါနဲ့လို့ ပြောကြားသွားခဲ့ပါတယ်။ ”

အစီအစဉ်တင်ဆက်သူရဲ့ အမေးတွေကို အောင်လဖြေကြားခဲ့ပုံ အပြည့်စုံကတော့ –

မေး၊ ခင်ဗျားရဲ့ ပြင်းထန်လှတဲ့ ညာလက်သီးနဲ့ ပွဲသိမ်းလိုက်ပြီးတဲ့နောက် တကဲ့ကို ခံစားချက်အပြည့်နဲ့ ခင်ဗျားကို တွေ့ရတယ်၊ ပွဲအပြီးမှာ ဘာတွေ စိတ်ထဲဖြစ်နေလဲ။

အောင်လ၊ ၊ သူက အင်တာဗျူးတစ်ခုမှာ ကျွန်တော်သူနဲ့ ရင်ဆိုင်ဖို့ကြောက်နေတယ်ပြောခဲ့တယ်၊ ကျွန်တော်သူ့ကို ပြချင်တယ်၊ ကျွန်တော် ဘယ်သူမှ မကြောက်ဘူး။ ဘယ်သူ့ကိုမှ မကြောက်ဘူး၊ မစ်ဒယ်ဝိတ်တန်းမှာ ဘယ်သူလာလာ၊ ခေါ်လာခဲ့ပါ။ တွေ့ကြတာပေါ့။

မေး၊ ၊ ခင်ဗျားကြောက်ရွံ့တာလုံးဝ မရှိဘူးဆိုတာ ပြခဲ့ပါတယ်လေ၊ ခင်ဗျား ONE Championship စီအီးအို Chatri Sityodtong နဲ့ ပွဲပြီးပြီးချင်းစကားသွားပြောတာတွေ့တယ်၊ သူ့ကို ဘာပြောတာလဲ။

အောင်လ၊ ၊ ဘယ်သူဖြစ်ဖြစ်ခေါ်ခဲ့ပါ၊ ပွဲစီစဉ်ပါ၊ ကျွန်တော် အသင့်ပဲလို့ပြောတာ၊ ကျွန်တော်ချန်ပီယံဖြစ်တုန်းက ကျွန်တော်နဲ့ ထိုးချင်တယ်ဆိုပြီး အများကြီးက ပြောကြတာရှိတယ်။ ဝယ်လတာဝိတ်တန်းချန်ပီယံကတောင် ထိုးချင်တယ်ပြောတယ်။ လာပါ၊ စီစဉ်ပါ၊ ယူရှင် အိုကာမီကလည်း ထိုးချင်တယ်၊ ဘစ်ဂ်ဒက်ရှ်နဲ့လည်း ၃ကြိမ်မြောက်ပွဲ စီစဉ်လို့ရပါတယ်။ စိတ်ဝင်စားစရာပွဲတွေ ရှိတယ်၊ ဖြစ်အောင်သာ လုပ်ပါဗျာ။

မေး၊ စိတ်ဝင်စားစရာ ပွဲ နှစ်ခု ခင်ဗျားပြောသွားတယ်၊ ဘစ်ဂ်ဒက်ရှ်နဲ့ ၃ ပွဲမြောက်၊ နောက် ယူရှင် အိုကာမီ၊ ဒါပေမဲ့ ခင်ဗျား ကမ္ဘာ့ချန်ပီယံဘွဲ့အတွက် စိမ်ခေါ်ဖို့ လုံလောက်ပြီလို့ ပြောနိုင်လား၊ တခြားပွဲစဉ်တစ်ခုခု လုပ်ချင်သေးတာလား။

အောင်လ၊ ၊ ပျင်းစရာပွဲတစ်ခုကိုတော့ ဘယ်သူကမှ ကြည့်ချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပွဲကောင်းကောင်းလေးတစ်ခု စီစဉ်ပါ၊ ကျွန်တော်တို့ ထပ်လုပ်လို့လည်း ရပါတယ်။ သူ့ဘက်က လုပ်ချင်တာလုပ်ပါစေ၊ အခုပွဲအပြီးမှာတော့ စိတ်ဝင်စားစရာ ပွဲတစ်ခုခုတော့ စီစဉ်ပါ၊ One Championshiup အတွက် ပွဲကောင်းလေး လုပ်ပါ။ ပရိသတ်တွေအတွက် ပွဲကောင်းလေး လုပ်ပါ။

ကျွန်တော် မြန်မာပြည်သူတွေအတွက် ဆုတောင်းပေးချင်ပါတယ်။ ဒီနှစ်ဟာ ကျွန်တော်တို့အားလုံအတွက် ခက်ခဲတဲ့ နှစ်ပါ။ ကျွန်တော့်အတွက်လည်း အရမ်းပဲ ခက်ခဲခဲ့ပါတယ်။ မြန်မာပြည်တွင်းမှာ အမျိုးမျိုး ဖြစ်နေချိန် ကျွန်တော် လေ့ကျင့်ကွင်းထဲ သွားနေရတာကိုက စိတ်ပိုင်းအရ ကျွန်တော့်အတွက် အတော်ကြီးခက်ခဲပါတယ်။

မြန်မာပြည်အတွက် ဆုတောင်းပေးကြပါ၊ မြန်မာပြည်သူတွေအတွက် စဉ်းစားပေးကြပါ။ တာဝန်ရှိသူတွေ၊ လုပ်ပေးနိုင်သူတွေဆိုရင်လည်း မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် စဉ်းစားပေးပါ။ ခင်ဗျားတို့ ကိုယ့်အတွက်ပဲ မစဉ်းစားကြပါနဲ့၊ ကျေးဇူးအများကြီးတင်ပါတယ်။