
အမှောင်ခေတ်ကနေ လွတ်မြောက်အောင် ကယ်တင်ဖို့ ဒေါ်အောင်ဆန်းစုကြည် အစိုးရက ကြိုးစားခဲ့ပေမယ့်
ဆယ်နှစ် သက်တမ်းသာ ရှိသေးတဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ကြားဖြတ်ပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ ခြောက်လပြည့်သွားချိန်မှာ မြန်မာပြည်သူတွေဟာ လွတ်လပ်ခွင့်နဲ့ အသက်ရှင် ရပ် တည်ရေးအတွက် တိုက်ပွဲဝင်နေကြရဆဲပါ။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲအပြတ်အသတ်နဲ့ နောက်တစ်ကြိမ်အနိုင်ရခဲ့ပေမယ့် မဲမသမာမှုတွေရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ NLD အစိုးရကို စစ်တပ်က ဖယ်ရှားခဲ့တာ ခြောက်လပြည့်ခဲ့ပါပြီ။
မြန်မာပြည်သူ ၅၄ သန်းကို အမှောင်ခေတ်ကနေ လွတ် မြောက်အောင် ကယ်တင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်တဲ့၊ နုနယ်အားနည်းသေးတဲ့ အရပ်သားအစိုးရက ကြိုးစားခဲ့ပေမယ့် မြန်မာပြည်ဟာ အမှောင်ခေတ်ကို ပြန်ပြီး သက်ဆင်းခဲ့ရပါပြီ။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကို ပြည်သူအများစုက လက်မခံဘဲ ဆန့်ကျင်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲတွေကို စစ်ကောင်စီက အင်အားသုံး ချေမှုန်း ခဲ့သလို အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြတဲ့ ပြည်သူ့ဝန် ထမ်းတွေကိုလည်း အစုလိုက်အပြုံလိုက် ဖမ်းဆီး ဖြိုခွဲခဲ့ပါတယ်။ အရပ်သားပြည်သူ ကိုးရာကျော် သတ်ဖြတ်ခံရပြီး ၅၄၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။
NLD အစိုးရ အောင်အောင်မြင်မြင် လုပ်ဆောင်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ထိန်းချုပ်ရေးဟာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ဒုက္ခ သည်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး စားနပ် ရိက္ခာ အခက်အခဲ ကြုံတွေ့နေရတဲ့ ကြားကပဲ ကပ်ရောဂါ တတိယလှိုင်းရဲ့ ခြိမ်းခြောက်မှုကို တစ်နိုင်ငံလုံး ခံစားနေရပါတယ်။
လက်ရှိစစ်ကောင်စီအနေနဲ့ ကပ်ရောဂါအရေးကို လျစ် လျူရှုထားတာ၊ သတင်းမီဒီယာတွေကို ဖိနှိပ်တာ၊ စီးပွား ရေးစီမံခန့်ခွဲမှု မှားယွင်းတာတွေဟာ အရင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး (နဝတ) ကောင်စီရဲ့ ၁၉၈၈ – ၁၉၉၇ ကာလ လုပ်ရပ်တွေနဲ့ တူညီနေတယ်လို့ လေ့လာသူတွေက ဝေဖန်သုံးသပ် ကြပါတယ်။
မြန်မာနိုင်ငံရဲ့ နှစ် ၅၀ ကြာ စစ်တပ်အုပ်ချုပ်မှုဟာ ၂၀၁၁ ခုနှစ်မှာ တစ်စိတ်တစ်ပိုင်း အဆုံးသတ်ခဲ့ပေမယ့် ၁၀ နှစ်အကြာမှာ ပြန်ပြီး ပေါ်ထွက်လာပါပြီ။
Credit – DHA NA