PDF သို့မဟုတ် တော်လှန်ရေးအဆုံးအဖြတ်

PDF သို့မဟုတ် တော်လှန်ရေးအဆုံးအဖြတ် ( လူ ၁သန်းမှ တစ်ယောက် တစ်သောင်းပဲ PDF ကိုထောက်ပံ့ပါ ပွဲမြန်မြန်ပြီးတယ် )

PDF ကိုလေ့လာကြည့်တဲ့အခါ အပိုင်း ၃ ပိုင်းတွေ့ရပါတယ် တောထဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူ နေထိုင်တိုက်ပွဲဝင်နေသူတွေ သင်တန်းရက်တိုတက်ပြီး ပြည်တွင်းမြို့ပေါ်တွေမှာ ကိုယ်တိုင်လုပ် လက်လုပ်ဗုံး လုပ်သေနတ်လေးတွေ နဲ့ UG လုပ်နေသူတွေ ဘယ်သင်တန်းမှမတတ်ပဲ ကိုယ့်ရပ်ကိုယ်ရွာတွေမှာ အင်အားတွေစု ရရာလက်နက်နဲ့ စခတွေကို တော်လှန်နေသူတွေ ဒီသုံးမျိုးတွေ့ရပါတယ်

ခက်တာက သူတို့ရင်ဆိုင်နေရတာက Goverment Army ကိုပါ ခေတ်မှီလက်နက်တွေတပ်ဆင်ထားပြီး ပရိုအဆင့်ကို ရရာလက်နက်နဲ့တော့တိုက်လို့မရပါဘူး ဒါပေမယ့် အသက်စွန့် ရအောင်တော့တိုက်ကြပါတယ် KNU ,KIA တို့နဲ့ တွဲတိုက်တဲ့ နယ်ဘက်တွေဆို အသာ ရတာများပါတယ် လက်နက်ချင်းကသိပ်မကွာတော့ ကြောက်စရာမလိုပါဘူး အင်အားကတော့ ပြောစရာမလိုပါဘူး အကုန် PDF ပါပဲ ပြောချင်တာက လက်နက်ပါ အခုတော်လှန်ရေးကို တစ်နိုင်ငံလုံး ဦးဆောင်နေသူ တွေက ပြည်တွင်းက PDFတွေကို

လက်နက်သာပံပိုးပေးနိုင်ရင် တော်လှန်ရေးဟာ ခရီးရောက်တာကြာပါပြီ တစ်ဖက်က M 16 AK47 ရိုင်ဖယ်တွေနဲ့ အတွဲလိုက် ပစ်နေတာကို ယမ်းထောင်းတူမီး သေနတ်လေးနဲ့ တစ်ချက်ပစ် တစ်ခါယမ်းထည့်နဲ့ အဆင်မပြေပါဘူး စိတ်ဓတ်တစ်ခုထဲနဲ့ စစ်တိုက်လို့အနိုင်ရစတမ်း ဆို အင်္ဂလိပ်မြန်မာပြည်ကို မသိမ်းနိုင်ဘူး

ပါးစပ်ကအာမနေကြပါနဲ့ အခုအသေခံတိုက်နေသူ တွေ ဘယ်သူမှလွှတ်တော်ထဲ မတတ်ဘူး တိုင်းပြည် အတွက် စခတွေကို အသက်နဲ့ရင်းတိုက်နေတာ သူတို့တကယ်လိုအပ်နေတဲ့ လက်နက် ရိက္ခာတွေခင် ဗျားတို့သာ ပံပိုးပေးလိုက်စမ်းပါ

နေပြည်တော်ကို တက်မသိမ်းနိုင်ရင် ကြိုက်သလိုပြော ခင်ဗျားတို့တွေလဲ PDF ဘေးကင်းပါစေ အောင်မြင်ပါစေ အလကားရတိုင်း ကီးဘုတ်ကနေမန့်နေမယ့် အစား ၅၀၀၀ ၁၀၀၀၀ လှူပေးလိုက်ကြပါလားဗျာ လူ ၁သန်းပဲ တစ်ယောက် တစ်သောင်း PDF ကိုထောက်ပံ ပွဲမြန်မြန်ပြီးတယ် တော်လှန်ရေးရဲ့အဆုံးအဖြတ်နဲ့ မြန်မာပြည် အနာဂတ် ကို အဆုံးအဖြတ်ပေးမှာ နိုင်ငံအတွက် ကိုယ်ကျိုးစွန့်ပြီး

အနစ်နာခံ ဘဝတွေစတေးနေတဲ့ PDF ဆိုတဲ့ လူငယ်တွေပဲဖြစ်ပါတယ် သူတို့အားကောင်းဖို့လိုပါတယ် သူတို့ကို ကူညီကြပါ ပံပိုးပေးကြပါ ကဗ္ဗည်းအတင်မခံရပေမယ့် သူတို့ တောင် အသက်စွန့်ပေးနေတာ ပြည်သူတွေအနေနဲ့ ထောက်ပံပေးစေချင်ပါတယ် တိုင်းပြည်အတွက်တစ်ကယ်လိုအပ်တာဘာလဲ အမှန်ကို အမြန်ဆုံးမြင်တတ်ကြပါစေ

crd-မုဆိုး လက်

————-

PDF သို႔မဟုတ္ ေတာ္လွန္ေရးအဆုံးအျဖတ္ ( လူ ၁သန္းမွ တစ္ေယာက္ တစ္ေသာင္းပဲ PDF ကိုေထာက္ပံ့ပါ ပြဲျမန္ျမန္ၿပီးတယ္ )

PDF ကိုေလ့လာၾကည့္တဲ့အခါ အပိုင္း ၃ ပိုင္းေတြ႕ရပါတယ္ ေတာထဲ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔အတူ ေနထိုင္တိုက္ပြဲဝင္ေနသူေတြ သင္တန္းရက္တိုတက္ၿပီး ျပည္တြင္းၿမိဳ႕ေပၚေတြမွာ ကိုယ္တိုင္လုပ္ လက္လုပ္ဗုံး လုပ္ေသနတ္ေလးေတြ နဲ႔ UG လုပ္ေနသူေတြ ဘယ္သင္တန္းမွမတတ္ပဲ ကိုယ့္ရပ္ကိုယ္႐ြာေတြမွာ အင္အားေတြစု ရရာလက္နက္နဲ႔ စခေတြကို ေတာ္လွန္ေနသူေတြ ဒီသုံးမ်ိဳးေတြ႕ရပါတယ္

ခက္တာက သူတို႔ရင္ဆိုင္ေနရတာက Goverment Army ကိုပါ ေခတ္မွီလက္နက္ေတြတပ္ဆင္ထားၿပီး ပ႐ိုအဆင့္ကို ရရာလက္နက္နဲ႔ေတာ့တိုက္လို႔မရပါဘူး ဒါေပမယ့္ အသက္စြန႔္ ရေအာင္ေတာ့တိုက္ၾကပါတယ္ KNU ,KIA တို႔နဲ႔ တြဲတိုက္တဲ့ နယ္ဘက္ေတြဆို အသာ ရတာမ်ားပါတယ္ လက္နက္ခ်င္းကသိပ္မကြာေတာ့ ေၾကာက္စရာမလိုပါဘူး အင္အားကေတာ့ ေျပာစရာမလိုပါဘူး အကုန္ PDF ပါပဲ ေျပာခ်င္တာက လက္နက္ပါ အခုေတာ္လွန္ေရးကို တစ္ႏိုင္ငံလုံး ဦးေဆာင္ေနသူ ေတြက ျပည္တြင္းက PDFေတြကို

လက္နက္သာပံပိုးေပးႏိုင္ရင္ ေတာ္လွန္ေရးဟာ ခရီးေရာက္တာၾကာပါၿပီ တစ္ဖက္က M 16 AK47 ႐ိုင္ဖယ္ေတြနဲ႔ အတြဲလိုက္ ပစ္ေနတာကို ယမ္းေထာင္းတူမီး ေသနတ္ေလးနဲ႔ တစ္ခ်က္ပစ္ တစ္ခါယမ္းထည့္နဲ႔ အဆင္မေျပပါဘူး စိတ္ဓတ္တစ္ခုထဲနဲ႔ စစ္တိုက္လို႔အႏိုင္ရစတမ္း ဆို အဂၤလိပ္ျမန္မာျပည္ကို မသိမ္းႏိုင္ဘူး

ပါးစပ္ကအာမေနၾကပါနဲ႔ အခုအေသခံတိုက္ေနသူ ေတြ ဘယ္သူမွလႊတ္ေတာ္ထဲ မတတ္ဘူး တိုင္းျပည္ အတြက္ စခေတြကို အသက္နဲ႔ရင္းတိုက္ေနတာ သူတို႔တကယ္လိုအပ္ေနတဲ့ လက္နက္ ရိကၡာေတြခင္ ဗ်ားတို႔သာ ပံပိုးေပးလိုက္စမ္းပါ

ေနျပည္ေတာ္ကို တက္မသိမ္းႏိုင္ရင္ ႀကိဳက္သလိုေျပာ ခင္ဗ်ားတို႔ေတြလဲ PDF ေဘးကင္းပါေစ ေအာင္ျမင္ပါေစ အလကားရတိုင္း ကီးဘုတ္ကေနမန႔္ေနမယ့္ အစား ၅၀၀၀ ၁၀၀၀၀ လႉေပးလိုက္ၾကပါလားဗ်ာ လူ ၁သန္းပဲ တစ္ေယာက္ တစ္ေသာင္း PDF ကိုေထာက္ပံ ပြဲျမန္ျမန္ၿပီးတယ္ ေတာ္လွန္ေရးရဲ႕အဆုံးအျဖတ္နဲ႔ ျမန္မာျပည္ အနာဂတ္ ကို အဆုံးအျဖတ္ေပးမွာ ႏိုင္ငံအတြက္ ကိုယ္က်ိဳးစြန႔္ၿပီး

အနစ္နာခံ ဘဝေတြစေတးေနတဲ့ PDF ဆိုတဲ့ လူငယ္ေတြပဲျဖစ္ပါတယ္ သူတို႔အားေကာင္းဖို႔လိုပါတယ္ သူတို႔ကို ကူညီၾကပါ ပံပိုးေပးၾကပါ ကဗၺည္းအတင္မခံရေပမယ့္ သူတို႔ ေတာင္ အသက္စြန႔္ေပးေနတာ ျပည္သူေတြအေနနဲ႔ ေထာက္ပံေပးေစခ်င္ပါတယ္ တိုင္းျပည္အတြက္တစ္ကယ္လိုအပ္တာဘာလဲ အမွန္ကို အျမန္ဆုံးျမင္တတ္ၾကပါေစ

crd-မုဆိုး လက္