မနေ့က ညနေပိုင်းမှာ မန္တလေးမြို့တွင် ရွှေဆိုင်ကို အနုကြမ်းဝင်စီးတာကြောင့် အသက်ပါဆုံးရှုံးသွားရတဲ့ သားအမိနှစ်ယောက်ရဲ့ဖြစ်စဉ်

{"uid":"168D9ABC-E037-4F23-B30D-96AD2A4DED60_1621924958323","source":"other","origin":"unknown"}

(၃)လနီးပါးကြာမြင့်နေပြီဖြစ်တဲ့ ဒီအခြေအနေကြီးမှာ ပြည်သူတွေဘက်ကလည်း အသက်ပေါင်းများစွာကို ရင်းနှီးလိုက်ရတဲ့အပြင် စီးပွါးရေး၊အလုပ်အကိုင်တွေလည်း ကြပ်တည်းကုန်တာဖြစ်ပါတယ်။လက်လုပ်လက်စားပြည်သူတွေကတော့ တစ်နေ့တာစားသောက်ဖို့အတွက်တောင် အနိုင်နိုင်ဖြစ်နေပြီး အဆင်မပြေကြလို့ စေတနာရှင်ပြည်သူတချို့က ကူညီလှူဒါန်းနေကြတာဖြစ်ပါတယ်။အခုရက်ပိုင်းတွေမှာဆိုရင်တော့ ဗုံးတွေပေါက်၊မီးတွေလောင်တဲ့အပြင် လုယက်မှုသတင်းတွေကိုလည်း ကြားနေရတာဖြစ်ပါတယ်။

မေလ(၂၄)ရက်နေ့၊မနေ့ကဆိုရင် မန္တလေးမြို့တွင် အနုကြမ်းစီးပြီးအသတ်ခံလိုက်ရတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်အကျဉ်းကတော့ ညနေ(၆)နာရီဝန်းကျင်လောက်မှာ ဆိုင်ကယ်တစ်စီးနဲ့လူနှစ်ယောက်ရောက်လာပြီး လေးထပ်တိုက်ထဲကို တစ်ယောက်ဝင်သွားတာဖြစ်ပါတယ်။ကျန်တစ်ယောက်ကတော့ လမ်းတောင်ဘက်ကနေ ဆိုင်ကယ်နဲ့အသင့်စောင့်နေတဲ့ အနေအထားဖြစ်ပါတယ်။မကြာခင်မှာပဲ လူတစ်ယောက်အော်သံကိုကြားရပြီး အဲ့ဒီအိမ်ထဲကလူတစ်ယောက်ပြေးထွက်လာကာ အသင့်စောင့်နေတဲ့ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်လို့ပတ်ဝန်းကျင်မျက်မြင်တွေဆီကသိရပါတယ်။

အကြောင်းအရာသေချာမသိရတာကြောင့် ပတ်ဝန်းကျင်ကသူတွေလည်း အိမ်ထဲကိုဝင်မကြည့်ရဲဘဲ နီးစပ်ရာအရန်မီးသတ်စခန်းကို အကြောင်းကြားလိုက်ကြတာဖြစ်ပါတယ်။(၈:၁၅)အချိန်မှာတော့ ရပ်ကွက်လူကြီး၊ပတ်ဝန်းကျင်အသိသက်သေများနဲ့ ရဲတပ်ဖွဲ့တို့ အိမ်အတွင်းဝင်ရှာဖွေရာ မြေညီထပ်တွင် အန်တီတစ်ယောက်နဲ့ကောင်လေးတစ်ယောက် သေဆုံးနေတာကိုတွေ့ခဲ့ရပါတယ်။သေဆုံးတဲ့သူတွေက ရွှေဆိုင်ပိုင်ရှင်တွေဖြစ်ပြီး လုယက်တဲ့အပြင်အသက်ကိုပါရန်ရှာခံလိုက်ရတာဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့လည်း အိမ်ထဲနေရင်တောင် အစစအရာရာဂရုစိုက်ပြီး သတိထားကြပါလို့ မေတ္တာနဲ့မှာကြားရင်း ဒီဖြစ်ရပ်ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

————-

(၃)လနီးပါးၾကာျမင့္ေနၿပီျဖစ္တဲ့ ဒီအေျခအေနႀကီးမွာ ျပည္သူေတြဘက္ကလည္း အသက္ေပါင္းမ်ားစြာကို ရင္းႏွီးလိုက္ရတဲ့အျပင္ စီးပြါးေရး၊အလုပ္အကိုင္ေတြလည္း ၾကပ္တည္းကုန္တာျဖစ္ပါတယ္။လက္လုပ္လက္စားျပည္သူေတြကေတာ့ တစ္ေန႔တာစားေသာက္ဖို႔အတြက္ေတာင္ အႏိုင္ႏိုင္ျဖစ္ေနၿပီး အဆင္မေျပၾကလို႔ ေစတနာရွင္ျပည္သူတခ်ိဳ႕က ကူညီလႉဒါန္းေနၾကတာျဖစ္ပါတယ္။အခုရက္ပိုင္းေတြမွာဆိုရင္ေတာ့ ဗုံးေတြေပါက္၊မီးေတြေလာင္တဲ့အျပင္ လုယက္မႈသတင္းေတြကိုလည္း ၾကားေနရတာျဖစ္ပါတယ္။

ေမလ(၂၄)ရက္ေန႔၊မေန႔ကဆိုရင္ မႏၲေလးၿမိဳ႕တြင္ အႏုၾကမ္းစီးၿပီးအသတ္ခံလိုက္ရတဲ့ျဖစ္ရပ္တစ္ခု ျဖစ္ပြါးခဲ့တာျဖစ္ပါတယ္။ျဖစ္စဥ္အက်ဥ္းကေတာ့ ညေန(၆)နာရီဝန္းက်င္ေလာက္မွာ ဆိုင္ကယ္တစ္စီးနဲ႔လူႏွစ္ေယာက္ေရာက္လာၿပီး ေလးထပ္တိုက္ထဲကို တစ္ေယာက္ဝင္သြားတာျဖစ္ပါတယ္။က်န္တစ္ေယာက္ကေတာ့ လမ္းေတာင္ဘက္ကေန ဆိုင္ကယ္နဲ႔အသင့္ေစာင့္ေနတဲ့ အေနအထားျဖစ္ပါတယ္။မၾကာခင္မွာပဲ လူတစ္ေယာက္ေအာ္သံကိုၾကားရၿပီး အဲ့ဒီအိမ္ထဲကလူတစ္ေယာက္ေျပးထြက္လာကာ အသင့္ေစာင့္ေနတဲ့ဆိုင္ကယ္နဲ႔ ထြက္ေျပးသြားတယ္လို႔ပတ္ဝန္းက်င္မ်က္ျမင္ေတြဆီကသိရပါတယ္။

အေၾကာင္းအရာေသခ်ာမသိရတာေၾကာင့္ ပတ္ဝန္းက်င္ကသူေတြလည္း အိမ္ထဲကိုဝင္မၾကည့္ရဲဘဲ နီးစပ္ရာအရန္မီးသတ္စခန္းကို အေၾကာင္းၾကားလိုက္ၾကတာျဖစ္ပါတယ္။(၈:၁၅)အခ်ိန္မွာေတာ့ ရပ္ကြက္လူႀကီး၊ပတ္ဝန္းက်င္အသိသက္ေသမ်ားနဲ႔ ရဲတပ္ဖြဲ႕တို႔ အိမ္အတြင္းဝင္ရွာေဖြရာ ေျမညီထပ္တြင္ အန္တီတစ္ေယာက္နဲ႔ေကာင္ေလးတစ္ေယာက္ ေသဆုံးေနတာကိုေတြ႕ခဲ့ရပါတယ္။ေသဆုံးတဲ့သူေတြက ေ႐ႊဆိုင္ပိုင္ရွင္ေတြျဖစ္ၿပီး လုယက္တဲ့အျပင္အသက္ကိုပါရန္ရွာခံလိုက္ရတာျဖစ္ပါတယ္။ျပည္သူေတြအေနနဲ႔လည္း အိမ္ထဲေနရင္ေတာင္ အစစအရာရာဂ႐ုစိုက္ၿပီး သတိထားၾကပါလို႔ ေမတၱာနဲ႔မွာၾကားရင္း ဒီျဖစ္ရပ္ကိုျပန္လည္မွ်ေဝေပးလိုက္ပါတယ္။