ပြည်သူရွေးချယ်ထားတဲ့အစိုးရကို တရားမဝင်အောက်လမ်းနည်းနဲ့ ဖယ်ရှားတာကို လက်မခံကြောင်း ဂျာမနီပြော

ပြည်သူရွေးချယ်ထားတဲ့အစိုးရကို တရားမဝင်အောက်လမ်းနည်းနဲ့ ဖယ်ရှားတာကို ဂျာမနီက လက်မခံ

(၃၁ ဇူလိုင် ၂၀၂၁)

မြန်မာပြည်သူတွေရွေးချယ်ထားတဲ့အစိုးရကို တရားမဝင်အောက်လမ်းနည်းနဲ့ ဖယ်ရှားတာကို လက်မခံကြောင်း နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာဂျာမနီအမြဲတမ်းမစ်ရှင်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဒုတိယအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Günter Sautter နဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ဂျာမနီရဲ့ရပ်တည်ချက်ကို ပြောခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွက်အခက်အခဲဆုံး အခုလို ကာလမှာ ဂျာမနီဟာ မြန်မာပြည်သူတွေနဲ့အတူရပ်တည်ကြောင်း သံအမတ်ကြီး Günter Sautter ကပြောပါတယ်။

လူမဆန်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ဖိနှိပ်ရက်စက်မှုတွေကို လက်မခံနိုင်သလို လူသားမဆန်မှုတွေအတွက် အာဏာသိမ်းစစ်ကောင်စီက တာဝန်ခံရလိမ့်လို့လည်း သံအမတ်ကြီး Günter Sautter က ပြောခဲ့ကြောင်း ကုလသမဂ္ဂဂျာမနီအမြဲတမ်းမစ်ရှင်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

———-

ျပည္သူေ႐ြးခ်ယ္ထားတဲ့အစိုးရကို တရားမဝင္ေအာက္လမ္းနည္းနဲ႔ ဖယ္ရွားတာကို ဂ်ာမနီက လက္မခံ

(၃၁ ဇူလိုင္ ၂၀၂၁)

ျမန္မာျပည္သူေတြေ႐ြးခ်ယ္ထားတဲ့အစိုးရကို တရားမဝင္ေအာက္လမ္းနည္းနဲ႔ ဖယ္ရွားတာကို လက္မခံေၾကာင္း နယူးေယာက္ၿမိဳ႕ ကုလသမဂၢဆိုင္ရာဂ်ာမနီအၿမဲတမ္းမစ္ရွင္႐ုံးက သတင္းထုတ္ျပန္ပါတယ္။

ကုလသမဂၢဆိုင္ရာ ဒုတိယအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး Günter Sautter နဲ႔ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းတို႔ ဒီကေန႔ ေတြ႕ဆုံေဆြးေႏြးခဲ့ရာမွာ ဂ်ာမနီရဲ႕ရပ္တည္ခ်က္ကို ေျပာခဲ့တာလို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံအတြက္အခက္အခဲဆုံး အခုလို ကာလမွာ ဂ်ာမနီဟာ ျမန္မာျပည္သူေတြနဲ႔အတူရပ္တည္ေၾကာင္း သံအမတ္ႀကီး Günter Sautter ကေျပာပါတယ္။

လူမဆန္တဲ့ အာဏာသိမ္းစစ္တပ္ရဲ႕ဖိႏွိပ္ရက္စက္မႈေတြကို လက္မခံႏိုင္သလို လူသားမဆန္မႈေတြအတြက္ အာဏာသိမ္းစစ္ေကာင္စီက တာဝန္ခံရလိမ့္လို႔လည္း သံအမတ္ႀကီး Günter Sautter က ေျပာခဲ့ေၾကာင္း ကုလသမဂၢဂ်ာမနီအၿမဲတမ္းမစ္ရွင္႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။