တရုတ်ကလည်း ရုရှားဆီ တင့်ကားတွေပြန်ပို့၊ ဘာတွေဖြစ်နေကြတာလဲ…

Type-96 ပင်မတိုက်ပွဲဝင်တင့်ကားတွေအပါအဝင် အခြားစစ်ဘက်ဆိုင်ရာ ကျည်ကာယာဉ်များ၊ စစ်လက်နက်ပစ္စည်းများကို ရထားပေါ်တင်ဆောင်လျက် ရုရှားဆီကို ရောက်ရှိလာတယ်လို့သိရှိရပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ၎င်းတင့်ကားတွေနဲ့ အမှတ် ၇၅ ကြည်းတပ်ဖွဲ့တွေဟာ International Army Games 2021 အတွက် ရောက်လာတာဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။

ရထားကို အကောက်ခွန်အရာရှိတွေဟာ လုပ်ထုံးလုပ်နည်းအတိုင်း စေ့စေ့စပ်စပ်စစ်ဆေးခဲ့တယ်လို့လည်းဆိုပါတယ်။

တရုတ်တပ်မတော်ဟာ International Army Games 2021 ပြိုင်ပွဲ ၃ ပွဲကို တရုတ်မှာ ဩဂုတ် ၂၂ ကနေ စက်တင်ဘာ ၄ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး

နောက်ထပ် ရုရှား၊ ဘီလာရုစ်၊ ဉဇဘတ်ကစ္စတန်နဲ့အီရန်တို့မှာ ကျင်းပမယ့် ၁၇ ပွဲကိုတော့ စေလွှတ်မှာဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်က ပြိုင်ပွဲကို Korla, Xinjiang Autonomous Region မှာ “Suvorov Attack”, “Clear Sky” နဲ့ “Safe Environment” လို့ အမည်ပေးထားတဲ့ ပြိုင်ပွဲ ၃ ပွဲကျင်းပပေးမှာဖြစ်ပြီး ရုရှား၊ ဘီလာရုစ်၊ အီရန်၊ ဗင်နီဇွဲလားနဲ့ ဗီယက်နမ်တို့ ပါဝင်မှာဖြစ်တယ်လို့သိရှိရပါတယ်။

———-

Type-96 ပင္မတိုက္ပြဲဝင္တင့္ကားေတြအပါအဝင္ အျခားစစ္ဘက္ဆိုင္ရာ က်ည္ကာယာဥ္မ်ား၊ စစ္လက္နက္ပစၥည္းမ်ားကို ရထားေပၚတင္ေဆာင္လ်က္ ႐ုရွားဆီကို ေရာက္ရွိလာတယ္လို႔သိရွိရပါတယ္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ ၎တင့္ကားေတြနဲ႔ အမွတ္ ၇၅ ၾကည္းတပ္ဖြဲ႕ေတြဟာ International Army Games 2021 အတြက္ ေရာက္လာတာျဖစ္တယ္လို႔ထုတ္ျပန္ပါတယ္။

ရထားကို အေကာက္ခြန္အရာရွိေတြဟာ လုပ္ထုံးလုပ္နည္းအတိုင္း ေစ့ေစ့စပ္စပ္စစ္ေဆးခဲ့တယ္လို႔လည္းဆိုပါတယ္။

တ႐ုတ္တပ္မေတာ္ဟာ International Army Games 2021 ၿပိဳင္ပြဲ ၃ ပြဲကို တ႐ုတ္မွာ ဩဂုတ္ ၂၂ ကေန စက္တင္ဘာ ၄ ရက္ေန႔အထိ က်င္းပမွာျဖစ္ၿပီး

ေနာက္ထပ္ ႐ုရွား၊ ဘီလာ႐ုစ္၊ ဉဇဘတ္ကစၥတန္နဲ႔အီရန္တို႔မွာ က်င္းပမယ့္ ၁၇ ပြဲကိုေတာ့ ေစလႊတ္မွာျဖစ္တယ္လို႔ဆိုပါတယ္။

တ႐ုတ္က ၿပိဳင္ပြဲကို Korla, Xinjiang Autonomous Region မွာ “Suvorov Attack”, “Clear Sky” နဲ႔ “Safe Environment” လို႔ အမည္ေပးထားတဲ့ ၿပိဳင္ပြဲ ၃ ပြဲက်င္းပေပးမွာျဖစ္ၿပီး ႐ုရွား၊ ဘီလာ႐ုစ္၊ အီရန္၊ ဗင္နီဇြဲလားနဲ႔ ဗီယက္နမ္တို႔ ပါဝင္မွာျဖစ္တယ္လို႔သိရွိရပါတယ္။