နွေဦးတော်လှန်ရေးဟာ သက်သေလိုသေးလို့လား…???

နွေဦးတော်လှန်ရေးဟာ သက်သေလိုသေးလို့လား

တနိုင်ငံလုံး သန်း၄၀,မက ဝါးလုံးကွဲ အုံးအုံးကျွတ်ကျွတ်နဲ့ NUG CRPH NLD အမေစု ပြည့်သူ့အစိုးကို ထောက်ခံနေတာ တကမ္ဘာလုံးလည်း မြင်ကြား သိပြီးပြီ

ယခုလိုအချိန် စစ်ဘေး ရောဂါဘေး အငတ်ဘေး အင်တာနက်ဘေး မအလခွေးတွေဘေးမှနေ ပြည်သူဟာ ပြေးလွှားပြီး ဒုက္ခမျိုးစုံရောက်နေကြတာ/ တာကိုလည်း တကမ္ဘာလုံး တွေ့မြင်နေတယ်

ဒါကို NUG အစိုးရကို ထောက်ခံတဲ့ လက်မှတ်တွေ ရေးထိုးပေးပါ ပို့ပေးပါဆိုပြီး နိုင်ငံတွေက အွန်လိုင်းကနေ တောင်းဆိုနေတယ်

ဒီနိုင်ငံဟာ ပြည်သူ သန်း၄၀မှာ ၂၅သန်းလောက်က နည်းပညာမသိ ဝေးပြီး မသိ မတတ် နားမလည်သူတွေဖြစ်တဲ့အပြင် အခုလို အချိန်မှာ စစ်ဘေး ရေဘေ အငတ်ဘေးကနေ တောတောင် ထဲမှာရော ပြေးလွှား ပုန်းခို လှုပ်ရှားနေသူတွေနဲ့ နည်းမျိုးစုံ အကြောင်းအရာ ပေါင်းစုံနဲ့ ဒုက္ခရောက်နေသူတွေ ယခုအပိုင်းကို နားမလည် မလုပ်တတ်သူတွေ တပုံကြီးရှိတယ်

ကိုရီးယားဆို ကိုရီးယားဘာသာတွေနဲ့ ဒီက လူတွေ တိုင်ပတ်ပြီပေါ့ ဒီတော့နားမလည်တာက နိုင်ငံရဲ့ လက်ရှိ အခြေနေကိုလည်း သူတို့သိတယ် ခုထိ စကစကို လက်မခံပဲ တွန်းလှန်နေပြီး တနိုင်ငံလူံး NUG ကို ထောက်ခံ အားကိုး ဝန်းရံနေတယ်ဆိုတာလည်း သူတိူ့သိတယ်

မသိတာက စောက်လိုက်ကန်းဆိုးပဲ ခုချိန် မြန်မာလူမျိုးတွေ ဒုက္ခရောက်နေတယ်ဆိုတာ သူတို့အသိဆုံး ဒါကို ခုထိ

– စကစရဲ့ အကြမ်းဖက်မှုတွေ မြင် ကြားသိနေရဲ့ သားနဲ့ သက်‌သေတွေ တောင်းဆိုနေတယ် ပေးပို့ရတယ်

– ပြည်သူတွေ စကစကို ခုထိ တော်လှန်နေတယ် NUG ကို ထောက်ခံနေတယ်
– မြန်မာပြည်လူထုဟာ နည်းပညာ အသိပညာနည်း တဲ့ လူတန်းစားအပြင် အဖက်ဖက်ကနေ ဒုက္ခရောက်နေတယ်ဆိူတာ သိရဲ့ တရားဝင် အသိမှတ်ပြုဖို့ လက်မှတ်ထိုးပေးကြပါဆိုပြီး တောင်းဆိုနေတာက မလွန်လွန်းဘူးလားဗျာ

ဒီတော့ပြောမယ် ဒါဟာ တရားဝင်ဖြစ်အောင် စည်းဘောင်ကနားတွေနဲ့ ဥပဒေအရ လုပ်ရတာပါဆိုလည်း တကမ္ဘာလုံးသိမြင်နေတဲ့ ဒီဒုက္ခဘေးဆိုးကြီးကြ မမြင်ချင်ယောင်ဆောင်ပြီး စည်းဘောင်ထဲက ဘာမှလုပ်မပေးတဲ့အပြင် ပြည်သူကို NUG ကို ထောက်ခံတာ သေချာလားလို့ မျက်စိမှတ် ဓားထောက် မေးနေသလိုဖြစ်နေတယ် တနည်း ပြည်သူကို ပေါ်တင်လိမ်ညာပြီး စကစလို သိရဲ့ အစ်မေးနေသလို ထုတ်ပြန်နေသလို ဖြစ်နေတယ်

ဒီတော့ စဉ်းစားပေါ့ နည်းပညာ ဉာဏ်ပညာ မြင့်တဲ့ နိုင်ငံတွေအနေနဲ့ ဒီလောက်အမှန်တရားကြီး တွေ့နေတာတောင် သိသိရဲ့ ဂျပိုးလား လိပ်လား ပြည်သူကို ရိုက်နှပ်စစ်မေးနေပြီး ထောက်ခံစာတောင်းနေတဲ့ နိုင်ငံအဖွဲ့စည်းတွေဟာ အင်မတန်မှ စိတ်ပျက်ဖွယ်ကောင်းပြီး ဥပဒကိူ လက်တလုံးကြား လုပ်စားနေကြတယ်ဆိုတာ

နားလည်မှုမရှိ ကူညီဖေးမမှုမရှိ စာနာမှုမရှိ ပြည်သူ့လက်မှတ်ပါမှ ထောက်ခံလို့ ကူညီလို့ တရားဝင်မှာဆိုတဲ့ အချက်နဲ့ လုပ်ဆောင်နေတာ မှန်သော်လည်း နိုင်ငံရဲ့ လက်ရှိအခြေနေကို ကြည့်ပြီး ဆုံးဖြတ်ပြီးမှ ပြည်သူအတွက် မှန်ကန်တဲ့ အမှုအရာကို လုပ်ဆောင်ပေးရမှာကို ခုကြ ရေနစ်သူကို ဝါးကူထိုးနေသလိုမျိုး ဂျပိုးဟု အပြတ်သားဆုံးမြင်နေရတာကို ကန်းယောင်‌ဆောင်ပြီး လိပ်ဟု စွတ်စွဲပြီး မှန်ကန်ကြောင်း ထောက်ခံစာတောင်းနေတာကတော့

အခြေနေ အဖြစ်ပျက်တွေ အပေါ်မူတည်ပြီး မဖြစ်သင့်တော့ဘူးဟု နည်းပညာနဲ့ အတွေးခေါ် အသိ ဉာဏ်မြင့်နိုင်ငံတွေကို တကယ်အံ့ဩပြီး မေးချင်သား ဒီလိုလက်မှတ်တွေ တောင်းဆိုခြင်းဟာ တရားဝင်အတွက် တရားဥပဒေအရဆိုရင်လည်း ခုကို ဒုက္ခရာက်နေတာတွေနဲ့ အရင်က တော်လှန်ရေးပုံရိပ်တွေ ယခု လုပ်ဆောင်မှုတွေ အဖြစ်ပျက်တွေကို သိမြင်နေပြီး ဘာကြောင့် ထိုတရားဥပဒေဘောင်ထဲကနေ ကူညီလို့ရရဲ့သားနဲ့ မကူညီကြပဲ

မျက်မြင်သက်သေနဲ့ ဖြစ်ရပ်တွေကို မကြည့်ပဲ မသိယောင် ဆောင်ပြီး တရားဝင်အတွက် ထောက်ခံစာ လိုကြောင်းတောင်းနေသလဲ မစဉ်းစားတတ်အောင် ဖြစ်ရတယ် ဘာနဲ့အလားသဏ္ဍန် တူသလဲဆိုရင် ရပ်ကွက်ရုံးကို စာရိတ္တကောင်းကြောင်း ထောက်ခံစာ တောင်းနေ ပေးနေရသလိုပါပဲ ကိုယ့်ငွေကိုယ်ပေး အတောင်းခံပြီးတော့ တကယ့် ဘရုတ်တွေပါဗျာ အလိမ်ညာ လောက ကမ္ဘာကြီးပါ

ခုထိ ခံနေရတာ ပြည်သူပါ ဒါကို ခုထိ မှန်ကန်ကြောင်း သက်သေပြ ပြောနေရတယ် 😄😁
မင်းကြည် ညိုနေ 🕊️