
မြန်မာအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ အမေရိကန် ဘယ်လိုတောင်းဆိုလိုက်သလဲ
ဇူလိုင် ၂၉ ရက်က အွန်လိုင်းမှ ကျင်းပခဲ့သော မြန်မာ့အရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလွတ်သဘောဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြန်လည် ဖော်ဆောင်လာစေရန် တပ်မတော်ကို တိုက် တွန်းပေးရန် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံတမန်တစ်ဦးဖြစ်သူ ဂျက်ဖရီဒီလောရန်း တစ်က လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် COVID-19 ကူးစက်နေမှုများ မြင့်တက်လာနေကြောင်း လည်း အမေရိကန်သံတမန်က ပြောဆိုခဲ့ပြီး လုံခြုံရေးကောင်စီ၏ ဆောင်ရွက်မှုအချိန် ကြန့်ကြာလေလေ၊ လူ့အသက်များ ပိုဆုံးရှုံးလာမည်ဟု ပြောကြားခဲ့သည်။
ကုလလုံခြုံရေးကောင်စီသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ် ပေးရမည့် စုပေါင်းတာဝန်အား ပျက်ကွက်နေ ပြီး မြန်မာပြည်သူများအပေါ် တာဝန်မကျေ ဖြစ်နေသည်ဟု ဂျက်ဖရီဒီလောရန်းတစ်က ပြောဆိုခဲ့သည်။
အဆိုပါအစည်းအဝေးကို လူ့အခွင့်အရေးအဖွဲ့ Human Rights Watch ဆိုင်ရာ UN ညွှန်ကြားရေးမှူး Louis Charbonneau လည်းတက်ရောက်ခဲ့ပြီး မြန်မာ့အရေးဖြေ ရှင်းရေးနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီ က ညှိနှိုင်းဆွေးနွေးမှုများ မပြုလုပ်သေးသည် ကို ဝေဖန်ခဲ့သည်။
ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံကို လက်နက်တင်သွင်းမှုပိတ်ရန် တောင်းဆိုထားပြီးဖြစ်ကာ လုံခြုံရေးကောင်စီက အလားတူလုပ်ဆောင်သင့်သည်ဟုလည်း ၎င်းက ပြောဆိုခဲ့သည်။
အဆိုပါ အလွတ်သဘော အစည်းအဝေးကို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံဖြစ်သည့် ဗြိတိန်က ကမကထပြုခေါ်ယူခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၅၆၅ ကို မြန်မာနိုင်ငံတွင် လေးစားလိုက်နာ မှုရှိစေရန် ကောင်စီအဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းခဲ့သည်။
ပဋိပက္ခဖြစ်ပွားနေသည့် နေရာများ တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများကို ဘေးကင်းစွာအရောက်ပို့နိုင်အောင် အပစ် အခတ်များ ရပ်စဲထားပေးရန် တောင်းဆို ထားသည့် ဆုံးဖြတ်ချက် ၂၅၆၅ ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ကုလလုံခြုံ ရေးကောင်စီက ချမှတ်ထားခြင်းဖြစ်သည်။
အဓိကအနေဖြင့် ထိုဆုံးဖြတ်ချက်ကို မည်သို့အကောင်အထည်ဖော်မည်ကို စဉ်း စားကြရန်ဖြစ်သည်ဟုလည်း ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိန်သံအမတ် Barbara Woodward ကပြောဆိုခဲ့သည်။
ဗြိတိန်နိုင်ငံ၏ ကမကထပြုမှုဖြင့် ပြု လုပ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ Arria Formula အစည်းအဝေးနှင့်ပတ်သက်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကြိုး ပမ်းမှုမှန်သမျှကို ရှုတ်ချကြောင်း မြန်မာနိုင်ငံ ခြားရေးဝန်ကြီးဌာနက ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါမြန်မာနိုင်ငံဆိုင်ရာ Arria Formula အစည်းအဝေးကို ဇူလိုင် ၂၉ ရက်က နယူးယောက်မြို့တွင် ပြုလုပ်ခဲ့ပြီး Arria Formula အစည်းအဝေး၏ သဘော သဘာဝအရ အလွတ်သဘောဆွေးနွေးမှု သာဖြစ်ပြီး အစည်းအဝေးမှ စာရွက်စာတမ်း တစ်စုံတစ်ရာထွက်ရှိခြင်းမရှိကြောင်း၊
လုံခြုံ ရေးကောင်စီ၏ လုပ်နည်းလုပ်ဟန်အရ လုံ ခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ကမကထပြု ဆောင်နိုင်ပြီး အစည်းအဝေးသို့ ဖိတ်ကြားသူများအားလုံးနှင့် တက်ကြွလှုပ်ရှားသူများလည်း အဟန့်အဟားမရှိဘဲ ပါဝင်နိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင်ပါရှိသည်။
ထို့ပြင် ယခုအစည်းအဝေးစီစဉ်သူများ ၏ ရည်ရွယ်ချက်သည် မေးခွန်းထုတ်ဖွယ်ဖြစ် ကြောင်း၊ အခြားပါဝင်ပတ်သက်နေသူများ၏ ကွဲပြားသည့်သဘောထားအမြင်များ ပါဝင်ရ မည့်အစား ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်၍လုပ်ကြံဖန်တီးထားသည့် တစ် ဖက်သတ်လိုရာဆွဲ ပြောကြားသည့် သတင်း အချက်အလက်များကို အခြေခံဆွေးနွေးခဲ့ကြောင်းတွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source Eleven Media Group