စ စ်ကောင်စီ၏ပေးပို့သဝဏ်လွှာနှင့်ပတ်သတ်၍ KIA တပ်ချုပ်သဘောထားထုတ်ပြန်

မေန႔က လိုင္ဇာကို ျမန္မာစစ္တပ္ေပးပို႔တဲ့ သဝဏ္လႊာေရာက္တယ္ဆိုတာမွန္ပါတယ္၊ ျမန္မာစစ္တပ္ရဲ႕ေရးသားခ်က္ေတြ စာထဲမွာသိပ္ေကာင္းပါတယ္၊ သို႔ေသာ္ ႏွစ္ ၆၀လုံးလုံး သူတို႔ဒီလိုစာေတြခဏခဏေရးပို႔ေတာ့ အလြတ္ရေနသလိုျဖစ္ေနၿပီ၊ ကနီနယ္ခံ PDF ခေလးေတြကိုႏွပ္ေၾကာင္းေပးၿပီးဖမ္းသတ္တဲ့အလုပ္မ်ိဳးလုပ္ေနတဲ့သူပုန္ ျမန္မာစစ္တပ္ကို ဘယ္လိုမွယုံစားေနစရာအေၾကာင္းမရွိပါဘူး။

NCA ဆိုတာအေစာကတည္းက စၿပီးလက္မွတ္ထိုးၾကကတည္းက က်ေနာ္တို႔ ကခ်င္တပ္မေတာ္ KIA အေနနဲ႔ ျမန္မာစစ္တပ္၊ အခုေတာ့သူပုန္တပ္ေပါ့ဗ်ာ၊သူတို႔ကိုမယုံလို႔ကို လက္မွတ္မထိုးခဲ့တာ၊ ကြၽန္ေတာ္ေျပာခဲ့ၿပီးပါၿပီ ခုေခတ္မ်ိဳးဆက္သစ္ တိုင္းရင္းသားေတြ၊ျပည္မကျမန္မာျပည္သူေတြ ျမန္မာစစ္တပ္ကိုဘယ္ေလာက္ေတာင္မုန္းတီးေနၾကသလဲ ? ကြၽန္ေတာ္တို႔ကခ်င္ တပ္မေတာ္အေနနဲ႔ ကခ်င္ေျမကေနေက်ာ္ၿပီး ျမန္မာတပ္ေတြကိုမတိုက္ဘူး၊

လာက်ဴးေက်ာ္ရင္အေသခံတိုက္မယ္၊ အဲ့ဒါကြၽန္ေတာ္တို႔ရဲ႕မူဝါဒျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ဆီမွာစစ္ပညာလာသင္တဲ့ PDF လူငယ္ေတြကခ်င္နယ္စပ္ကေနစၿပီး ျပည္မဘက္တိုက္ခိုက္သိမ္းပိုက္တာကြၽန္ေတာ္တို႔နဲ႔မဆိုင္ပါဘူး၊ လူငယ္ေလးေတြကိုသင္ေပးတဲ့ဆရာေတြ တိုက္ပြဲဝင္အေတြ႕အႀကဳံရွိေအာင္ PDF ေတြနဲ႔ပူးေပါင္းတိုက္ခိုက္သင္ၾကားေပးတာရွိပါတယ္၊ သူတို႔က သင္ေပးေနတာသာျဖစ္ၿပီး ဝင္မတိုက္ပါဘူး။

ေျပာေတာ့သာၿငိမ္းခ်မ္းဖို႔ကမ္းလွမ္းတယ္ေျပာတယ္ ..အခု ကခ်င္ေျမထဲမွာေရာ KIA သတ္မွတ္ဇုံထဲေတြမွာ အင္အားအျပည့္အစုံနဲ႔ လာတပ္စြဲေနၾကၿပီ ေျမျပင္၊ ေရျပင္၊ေလေၾကာင္းအကုန္လုံးအသင့္ျပင္ေနၾကၿပီ၊ ဒါၿငိမ္းခ်မ္းေရးအတြက္ျဖစ္ပါ့မလား။ ကခ်င္တပ္မေတာ္မွာ လက္နက္စက္႐ုံေတြရွိၿပီးသား လိုသေလာက္လည္းထုတ္ႏိုင္တယ္၊ လက္နက္အ တြက္ပူစရာမလိုသလို စစ္သည္ေတာ္ေတြ အင္အားေတာင့္တင္းမႈရွိတယ္၊ ကြၽန္ေတာ့္စစ္သည္ေတြလစာမရဘူး၊ သူတို႔လည္းမေတာင္းဆိုဘူး၊

ကခ်င္တပ္မေတာ္ထဲသူ႔အသိစိတ္နဲ႔သူတို႔ဝင္လာၾကတဲ့ စစ္သည္ေတာ္ေတြျဖစ္တယ္၊ ျမန္မာတပ္လို ပြဲစားနဲ႔လူရွာၿပီး စစ္တပ္ဖြဲ႕ထားတာမဟုတ္ဘူး ဟု ကခ်င္စစ္ဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္ဂြမ္ေမာ္ကေျပာၾကားသည္။ အရွင္းဆုံးေျပာရရင္ တစ္ႏိုင္ငံလုံးက အဲ့ဒီသူပုန္တပ္ကို တိုင္းရင္းသားေပါင္းစုံ၊ ျပည္မ PDF အဖြဲ႕ေတြတစ္ၿပိဳင္တည္းစတိုက္ၿပီဆိုရင္ ကခ်င္တပ္မေတာ္ ထိုင္ၾကည့္မေနပါဘူး ျပည္သိမ္းပြဲအထိဝင္တိုက္ေပးမယ္လို႔ ကြၽန္ေတာ္ တာဝန္ခံေျပာၾကားပါတယ္လို႔ ဗိုလ္ခ်ဳပ္ဂြမ္ေမာ္ကေျပာၾကားသည္။

————-

မနေ့က လိုင်ဇာကို မြန်မာစစ်တပ်ပေးပို့တဲ့ သဝဏ်လွှာရောက်တယ်ဆိုတာမှန်ပါတယ်၊ မြန်မာစစ်တပ်ရဲ့ရေးသားချက်တွေ စာထဲမှာသိပ်ကောင်းပါတယ်၊ သို့သော် နှစ် ၆၀လုံးလုံး သူတို့ဒီလိုစာတွေခဏခဏရေးပို့တော့ အလွတ်ရနေသလိုဖြစ်နေပြီ၊ ကနီနယ်ခံ PDF ခလေးတွေကိုနှပ်ကြောင်းပေးပြီးဖမ်းသတ်တဲ့အလုပ်မျိုးလုပ်နေတဲ့သူပုန် မြန်မာစစ်တပ်ကို ဘယ်လိုမှယုံစားနေစရာအကြောင်းမရှိပါဘူး။

NCA ဆိုတာအစောကတည်းက စပြီးလက်မှတ်ထိုးကြကတည်းက ကျနော်တို့ ကချင်တပ်မတော် KIA အနေနဲ့ မြန်မာစစ်တပ်၊ အခုတော့သူပုန်တပ်ပေါ့ဗျာ၊သူတို့ကိုမယုံလို့ကို လက်မှတ်မထိုးခဲ့တာ၊ ကျွန်တော်ပြောခဲ့ပြီးပါပြီ ခုခေတ်မျိုးဆက်သစ် တိုင်းရင်းသားတွေ၊ပြည်မကမြန်မာပြည်သူတွေ မြန်မာစစ်တပ်ကိုဘယ်လောက်တောင်မုန်းတီးနေကြသလဲ ? ကျွန်တော်တို့ကချင် တပ်မတော်အနေနဲ့ ကချင်မြေကနေကျော်ပြီး မြန်မာတပ်တွေကိုမတိုက်ဘူး၊

လာကျူးကျော်ရင်အသေခံတိုက်မယ်၊ အဲ့ဒါကျွန်တော်တို့ရဲ့မူဝါဒဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာစစ်ပညာလာသင်တဲ့ PDF လူငယ်တွေကချင်နယ်စပ်ကနေစပြီး ပြည်မဘက်တိုက်ခိုက်သိမ်းပိုက်တာကျွန်တော်တို့နဲ့မဆိုင်ပါဘူး၊ လူငယ်လေးတွေကိုသင်ပေးတဲ့ဆရာတွေ တိုက်ပွဲဝင်အတွေ့အကြုံရှိအောင် PDF တွေနဲ့ပူးပေါင်းတိုက်ခိုက်သင်ကြားပေးတာရှိပါတယ်၊ သူတို့က သင်ပေးနေတာသာဖြစ်ပြီး ဝင်မတိုက်ပါဘူး။

ပြောတော့သာငြိမ်းချမ်းဖို့ကမ်းလှမ်းတယ်ပြောတယ် ..အခု ကချင်မြေထဲမှာရော KIA သတ်မှတ်ဇုံထဲတွေမှာ အင်အားအပြည့်အစုံနဲ့ လာတပ်စွဲနေကြပြီ မြေပြင်၊ ရေပြင်၊လေကြောင်းအကုန်လုံးအသင့်ပြင်နေကြပြီ၊ ဒါငြိမ်းချမ်းရေးအတွက်ဖြစ်ပါ့မလား။ ကချင်တပ်မတော်မှာ လက်နက်စက်ရုံတွေရှိပြီးသား လိုသလောက်လည်းထုတ်နိုင်တယ်၊ လက်နက်အ တွက်ပူစရာမလိုသလို စစ်သည်တော်တွေ အင်အားတောင့်တင်းမှုရှိတယ်၊ ကျွန်တော့်စစ်သည်တွေလစာမရဘူး၊ သူတို့လည်းမတောင်းဆိုဘူး၊

ကချင်တပ်မတော်ထဲသူ့အသိစိတ်နဲ့သူတို့ဝင်လာကြတဲ့ စစ်သည်တော်တွေဖြစ်တယ်၊ မြန်မာတပ်လို ပွဲစားနဲ့လူရှာပြီး စစ်တပ်ဖွဲ့ထားတာမဟုတ်ဘူး ဟု ကချင်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်ကပြောကြားသည်။ အရှင်းဆုံးပြောရရင် တစ်နိုင်ငံလုံးက အဲ့ဒီသူပုန်တပ်ကို တိုင်းရင်းသားပေါင်းစုံ၊ ပြည်မ PDF အဖွဲ့တွေတစ်ပြိုင်တည်းစတိုက်ပြီဆိုရင် ကချင်တပ်မတော် ထိုင်ကြည့်မနေပါဘူး ပြည်သိမ်းပွဲအထိဝင်တိုက်ပေးမယ်လို့ ကျွန်တော် တာဝန်ခံပြောကြားပါတယ်လို့ ဗိုလ်ချုပ်ဂွမ်မော်ကပြောကြားသည်။

crd- Kachin State news