ဆဲရေးတိုင်းထွာတာကောင်းတဲ့အလုပ်မဟုတ်ဘူးဆိုတာငယ်ငယ်ထဲက မိဘဆရာသမားတွေ သင်ကြားထားလို့အတွင်းစိတ်ထဲကကို သိနေပါတယ်။
စောက်ဆိုတဲ့စကားတလုံးပြောဆိုမိတာတောင်ရိုက်ခံရတယ်။
ပါးစပ်ကို အပ်နဲ့ဖေါက်မယ်နောက်တခါဆဲကြည့်ဆိုတဲ့ အဘွားစကားလဲနားထဲကမထွက်လို့ခုထက်ထိဆဲရေးတိုင်းထွာပြီးမပြောခဲ့ပါဘူး။ဒါကတော့ မှတ်သားစရာလေးပါ။
ဆဲရေးခြင်း(၁၀)မျိုး
၁။ ဇာတိ = ဇာတ်ကိုထိပါး၍ ဆဲရေးခြင်း
၂။ နာမ = နာမည်ကို ဖော်၍ ဆဲရေးခြင်း
၃။ ဂေါတ္တ = မျိုးနွယ်ကို ထိပါး၍ ဆဲရေးခြင်း
၄။ ကမ္မ = အလုပ်ကိုထိပါး၍ ဆဲရေးခြင်း
၅။ သိပ္ပ = အတတ်ပညာကိုထိပါး၍ ဆဲရေးခြင်း
၆။ အာဗာဓ = အနာရောဂါကို စွဲ၍ ဆဲရေးခြင်း
၇။ လိင်္ဂ = အသွင်ကို ဖော်၍ ဆဲရေးခြင်း
၈။ ကိလေသ = ကိလေသာ တစ်ပါးပါးကို စွဲ၍ ဆဲရေးခြင်း
၉။ အာပတ္တိ = အာပတ်ဖြင့် စွပ်စွဲ၍ ဆဲရေးခြင်း
၁၀။ အက္ကောသ = ယုတ်ညံ့မှုအားဖြင့် စွပ်စွဲ၍ ဆဲရေးခြင်
[Source: ဝိနည်းပိဋက ပါစိတ်ပါဠိတော် ဘိက္ခုဝိဘင်း]
ဘယ်တော့မှ ၊ဘယ်လိုအကြောင်းနဲ့မှ ၊ဘယ်လောက်ဒေါသထွက်ထွက်ဆဲရေးတိုင်းထွာမှုမပြုလေကောင်းလေပါဘဲ။
Zawgyi
ဆဲရေးခြင်း(၁၀)မျိုး
၁၀။ အက္ကောသ = ယုတ်ညံ့မှုအားဖြင့် စွပ်စွဲ၍ ဆဲရေးခြင်း