
မေ ၂၅
တရုတ်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း ၅ ခုကို မြန်မာ့အရေးမှာကြားဝင်ပေးရန် အဆိုပြုမှုကို စစ်တပ်ခေါင်းဆောင်က လက်မခံဘဲ ငြင်းပယ်ထားသည်ဟု သတင်းအရင်းအမြစ်တစ်ချို့က ဘီအေပီကို ပြောသည်။
မြန်မာ့ငြိမ်းချမ်းရေးစာချုပ်၏ အသိသက်သေများဖြစ်သည့် တရုတ်နိုင်ငံ၊အိန္ဒိယနိုင်ငံ၊ဂျပန်နိုင်ငံ၊ဥရောပ သမဂ္ဂနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့အနေဖြင့် ဒီကနေ့ မြန်မာ့အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံရေးအကျပ်အတည်းကို ကြားဝင်စေ့စပ်ရန် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က တောင်းဆိုသည်။ ယင်းတောင်းဆိုချက်ဖြစ်ပေါ်ပြီး သံတမန်များက မြန်မာစစ်တပ်၏ သဘောထားကိုမေးမြန်းရာ ငြင်းဆန်ခံလိုက်ရခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်က ဆိုသည်။
“ စစ်တပ်က သူတို့လုံးဝလက်မခံဘူးလို့ ပြောတယ်။။ ဒါက စိတ်ပျက်စရာပါပဲ။ဒီတိုင်းပြည်က အခြေအနေ ဆိုးဖို့ပဲရှိတယ်” ဟု အဆိုပါ သတင်းအရင်းအမြစ်က ပြောသည်။ သတင်းအရင်းအမြစ်သည် ကြားဝင်စေ့စပ်ဆွေးနွေးမှုဖြစ်ပေါ်ရန် တောင်းဆိုခဲ့သည့် အဖွဲ့အစည်းများတွင်ပါဝင်သည်။
တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် ကိုလက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရှိသည့်အနက် နိုင်ငံတကာကြားဝင်စေ့ စပ်မှုကိုလက်မှတ်ထိုးတောင်ဆိုရာတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့မပါဝင်ပေ။
စစ်တပ်အနေဖြင့် အာဆီယံ၏ကြားဝင်စေ့စပ်မှုကိုပင် ယခုအချိန်အထိလက်မခံသေးဘဲ ပြည်တွင်းရေးအခြေအနေများတည်ငြိမ်သွားမှ လက်ခံမည်ဟု ပြောင်ပြောင်တင်းတင်းပြောဆိုထားသည်။
အရင်းမြစ်-BAP
———–
ေမ ၂၅
တ႐ုတ္အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္း ၅ ခုကို ျမန္မာ့အေရးမွာၾကားဝင္ေပးရန္ အဆိုျပဳမႈကို စစ္တပ္ေခါင္းေဆာင္က လက္မခံဘဲ ျငင္းပယ္ထားသည္ဟု သတင္းအရင္းအျမစ္တစ္ခ်ိဳ႕က ဘီေအပီကို ေျပာသည္။
ျမန္မာ့ၿငိမ္းခ်မ္းေရးစာခ်ဳပ္၏ အသိသက္ေသမ်ားျဖစ္သည့္ တ႐ုတ္ႏိုင္ငံ၊အိႏၵိယႏိုင္ငံ၊ဂ်ပန္ႏိုင္ငံ၊ဥေရာပ သမဂၢႏွင့္ ကမာၻ႔ကုလသမဂၢတို႔အေနျဖင့္ ဒီကေန႔ ျမန္မာ့အာဏာသိမ္းမႈေနာက္ဆက္တြဲ ႏိုင္ငံေရးအက်ပ္အတည္းကို ၾကားဝင္ေစ့စပ္ရန္ တိုင္းရင္းသားလက္နက္ကိုင္ ၈ ဖြဲ႕က ေတာင္းဆိုသည္။ ယင္းေတာင္းဆိုခ်က္ျဖစ္ေပၚၿပီး သံတမန္မ်ားက ျမန္မာစစ္တပ္၏ သေဘာထားကိုေမးျမန္းရာ ျငင္းဆန္ခံလိုက္ရျခင္းျဖစ္သည္ဟု သတင္းအရင္းအျမစ္က ဆိုသည္။
“ စစ္တပ္က သူတို႔လုံးဝလက္မခံဘူးလို႔ ေျပာတယ္။။ ဒါက စိတ္ပ်က္စရာပါပဲ။ဒီတိုင္းျပည္က အေျခအေန ဆိုးဖို႔ပဲရွိတယ္” ဟု အဆိုပါ သတင္းအရင္းအျမစ္က ေျပာသည္။ သတင္းအရင္းအျမစ္သည္ ၾကားဝင္ေစ့စပ္ေဆြးေႏြးမႈျဖစ္ေပၚရန္ ေတာင္းဆိုခဲ့သည့္ အဖြဲ႕အစည္းမ်ားတြင္ပါဝင္သည္။
တစ္ႏိုင္ငံလုံးပစ္ခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္ ကိုလက္မွတ္ထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ ၁၀ ဖြဲ႕ရွိသည့္အနက္ ႏိုင္ငံတကာၾကားဝင္ေစ့ စပ္မႈကိုလက္မွတ္ထိုးေတာင္ဆိုရာတြင္ ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) ႏွင့္ ခ်င္းအမ်ိဳးသားတပ္ဦး (CNF) တို႔မပါဝင္ေပ။
စစ္တပ္အေနျဖင့္ အာဆီယံ၏ၾကားဝင္ေစ့စပ္မႈကိုပင္ ယခုအခ်ိန္အထိလက္မခံေသးဘဲ ျပည္တြင္းေရးအေျခအေနမ်ားတည္ၿငိမ္သြားမွ လက္ခံမည္ဟု ေျပာင္ေျပာင္တင္းတင္းေျပာဆိုထားသည္။
အရင္းျမစ္-BAP