
“မိုးကြီးနိုင်သောနေရာများ သတိပေးနှိုးဆော်ချက်နှင့်တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက် ”
“(၃၁-၇-၂၀၂၁)ရက်နေ့မှ (၆-၈-၂၀၂၁)ရက်နေ့ထိ”
(Warning for Heavy Rainfall Potential Area and Weekly Forecast )”
၃၁.၇.၂၀၂၀ ည ၇ နာရီ ၅၁ မိနစ်
“မုတ်သုံလေအခြေအနေ”
ယခုတစ်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်တို့မှာ မုတ်သုံလေဟာ အားအသင့်အတင့်မှ အားကောင်းနေအုံးမှာ ဖြစ်ပါတယ်ခင်ဗျာ။
မုန်တိုင်းဖြစ်ပေါ် နိုင်မှုအခြေအနေခန့်မှန်းချက်
ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှာ ယခုတစ်ပတ်အတွင်း လေထုမငြိမ်သက်မှုလောက်သာဖြစ်နိုင်ပြီး မုန်တိုင်းဖြစ်ပေါ်ရန်အလားအလာကတော့ မရှိသေးဘူးလို့ပဲ ခန့်မှန်းပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာကတော့ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး ဆက်လက်အားကောင်းလာပြီးနောက် မုန်တိုင်းငယ် Depression အဆင့်သို့ ရောက်ရှိလာနိုင်သော်လည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျား နိုင်တဲ့အနေအထားတော့ မရှိဘူးလို့ပဲ ခန့်မှန်းတွက်ချက်ရရှိထားပါတယ် ခင်ဗျာ။
မြေပြင်မိုးလေဝသအခြေအနေဆန်းစစ်ချက်
ထိုင်းနိုင်ငံ မိုးလေဝသဌာနမှ ထုတ်ပြန်သော မြေပြင်မိုးလေဝသအခြေအနေပြပုံအား ဆန်းစစ်ကြည့်သောအခါ မြန်မာနိုင်ငံအပေါ် Isobar lineများ ခပ်စိပ်စိပ်ဖြတ်နေတာကိုတွေ့ရပါတယ်။
လေထုဖိအားများကို ဆန်းစစ်ကြည့်ရာမှာလဲ အိန္ဒိယနိုင်ငံအရှေ့ပိုင်းနှင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတို့မှာ Low cellများတစ်လုံးစီဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။
မိုးရွာသွန်းနိုင်မှု အခြေအနေ ကြိုတင်ခန့်မှန်းချက်”
ယခုတစ်ပတ်အတွင်းမှာ ၁ ရက်နေ့မှ ၃ရက်နေ့အတွင်း နေ့အလိုက် နေရာဒေသအပေါ်မူတည်ပြီး အောက်ပါနေရာများမှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်…
မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြီးနိုင်သော နေရာများ
ကတော့ တနင်္သာရီတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှာ မိုးသည်းထန်စွာရွာသွန်းကာ နေကွက်ပြီး မိုးကြီးတာမျိုးလဲဖြစ်နိုင်ပါတယ် ခင်ဗျာ။
အဆိုပါရက်များမှာ မိုးနည်းရပ်ဝန်းဖြစ်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့မှာလဲ နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးရရှိနိုင်ပါတယ်။
ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာတော့ မနက်ဖြန်၁ရက်နေ့မှာပဲ မိုးများစွာရွာသွန်းနေမှာဖြစ်ပြီး ၂ရက်နေ့မှစပြီးနောက်ပိုင်းမှာ မိုးရွာသွန်းမှု အနည်းငယ်လျော့နည်းသွားနိုင်ပါတယ်။
ကျန်တိုင်းဒေကြီးနှင့်ပြည်နယ်တို့မှာတော့ နေရာစိပ်စိပ်မိုးရွာသွန်းနိုင်တယ်လို့တော့ ခန့်မှန်း တွက်ချက်ရရှိထားပါတယ် ခင်ဗျာ။
မှတ်ချက် ။ မြန်မာနိုင်ငံတောင်ပိုင်းမွန်၊ကရင်၊တနင်္သာရီတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့်ရခိုင်ပြည်နယ်တို့မှာ နေ့စဥ်စိုထိုင်းဆများ (Humidity)ဆက်လက် မြင့်တက်နေဆဲဖြစ်ပါတယ်။
ထို့ကြောင့် ရာသီတုပ်ကွေးဖြစ်နိုင်ခြင်း၊ အအေးမိ နှာရည်ယို နှာပိတ်ခြင်းနှင့် COVID 19ကဲ့သို့ရောဂါများရှင်သန် ပေါက်ဖွားမှုနှုန်း ဆက်လက်မြင့်တက်နေနိုင်သောကြောင့်
နွေးနွေးထွေးထွေး နေထိုင်းခြင်း၊ ရေနွေးချမ်းနှင့် စွတ်ပြုတ်ကဲ့သို့သောအရာများကို ပူပူနွေးနွေး သောက်သုံးခြင်းများကိုပြုလုပ်ကြဖို့ကိုလဲ ဆက်လက်အကြံပြုတင်ပြလိုပါတယ် ခင်ဗျာ။
စိုက်ပျိုးရေးပြုလုပ်မည့် တောင်သူများ၊အုပ်လုပ်ငန်းလုပ်ကိုင်နေသူများ၊ ဆားလုပ်ငန်း လုပ်ကိုင်နေသူများ၊ရေလုပ်သားများအနေဖြင့် ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်လာနိုင်သော ရာသီဥတု အခြေအနေများကို ကြိုတင်
သိရှိနားလည်ပြီး မိမိတို့ရဲ့ လုပ်ငန်းလိုအပ်ချက်များအပေါ်မှုတည်ပြီး လိုအပ်သလိုဆက်လက်လုပ်ဆာင်နိုင်အောင် ကြိုတင်ခန့်မှန်းထုတ်ပြန် တင်ပြပေးလိုက်ပါတယ် ခင်ဗျာ။
တောင်သူဦးကြီးများလဲ သီးနှံပင်များအထွက်တိုးပြီး မြေကြီးကရွှေသီးသလို အောင်မြင်ဖြစ်ထွန်းပြီး တိုးတက် ကြီးပွားကြပါစေ….
ဝေဖြိုးဟန်( လေကြောင်းမိုးလေဝသ)