
ေလယာဥ္တင္သေဘၤာ HMS Queen Elizabeth ဦးေဆာင္ၿပီး အျငင္းပြား ေတာင္တ႐ုတ္ပင္လယ္အတြင္း ဝင္ေရာက္လာတဲ့ ၿဗိတိသွ် တိုက္ခိုက္ေရး ေလယာဥ္တင္သေဘၤာတပ္စုအေနနဲ႔ မေလ်ာ္မကန္ အျပဳအမူမ်ိဳး မလုပ္ဖို႔ တ႐ုတ္က သတိေပးလိုက္ပါတယ္။
ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ ေရတပ္အေနနဲ႔ တိုက္ပြဲဝင္ အသင့္အေနအထားရွိေနတယ္လို႔ အာဏာရ တ႐ုတ္ကြန္ျမဴနစ္ပါတီ(CCP) အတြက္ အာေဘာ္တစ္ခုျဖစ္တဲ့ အစိုးရေထာက္ခံ ဂလိုဘယ္တိုင္းမ္စ္ သတင္းစာက ေဖာ္ျပခဲ့ပါတယ္။
တိုက္ခိုက္ေရး ေလယာဥ္တင္သေဘၤာအုပ္စုဟာ လက္ရွိမွာ ဂ်ပန္ႏိုင္ငံကို ဦးတည္တဲ့ ေတာင္တ႐ုတ္ပင္လယ္ ေရလမ္းေၾကာင္းမွာ ခုတ္ေမာင္းေနၿပီး သေဘၤာအုပ္စုရဲ႕ အေရွ႕အရပ္လမ္းေၾကာင္းကို တ႐ုတ္က အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ဆိုပါတယ္။
တိုက္ခိုက္ေရး ေလယာဥ္တင္သေဘၤာအုပ္စုရဲ႕ ျဖန္႔က်က္မႈအၿပီးမွာ ၿဗိတိန္အေနနဲ႔ ယခုႏွစ္ေႏွာင္းပိုင္းကစလို႔ ေဒသတြင္းမွာ စစ္သေဘၤာႏွစ္စီး အၿမဲတမ္းအျဖစ္ တပ္ျဖန္႔ခ်ထားခဲ့မွာျဖစ္တယ္လို႔ တိုက်ိဳမွာ ဂ်ပန္ ကာကြယ္ေရးဝန္ႀကီးနဲ႔ ပူးတြဲေၾကညာခ်က္အတြင္း ၿဗိတိန္ကာကြယ္ေရးဝန္ႀကီး ဘန္ဝဲလ္ေလ့စ္က ေျပာဆိုခဲ့ပါတယ္။
ေလယာဥ္တင္သေဘၤာ မစ္ရွင္နဲ႔ ပတ္သက္ၿပီး ၿဗိတိန္ဟာ အခုခ်ိန္အထိ ကိုလိုနီေခတ္ကာလအေျခအေနလို ျပဳက်င့္ေနတယ္လို႔ တ႐ုတ္က စြပ္စြဲခဲ့ပါတယ္။
ၿဗိတိန္ေတာ္ဝင္ ေရတပ္ဟာ စင္ကာပူေရတပ္နဲ႔ ေလ့က်င့္ေရးအစီအစဥ္ေတြ လုပ္ေဆာင္ေနခဲ့ေၾကာင္း၊ ၿဗိတိန္ ကာကြယ္ေရးဝန္ႀကီး ဘန္ဝဲေလ့စ္အေနနဲ႔ ေတာင္တ႐ုတ္ပင္လယ္မွာ လြတ္လပ္စြာ ခုတ္ေမာင္းသြားလာခြင့္ဆိုတဲ့ ေလ့က်င့္ေရးအစီအစဥ္ေတြ လုပ္ေဆာင္ရတဲ့ ရည္႐ြယ္ခ်က္အတြက္ လွ်ိဳ႕ဝွက္မႈမထားေၾကာင္း ဆိုခဲ့ပါတယ္။
ေရဒါေပ်ာက္ တိုက္ေလယာဥ္ F-35 ေတြ ပါဝင္တဲ့ ၿဗိတိန္ ေလယာဥ္တင္သေဘၤာဟာ ဂ်ပန္ရဲ႕ ေရတပ္ဦးစီးဌာနနဲ႔ အေမရိကန္ေရတပ္ သတၱမေျမာက္ ေလယာဥ္တင္သေဘၤာအုပ္စု USS Ronald Reagan တို႔တည္ရွိေနတဲ့ ယိုကိုဆူကာ ေရတပ္အေျခစိုက္စခန္းကို ဆိုက္ကပ္မွာျဖစ္ေၾကာင္း သိရပါတယ္။
————
လေယာဉ်တင်သင်္ဘော HMS Queen Elizabeth ဦးဆောင်ပြီး အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း ဝင်ရောက်လာတဲ့ ဗြိတိသျှ တိုက်ခိုက်ရေး လေယာဉ်တင်သင်္ဘောတပ်စုအနေနဲ့ မလျော်မကန် အပြုအမူမျိုး မလုပ်ဖို့ တရုတ်က သတိပေးလိုက်ပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်အနေနဲ့ တိုက်ပွဲဝင် အသင့်အနေအထားရှိနေတယ်လို့ အာဏာရ တရုတ်ကွန်မြူနစ်ပါတီ(CCP) အတွက် အာဘော်တစ်ခုဖြစ်တဲ့ အစိုးရထောက်ခံ ဂလိုဘယ်တိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့ပါတယ်။
တိုက်ခိုက်ရေး လေယာဉ်တင်သင်္ဘောအုပ်စုဟာ လက်ရှိမှာ ဂျပန်နိုင်ငံကို ဦးတည်တဲ့ တောင်တရုတ်ပင်လယ် ရေလမ်းကြောင်းမှာ ခုတ်မောင်းနေပြီး သင်္ဘောအုပ်စုရဲ့ အရှေ့အရပ်လမ်းကြောင်းကို တရုတ်က အနီးကပ်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။
တိုက်ခိုက်ရေး လေယာဉ်တင်သင်္ဘောအုပ်စုရဲ့ ဖြန့်ကျက်မှုအပြီးမှာ ဗြိတိန်အနေနဲ့ ယခုနှစ်နှောင်းပိုင်းကစလို့ ဒေသတွင်းမှာ စစ်သင်္ဘောနှစ်စီး အမြဲတမ်းအဖြစ် တပ်ဖြန့်ချထားခဲ့မှာဖြစ်တယ်လို့ တိုကျိုမှာ ဂျပန် ကာကွယ်ရေးဝန်ကြီးနဲ့ ပူးတွဲကြေညာချက်အတွင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝဲလ်လေ့စ်က ပြောဆိုခဲ့ပါတယ်။
လေယာဉ်တင်သင်္ဘော မစ်ရှင်နဲ့ ပတ်သက်ပြီး ဗြိတိန်ဟာ အခုချိန်အထိ ကိုလိုနီခေတ်ကာလအခြေအနေလို ပြုကျင့်နေတယ်လို့ တရုတ်က စွပ်စွဲခဲ့ပါတယ်။
ဗြိတိန်တော်ဝင် ရေတပ်ဟာ စင်ကာပူရေတပ်နဲ့ လေ့ကျင့်ရေးအစီအစဉ်တွေ လုပ်ဆောင်နေခဲ့ကြောင်း၊ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘန်ဝဲလေ့စ်အနေနဲ့ တောင်တရုတ်ပင်လယ်မှာ လွတ်လပ်စွာ ခုတ်မောင်းသွားလာခွင့်ဆိုတဲ့ လေ့ကျင့်ရေးအစီအစဉ်တွေ လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်အတွက် လျှို့ဝှက်မှုမထားကြောင်း ဆိုခဲ့ပါတယ်။
ရေဒါပျောက် တိုက်လေယာဉ် F-35 တွေ ပါဝင်တဲ့ ဗြိတိန် လေယာဉ်တင်သင်္ဘောဟာ ဂျပန်ရဲ့ ရေတပ်ဦးစီးဌာနနဲ့ အမေရိကန်ရေတပ် သတ္တမမြောက် လေယာဉ်တင်သင်္ဘောအုပ်စု USS Ronald Reagan တို့တည်ရှိနေတဲ့ ယိုကိုဆူကာ ရေတပ်အခြေစိုက်စခန်းကို ဆိုက်ကပ်မှာဖြစ်ကြောင်း သိရပါတယ်။