
သတင္းေတြက ဆက္စပ္ေနတယ္ ။ အရွိန္လည္းရလာတယ္ ။ ၿပီးခဲ့တဲ့ ၃ ရက္ေလာက္က ကုလအဖြဲ႕ကို ျမန္မာႏိုင္ငံဟာ ဒီမိုကေရစီလမ္းကို မျဖစ္မေန ျပန္လည္ေလွ်ာက္လွမ္းဖို႔ အျမန္ဆုံးစီစဥ္ပါလို႔ အေမရိကန္က တိုက္တြန္းလိုက္တယ္ ။
မေန႔က ကုလသတင္းမွာေတာ့ စစ္ေကာင္စီဟာ ၆ လၾကာအာဏာသိမ္းၿပီးတဲ့ေနာက္ ၊ ျမန္မာရဲ႕အေျခအေနဟာ အဆိုးဘက္ကို ဦးတည္ေနၿပီ ၊ မျဖစ္မေန ေျဖရွင္းရေတာ့မယ္လို႔ ဆိုလိုက္တယ္ ။
လူ႔အခြင့္အေရးေကာင္စီက ျမန္မာစစ္တပ္ဟာ ရာဇဝတ္မႈ႕ေတြ ဆက္လက္က်ဴးလြန္ေနတယ္လို႔ ေၾကျငာလိုက္တယ္ ။ဒီေ န႔သတင္းမွာေတာ့ ၊ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဘလင္ကန္ရဲ႕ အေရွ႕ေတာင္အာရွခရီးကို ရွင္းျပထားပါတယ္ ။ ၾသဂုတ္လ ၂ ရက္ကေန ၆ ရက္ေန႔အထိ က်င္းပမယ့္ အာဆီယံအစည္းအေဝးကို ဘ႐ူႏိုင္းႏိုင္ငံက တာဝန္ယူက်င္းပမွာပါ ။ မဲေခါင္းျမစ္ဝွမ္း ႏိုင္ငံမ်ား အစည္းအေဝးျဖစ္ေပမယ့္ ၊ ျမန္မာ့အေရးကိုလည္း အထူးျပႆနာအေနနဲ႔ ေဆြးေႏြးမွာပါ ။
ဒီအစည္းအေဝးကို တရားသူႀကီးအေနနဲ႔ တက္ေရာက္မယ့္သူက အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဘလင္ကန္ပါ ။ သူ႔ရဲ႕ခရီကို” အာဆီယံတရား႐ုံးႏွင့္ ေတြ႕ဆုံျခင္း “လို႔ အမည္ေပးထားပါတယ္ ။ အထူးဧည့္သည္ေတာ္အေနနဲ႔ စစ္ေကာင္စီရဲ႕ ကိုယ္စားလွယ္ကိုလည္း ဖိတ္ၾကားထားပါတယ္ ။
” အာဆီယံကို ဘာ့ေၾကာင့္ ဆက္ႏြယ္ေနရသလဲ ” ဆိုတဲ့ ႐ိုက္တာသတင္းေထာက္ရဲ႕ ေမးခြန္းကို ဘလင္ကန္ ျပန္ေျပာခဲ့တာက” ျမန္မာစစ္ဗိုလ္ခ်ဳပ္ေတြရဲ႕ မေကာင္းတဲ့အျပဳအမူေတြေၾကာင့္ ငါတို႔ အာဆီယံကို ပစ္ပယ္ထားလို႔ မရေသးဘူး ” လို႔ ျပန္ေျဖခဲ့တာပါ ။
ဘလင္ကန္လာခါနီးအခ်ိန္မွာပဲ ဂ်ာကာတာပိုစ့္ သတင္းဌာနက မာဇူကီဒါယုစမန္ ( MARZUKI DARUSMAN ) ရဲ႕ ေဆာင္းပါးနဲ႔ ဘလင္ကန္နဲ႔ အာဆီယံႏိုင္ငေခါင္းေဆာင္ေတြကို သတိေပးလိုက္ပါတယ္ ။ ေဆာင္းပါးအက်ဥ္းခ်ဳပ္ကေတာ့
” ျမန္မာရဲ႕ အက်ပ္အတည္းကို ဘယ္လိုတုန္႔ျပန္မလဲ ။ဂ်ာကာတာအစည္းအေဝးမွာ ျမန္မာစစ္ဗိုလ္ခ်ဳပ္ေတြ ကတိေပးခဲ့တဲ့ အခ်က္ ၅ ခ်က္ဟာ သုံးလေက်ာ္ၾကာသည္အထိ ထူးျခားမလာခဲ့ပါ ။ျမန္မာရဲ႕အေျခအေနဟာ သိသိသာသာ ဆိုး႐ြားေနတာပါ ။
လမ္းမေတြေပၚနဲ႔သုသာန္ေတြမွာ ႐ုပ္အေလာင္းေတြ စုပုံေနပါတယ္ ။ အခ်က္ ၅ ခ်က္ဟာ စာ႐ြက္တစ္႐ြက္ထက္ ပိုမလာေသးပါဘူး။ကပ္ေရာဂါဟာ တစ္ႏိုင္ငံလုံးကို ၿခိမ္းေျခာက္ေနပါတယ္ ။အခ်က္ ၅ ခ်က္ထဲမွာ လူသားခ်င္းစာနာမႈ႕အကူအညီေတြ ေပးအပ္မယ္လို႔ ကတိေပးထားေပမယ့္ ၊ ေအာက္ဆီဂ်င္တန္းစီေစာင့္ဆိုင္းေနသူေတြကို ပစ္ခတ္ ဖမ္းဆီးခဲ့ပါတယ္ ။
အခုလာမယ့္ အာဆီယံအစည္းအေဝးမွာလည္း ၊ ျမန္မာႏိုင္ငံကို အာဆီယံကိုယ္စားလွယ္လႊတ္ဖို႔ အခ်ိန္ဆြဲေနဦးမယ္လို႔ ယူဆရပါတယ္ ။ဒီအစည္းအေဝးမွာ အာဆီယံဟာ ျမန္မာ့အေရးအတြက္ ဘာဆက္လုပ္ရမယ္ဆိုတာ မသိေသးဘူးဆိုရင္ အာဆီယံလုပ္ရမွာေတြက- ျမန္မာျပည္သူမ်ားအတြက္ အသက္ကယ္ ၊ အကူအညီေပးဖို႔ နယ္နိမိတ္ေတြကို ဖြင့္လွစ္ထားေပးရမယ္ ။
– ေဒသတြင္း က်မ္းမာေရးအကူအညီ ဝန္ေဆာင္သူမ်ားအား ဝင္ေရာက္ခြင့္ျပဳရမယ္ ။- အကူအညီေပးသူေတြကို ေဘးကင္းလုံၿခဳံစြာ ထားရမယ္ ။- အာဆီယံဟာ ျမန္မာ့အေရးအတြက္ အခ်ိန္ျဖဳန္းဖို႔ မလိုေတာ့ပါဘူး ။
– ဒီကိစၥေတြကို အာဆီယံဥကၠ႒နဲ႔ အတြင္းေရးမႈးက တာဝန္ယူရပါမယ္ ။ဒါေတြကေတာ့ ေဆာင္းပါးရွင္ရဲ႕ အႀကံျပဳခ်က္ ၊ ေတာင္းဆိုခ်က္ေတြကို ေကာက္ႏုတ္ထားတာပါ ။ ေဆာင္းပါးရွင္ဟာ သာမန္စာေရးသူတစ္ေယာက္ မဟုတ္ပါဘူး ။ အာဏာသိမ္းၿပီးခ်ိန္ကတည္းက ” ျမန္မာ့အေရးအတြက္ အာဆီယံအႀကံေပးေကာင္စီကို တည္ေထာင္သူပါ ။
ေကာင္းၿပီ ….။ ျမန္မာ့အေရး ဘယ္လိုအေျခအေနရွိသလဲဆိုရင္ ၊ ဒီမိုကေရစီကို မျဖစ္မေန ျပန္လည္ေလွ်ာက္လွမ္းပါမယ္ ။ ကုလသမဂၢအဖြဲ႕ႀကီးက ႀကိဴးပမ္းေနသလို အေမရိကန္ကလည္း ထဲထဲဝင္ဝင္ လႈပ္ရွားလာပါၿပီ ။ သိတဲ့အတိုင္းပါဘဲ ။ ကမာၻႀကီးဟာ ႏိုင္ငံေပါင္းမ်ားစြာ တည္ရွိေနေပမယ့္ ၊ ကမာၻႀကီးကို သြယ္ဝိုက္အုပ္ခ်ဳပ္ေနတာက အေမရိကန္ပါ ။
ဓနအင္အား ၊ စစ္အင္အား ၊ နည္းပညာ ၊ ဥပေဒခိုင္မာတဲ့ႏိုင္ငံပါ ။ ဒီႏိုင္ငံက ျမန္မာ့အေရးကို အင္တိုက္အားတိုက္ ပါဝင္လာတာဟာ ျမန္မာျပည္သူေတြအတြက္ အားရစရာေကာင္းပါတယ္ ။ ဘလင္ကန္ဟာ အာဆီယံတရား႐ုံးနဲ႔ ေတြ႕ဆုံမယ္လို႔ ေျပာထားတာဟာလည္း စိတ္ဝင္စားစရာေကာင္းလွပါတယ္ ။
သုံးသပ္ရရင္ …၊
ဘလင္ကန္ဟာ စစ္ေကာင္စီကိုယ္စားလွယ္နဲ႔ ပထမဆုံးအႀကိမ္ ေတြ႕ဆုံမွာပါ ။ တရား႐ုံးမွာ တရားသူႀကိးတစ္ေယာက္က စစ္ေဆးေမးျမန္းသလို အေျခအေနကို တူးဆြလိမ့္မယ္လို႔ သုံးသပ္ရပါတယ္ ။ စစ္ေကာင္စီကို ညႇိႏႈိင္းမႈ႕ေတြနဲ႔ ေျခစမ္းႏိုင္ပါတယ္ ။
စစ္ေကာင္စီကိုယ္စားလွယ္ရဲ႕ လုပ္ပိုင္ခြင့္က ျမန္မာ့ေရွ႕ေရးကို ပုံေဖာ္ပါလိမ့္မယ္ ။ ဒီအစည္းအေဝးရဲ႕ အေျခအေနကိုၾကည့္ၿပီး အေမရိကန္ဟာ ျမန္မာ့အေရးအတြက္ ” ႏု မလား ၊ ၾကမ္း မလား …” ဆိုတာေတာ့ ေငြေရာင္ပိတ္ကားေပၚမွာ ဆက္လက္ၾကည့္ရႈ႕ၾကပါစို႔ …..။
ဘႀကီးေအာင္ LA
————-
သတင်းတွေက ဆက်စပ်နေတယ် ။ အရှိန်လည်းရလာတယ် ။ ပြီးခဲ့တဲ့ ၃ ရက်လောက်က ကုလအဖွဲ့ကို မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကို မဖြစ်မနေ ပြန်လည်လျှောက်လှမ်းဖို့ အမြန်ဆုံးစီစဉ်ပါလို့ အမေရိကန်က တိုက်တွန်းလိုက်တယ် ။
မနေ့က ကုလသတင်းမှာတော့ စစ်ကောင်စီဟာ ၆ လကြာအာဏာသိမ်းပြီးတဲ့နောက် ၊ မြန်မာရဲ့အခြေအနေဟာ အဆိုးဘက်ကို ဦးတည်နေပြီ ၊ မဖြစ်မနေ ဖြေရှင်းရတော့မယ်လို့ ဆိုလိုက်တယ် ။
လူ့အခွင့်အရေးကောင်စီက မြန်မာစစ်တပ်ဟာ ရာဇဝတ်မှု့တွေ ဆက်လက်ကျူးလွန်နေတယ်လို့ ကြေငြာလိုက်တယ် ။ဒီေ န့သတင်းမှာတော့ ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ အရှေ့တောင်အာရှခရီးကို ရှင်းပြထားပါတယ် ။ သြဂုတ်လ ၂ ရက်ကနေ ၆ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံအစည်းအဝေးကို ဘရူနိုင်းနိုင်ငံက တာဝန်ယူကျင်းပမှာပါ ။ မဲခေါင်းမြစ်ဝှမ်း နိုင်ငံများ အစည်းအဝေးဖြစ်ပေမယ့် ၊ မြန်မာ့အရေးကိုလည်း အထူးပြဿနာအနေနဲ့ ဆွေးနွေးမှာပါ ။
ဒီအစည်းအဝေးကို တရားသူကြီးအနေနဲ့ တက်ရောက်မယ့်သူက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ပါ ။ သူ့ရဲ့ခရီကို” အာဆီယံတရားရုံးနှင့် တွေ့ဆုံခြင်း “လို့ အမည်ပေးထားပါတယ် ။ အထူးဧည့်သည်တော်အနေနဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကိုလည်း ဖိတ်ကြားထားပါတယ် ။
” အာဆီယံကို ဘာ့ကြောင့် ဆက်နွယ်နေရသလဲ ” ဆိုတဲ့ ရိုက်တာသတင်းထောက်ရဲ့ မေးခွန်းကို ဘလင်ကန် ပြန်ပြောခဲ့တာက” မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ မကောင်းတဲ့အပြုအမူတွေကြောင့် ငါတို့ အာဆီယံကို ပစ်ပယ်ထားလို့ မရသေးဘူး ” လို့ ပြန်ဖြေခဲ့တာပါ ။
ဘလင်ကန်လာခါနီးအချိန်မှာပဲ ဂျာကာတာပိုစ့် သတင်းဌာနက မာဇူကီဒါယုစမန် ( MARZUKI DARUSMAN ) ရဲ့ ဆောင်းပါးနဲ့ ဘလင်ကန်နဲ့ အာဆီယံနိုင်ငခေါင်းဆောင်တွေကို သတိပေးလိုက်ပါတယ် ။ ဆောင်းပါးအကျဉ်းချုပ်ကတော့
” မြန်မာရဲ့ အကျပ်အတည်းကို ဘယ်လိုတုန့်ပြန်မလဲ ။ဂျာကာတာအစည်းအဝေးမှာ မြန်မာစစ်ဗိုလ်ချုပ်တွေ ကတိပေးခဲ့တဲ့ အချက် ၅ ချက်ဟာ သုံးလကျော်ကြာသည်အထိ ထူးခြားမလာခဲ့ပါ ။မြန်မာရဲ့အခြေအနေဟာ သိသိသာသာ ဆိုးရွားနေတာပါ ။
လမ်းမတွေပေါ်နဲ့သုသာန်တွေမှာ ရုပ်အလောင်းတွေ စုပုံနေပါတယ် ။ အချက် ၅ ချက်ဟာ စာရွက်တစ်ရွက်ထက် ပိုမလာသေးပါဘူး။ကပ်ရောဂါဟာ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်နေပါတယ် ။အချက် ၅ ချက်ထဲမှာ လူသားချင်းစာနာမှု့အကူအညီတွေ ပေးအပ်မယ်လို့ ကတိပေးထားပေမယ့် ၊ အောက်ဆီဂျင်တန်းစီစောင့်ဆိုင်းနေသူတွေကို ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ် ။
အခုလာမယ့် အာဆီယံအစည်းအဝေးမှာလည်း ၊ မြန်မာနိုင်ငံကို အာဆီယံကိုယ်စားလှယ်လွှတ်ဖို့ အချိန်ဆွဲနေဦးမယ်လို့ ယူဆရပါတယ် ။ဒီအစည်းအဝေးမှာ အာဆီယံဟာ မြန်မာ့အရေးအတွက် ဘာဆက်လုပ်ရမယ်ဆိုတာ မသိသေးဘူးဆိုရင် အာဆီယံလုပ်ရမှာတွေက- မြန်မာပြည်သူများအတွက် အသက်ကယ် ၊ အကူအညီပေးဖို့ နယ်နိမိတ်တွေကို ဖွင့်လှစ်ထားပေးရမယ် ။
– ဒေသတွင်း ကျမ်းမာရေးအကူအညီ ဝန်ဆောင်သူများအား ဝင်ရောက်ခွင့်ပြုရမယ် ။- အကူအညီပေးသူတွေကို ဘေးကင်းလုံခြုံစွာ ထားရမယ် ။- အာဆီယံဟာ မြန်မာ့အရေးအတွက် အချိန်ဖြုန်းဖို့ မလိုတော့ပါဘူး ။
– ဒီကိစ္စတွေကို အာဆီယံဥက္ကဋ္ဌနဲ့ အတွင်းရေးမှုးက တာဝန်ယူရပါမယ် ။ဒါတွေကတော့ ဆောင်းပါးရှင်ရဲ့ အကြံပြုချက် ၊ တောင်းဆိုချက်တွေကို ကောက်နုတ်ထားတာပါ ။ ဆောင်းပါးရှင်ဟာ သာမန်စာရေးသူတစ်ယောက် မဟုတ်ပါဘူး ။ အာဏာသိမ်းပြီးချိန်ကတည်းက ” မြန်မာ့အရေးအတွက် အာဆီယံအကြံပေးကောင်စီကို တည်ထောင်သူပါ ။
ကောင်းပြီ ….။ မြန်မာ့အရေး ဘယ်လိုအခြေအနေရှိသလဲဆိုရင် ၊ ဒီမိုကရေစီကို မဖြစ်မနေ ပြန်လည်လျှောက်လှမ်းပါမယ် ။ ကုလသမဂ္ဂအဖွဲ့ကြီးက ကြိူးပမ်းနေသလို အမေရိကန်ကလည်း ထဲထဲဝင်ဝင် လှုပ်ရှားလာပါပြီ ။ သိတဲ့အတိုင်းပါဘဲ ။ ကမ္ဘာကြီးဟာ နိုင်ငံပေါင်းများစွာ တည်ရှိနေပေမယ့် ၊ ကမ္ဘာကြီးကို သွယ်ဝိုက်အုပ်ချုပ်နေတာက အမေရိကန်ပါ ။
ဓနအင်အား ၊ စစ်အင်အား ၊ နည်းပညာ ၊ ဥပဒေခိုင်မာတဲ့နိုင်ငံပါ ။ ဒီနိုင်ငံက မြန်မာ့အရေးကို အင်တိုက်အားတိုက် ပါဝင်လာတာဟာ မြန်မာပြည်သူတွေအတွက် အားရစရာကောင်းပါတယ် ။ ဘလင်ကန်ဟာ အာဆီယံတရားရုံးနဲ့ တွေ့ဆုံမယ်လို့ ပြောထားတာဟာလည်း စိတ်ဝင်စားစရာကောင်းလှပါတယ် ။
သုံးသပ်ရရင် …၊
ဘလင်ကန်ဟာ စစ်ကောင်စီကိုယ်စားလှယ်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှာပါ ။ တရားရုံးမှာ တရားသူကြိးတစ်ယောက်က စစ်ဆေးမေးမြန်းသလို အခြေအနေကို တူးဆွလိမ့်မယ်လို့ သုံးသပ်ရပါတယ် ။ စစ်ကောင်စီကို ညှိနှိုင်းမှု့တွေနဲ့ ခြေစမ်းနိုင်ပါတယ် ။
စစ်ကောင်စီကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်က မြန်မာ့ရှေ့ရေးကို ပုံဖော်ပါလိမ့်မယ် ။ ဒီအစည်းအဝေးရဲ့ အခြေအနေကိုကြည့်ပြီး အမေရိကန်ဟာ မြန်မာ့အရေးအတွက် ” နု မလား ၊ ကြမ်း မလား …” ဆိုတာတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ကြည့်ရှု့ကြပါစို့ …..။
ဘကြီးအောင် LA