အောက်စီဂျင်စက်ရုံအတွက် တစ်ဦးတည်းလှူဒါန်းမယ့် ရေစကြိုမြို့က စေတနာရှင်မိသားစု

ကျွန်တော်တို့ 29 ရတနာ အနေနဲ့အောက်ဆီဂျင် စက်ရုံ လှုဒါန်းမယ့်နေရာ ရွေးချယ်ရာမှာလည်း အတော်လေး ခေါင်းစားရပါတယ်.ရန်ကုန် မန္တလေးတို့လိုမြို့ကြီးတွေမှာ အလှူရှင်များနိင်တာ သတိထားမိသလို…

ကျွန်တော်တို့ဇာတိ ရေစကြိုမြို့မှာဆို ပုံမှန်အချိန်တောင် မိုင် 50 ကျော်ဝေးတဲ့ မုံရွာတို့မိုင် ၁ဝဝကျော် ဝေးတဲ့ မန္တလေးမြို့တို့မှာ သွားယူရတာမို့အခုလို အရေးအကြောင်းဆို စဉ်းစားကြည့်ရင် အတော်ရင်မောရပါတယ်..

ရစကှေိုမှို့အတှကလြှူမယဆြို ကိုယပြြိုငမြှနရေောရှိသလို အဲ့နရောမှာ အဆငမြပှရငေလြညြး ဖှူစငလြူမှုကူညီရေးအသငြးက နရောစီစဉပြေးမယဆြိုတော့ အတောလြေး ဟနကြတွာပေါ့ဗွာ…

အထိုင်စက်နဲ့နေရာ တစ်ခါတည်းချလိုက်ရင် နယ်မှာဆို အကုန်အကျသက်သာစေတာ မှန်ပေမဲ့ အကယ်၍များရေစကြိုကကိုဗစ်ကိုထိန်းနိင်ပြီး တစ်ခြားမြို့ရွာတွေမှာ လိုအပ်ချက်ပိုများနေရင်ဆိုတဲ့ အတွေးဝင်လာတဲ့အခါ ကွန်တိန်နာနဲ့ရွေ့လျား စက်ရုံဆိုပိုအဆင်ပြေမလားပေါ့…

ဒါပေမဲ့ ရွေ့လျားစက်ရုံဆို 10ဘီး or 12ဘီးကားပါလိုတယ်ဆိုတော့ ကဲမထူးပါဘူးကွာ ကားပါလှူကြတာပေါ့ အလိုရှိတဲ့အရပ်မှာ အလိုရှိသလိုလှူလို့ရတော့ ပိုကုသိုလ်ရတာပေါ့လို့ တွေးပြီးတစ်ရက်ကို အောက်ဆီဂျင် 40Lအိုး အလုံး 120ထွက်မယ့်ရွေ့လျား

အောက်ဆီဂျင်စက်ရုံတစ်ခုကို ရေစကြိုမြို့နယ်အခြေပြု၍ အခြားလိုအပ်သည့် မြို့နယ်များအတွက်ပါ ရည်ရွယ်ကာ ကျွန်တော်တို့ 29 ရတနာမှတစ်ဦးတည်း အလှူရှင်အဖြစ် လှုဒါန်းဖို့အခုဘဲ အော်ဒါတင်လိုက်ပါပြီနော်..

အောက်ဆီဂျင်စက်ရုံ လှူချင်တယ်လို့ ဟိုနေ့ကတင်လိုက်တော့ ကုသိုလ်ပါဝင်လှုဒါန်းချင်ပါတယ်ဆိုတဲ့ မိတ်ဆွေများကိုလည်း အားနာစွာနဲ့ငြင်းပါရစေ ခင်ဗျာ။

တစ်ဦးတည်းအလှူရှင်ဆိုပေမဲ့ ဤအလှူသည် 29 ရတနာကိုအားပေးခဲ့ကြသော ၇ ရက်သားသမီး အားလုံးရဲ့ အလှူဖြစ်တာမို့ အားလုံးထပ်တူကုသိုလ်ရပြီးသားမို့ ကုသိုလ်အမျှပေးဝေပါတယ်နော်

စက်ရောက်ဖို့ 6 ပတ်လောက်ကို မစောင့်နိင်အောင် အမြန်ရချင်နေပြီး ကိုယ့်ရေစကြို တစ်မြို့တည်းအတွက်သာမကလိုအပ်တဲ့ နေရာတွေပါကားကြီးနဲ့ လှည့်ပြီးအောက်ဆီဂျင်တွေဝေပေးကာ လိုအပ်နေတဲ့သူတွေကို အမြန်ဆုံးဘဲ ကူညီ အသက်ကယ်ပေးချင်နေပါပြီဗျာ…

“ကိုယ့်မြို့ကိုယ့်ရွာမှသည် ကိုယ့်တိုင်းပြည်နဲ့ လူမျိုးများအထိအကျိုးကျေးဇူးပြုနိင်တဲ့သူဖြစ်ရပါစေ”ဆိုတဲ့ ကျွန်တော် တောင်းနေကြဆုလေး တဖြည်းဖြည်းနဲ့ပိုပြီး ထိရောက်အောင်ဆထက်တိုးလို့ ကြိုးစားပါ့မယ်ခင်ဗျာ..

စာကြွင်း ကျွန်တော့်ဇာတိရေစကြိုမှာလှုဖို့ ရည်ရွယ်ချက်ရောရွေ့လျားအတွက်10 ဘီး or 12 ဘီးကားပါ လိုတယ်ဆိုတော့ မူလမှန်းထားသည်ထက်ပိုသွားသော်လည်း ယောကျာ်း လှူသာလှူဆိုပြီး မညူစူဘဲ အားတက်သရော ပါရမီဖြည့်ပေးတဲ့ Ladyမို့ရေ ကျေးဇူးပါကွာ…

ယောကျာ်းလှုတာကို မိန်းမကြည်ဖြူတော့ ပိုကြည်နူးရတာပေါ့ ဟဲဟဲ..

———-



ရစကှေိုမှို့အတှကလြှူမယဆြို ကိုယပြိုငမြှနရေောရှိသလို အဲ့နရောမှာ အဆငမြပှရငေလြညြး ဖှူစငလြူမှုကူညီရေးအသငြးက နရောစီစဉပြေးမယဆြိုတော့ အတောလြေး ဟနကြတွာပေါ့ဗွာ…








